ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၄၅

မင်မင်ရေ ညီမကို အကြံလေးပေးကြပါအုံးရှင့်

ညီမကောင်လေးနဲ့တွဲတာ ၅ နှစ်ရှိပီ တွဲတဲ့အချိန်မှာသူဖောက်ပြန်တာမျိုးမရှိခဲ့ဖူးဘူး

ဒါမယ့် တရက်မှာတော့ သူညီမကို အဆင်မပြေတာများနေလို့သူအေးဆေးနေမယ်ဆိုပြီး ညီမကိုထားသွားပါတယ်

သူထားသွားတဲ့နောက်မှာညီမလဲ စားမရအိပ်မရတဲ့ရက်တွေဆက်ခဲ့တယ်

အ့ချိန် ညီမသူ့ကိုပြန်လာဖို့ပြောတယ် သူပြန်လာမယ်တဲ့

သူ့ကိုအချိန်ပေးလို့ပြောခဲ့တယ် ညီမလဲသူ့ကိုစောင့်နေပေးခဲ့တယ်

သူညီမနဲ့အဆက်အသွယ်တော့လုပ်နေတုန်းဘဲ

ဒါမယ့်ညီမနဲ့အရင်လိုဆက်ဆံရေးမျိုးမရှိခဲ့ဘူး ၃ လလောက်ကြာတော့ သူ့မှာကောင်မလေးအသစ်ရသွားမှန်း ညီမသိလိုက်ရတယ်

ညီမသူ့ကိုပြောတယ် ညီမကိုအေးဆေးနေမယ်ဘဲပြောတာလေ နောက်တစ်ယောက်တောင်ထပ်ထားရတဲ့အထိဖြစ်သွားရလားပေါ့

သူလဲဘာမှပြန်မပြောဘူး ညီမသူ့ကိုချစ်နေတုန်း သူ့တွက်နေရာအမြဲရှိတယ်လို့ပြောနေခဲ့တယ်

နောက်တလလောက်နေတော့ သူညီမဆီပြန်လာတယ် သူအမှားကြီးမှားသွားတယ်ပေါ့

ညီမလက်ထပ်ဖို့ပြောခဲ့တယ်

တွဲလာတဲ့ rs သက်တမ်းတလျှောက်လုံး ညီမသူ့အပေါ်ဘယ်တုန်းကမှ ယုံကြည်မှုမပျက်ခဲ့ဖူးဘူး

ဒါမယ့် သူအ့လိုလုပ်လိုက်တော့ ညီမသူ့ကိုပြန်ယုံကြည်ဖို့တအားခက်ခဲနေတယ်

အချိန်တိုင်း သူ့ကိုသံသယတွေဘဲဝင်နေတယ်














