ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၄၆

သူနဲ့julyမှာစတွဲတာပါရှင့် september လောက်ကညီမတို့ပြသနာဖြစ်ပီးပြတ်သွားတယ်

သူကအရင်ကဆိုဆွဲထားတယ်ရှင့် အဲ့တစ်ခေါက်မှာမဆွဲထားတော့ဘူးညီမကို.. သူလဲပင်ပန်းလို့ထင်ပါရဲ့။

အဲ့နောက်ပိုင်းညီမသူ့ဆီပြန်သွားခဲ့တယ်မနေနိုင်လို့ သူကသူငယ်ချင်းလိုပဲနေမယ်

ညီမကိုလဲဆက်မခံစားစေချင်တော့သလို သူလဲစိတ်မဆင်းရဲချင်တော့ဘူးတဲ့…

ညီမတို့တွေသူစိမ်းလိုဖြစ်သွားကြတာ.. စကားတော့ပြောဖြစ်တယ်ခပ်ရှားရှားပါပဲ

ညီမသူ့ကိုတကယ်ချစ်ခဲ့တာပါ သူနဲ့ပြတ်ပီးနောက်ပိုင်းလုံးဝမေ့လို့မရခဲ့ဘူး..

Nov လဆန်းမှာသူ့ကိုထပ်ပြောခဲ့ပါတယ် ညီမခံစားရတာတွေရော, ပြန်တွဲဖို့လဲပြောပါသေးတယ်သူက

ဘာပြောလဲဆိုတော့လေ ဒီrsကိုသူကောင်းကောင်းတည်ဆောက်နိုင်မှာမဟုတ်ဘူး အဆင်ပြေမှာမဟုတ်ဘူးတဲ့ ဆက်သွားရင်။

ဒီrsကိုသူhandleလုပ်နိုင်မှာမဟုတ်ဘူးပြောတယ် ညီမကိုလဲမခံစားစေချင်ဘူးတဲ့..

၂ယောက်လုံးကောင်းဖို့အတွက်လုပ်တာပါ ခံစားရလဲခနပေါ့တဲ့ သူနဲ့ rs lifeကမဖြစ်ဘူး

သူ့ကိုယ်သူသိသွားပီတဲ့ ညီမကိုမချစ်တော့ဘူးလားမေးတော့ ချစ်တယ်တဲ့

သူ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုထိကိုညီမကပါဝင်တယ်တဲ့လေ။

သံယောဇဉ်လဲရှိတယ်တဲ့… ညီမဝမ်းမနည်းတော့ဘူး ညီမတို့ဆက်မတွဲတော့တာပဲရှိတာ ၂ယောက်လုံးတစ်ယောက်ကိုတစ်ယောက်စိတ်ထဲမှာရှိကြသေးတယ်..

သူနဲ့အဲ့ညကဖုန်းအကြာကြီးပြောပီးတော့ စိတ်ကအရမ်းသက်သာသွားတာ ညီမတို့နောက်ဆိုရင်းရင်းနှီးနှီးပဲနေသွားကြတော့မှာ သူငယ်ချင်းလို မောင်နှမလို…

သူ့ကိုတော့ချစ်နေတုန်းပဲ စိတ်ထဲမှာအမြဲအမှတ်ရနေမှာ။

ညီမထင်တယ် သူကအသက်ငယ်သေးတော့ rsတစ်ခုကိုဒီ့ထပ်ကောင်းအောင်တည်ဆောက်ဖို့ အချိန်ယူဖို့လိုသေးတယ်..

သူ့အနေနဲ့အခုအရွယ်မှာ rsရဲ့ဒဏ်တွေကိုမခံနိုင်ဘူးဆိုတာညီမသူ့ကိုနားလည်သွားပီရှင့်။

ဒီအချိန်မှာညီမတို့၂ယောက်လုံးကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကိုလုပ်တာပိုကောင်းမယ်

၂ယောက်လုံးအဆင်သင့်ဖြစ်တဲ့အချိန်ကြရင်ပြန်တွဲမယ်ဆိုတာစိတ်ထဲကသိနေတယ်ရှင်…


















