ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၄၉

ကျမ ရေးသားမဲ့ အကြောင်းအရာကတော့ ကျမဆီမှာ အမြဲ တိုင်ပင်နေတဲ့ ညီမလေးတစ်ယောက်အကြောင်းပါ

ခုချိန်မှာ ကျမတစ်ယောက်ထဲ နှစ်သိမ့်အားပေးနေတာထက်စာရင်

ဒီက မိတ်ဆွေအများစုရဲ့ အားပေးနှစ်သိမ့် ဝေဖန်တာလေးတွေကို သူကို မြင်စေချင် လို့ပါ

သူ့ က ခုဆို အသက် 40 စွန်းစွန်းပါ

အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ သူ့အလှ က မင်းသမီးရူံးလောက်အောင်ကို လှပါတယ်

မပြင်ဆင်ဘဲနဲ့ကို အကြည့်ခံတဲ့အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ ဆုတောင်းကောင်းသူလေးပါ ဘဲ

သူ့မှာ အများအားကျ လောက်စရာ မိသားစု လေးလဲရှိပါတယ်

ဂုဏ်သိက္ခာနဲ့အညီစည်းကမ်းအပြည့်နဲ့ နေထိုင်ကြတဲ့ မိသားစုလေးမို့ အများက ရိုသေလေးစားကြတဲ့ သူတွေပါ

သူ ငယ်စဉ်ထဲ က တင်းကြပ်တဲ့ အဖိုးအဖွားတွေနဲ့နေခဲ့ရပြီး

ဘာသာ ရေးကို အလေးထား မိန်းခလေးပီသဖို့ မိန်းခလေးတစ်ယောက်ရဲ့ အရယ်ဆုံးက အပြုံး ဆိုတာမျိုးနဲ့

နေထိုင်လာတဲ့ သူလေးမို့ သူကို မြင်လိုက်ရင် မာနကြီးသလို ထင်ရပေမဲ့ အေးချမ်းနေပါတယ်

သူ ဘဝ အကြောင်း ကျမ ကို ရင်ဖွင့်တော့….

သူ အထက်တန်းအရွယ်မှာ ကောင်လေးတစ်ယောက်နဲ့ မျက်လုံးချင်းအကြည့်ချင်းဆုံဖူးခဲ့တယ်တဲ့

အတန်းဖော်တွေနဲ့ မေးထူးခေါ်ပြော လိုအပ်မှသာပြောတဲ့သူလေးမို့ သူငယ်ချင်းဆိုတာ မရှိခဲ့သူလေးပါ

အကြည့်ချင်းဆုံရာကနေ

ရင်ထဲ စွဲနစ်စွာ ချစ်မိသွားတယ် အဲ့ကောင်လေးကလဲ သူ့ကို အမြဲကြည့်နေခဲ့တာပါတဲ့

သူတို့ အကြည့်ချင်းအမြဲဆုံနေကျမို့ စကားမပြောဖြစ်ပေမဲ့

တစ်‌ယောက်နဲ့တစ်ယောက် သိပ်ချစ်နေမိပြီဆိုတာ ခံစားလို့ရတယ် တဲ့လေ

တစ်နေ့ ကောင်မလေးက ကောင်လေးကို နောက်ကျောကနေကြည့်ရင်းခဲခြစ်ပုံကြမ်း ဆွဲနေတာကို

အတန်းဖော်ကမြင်ပြီး နင် အာ့တစ်ယောက်ကို ကြိုက်နေတာ အကုန်သိနေတာ

သူတို့ကလဲ ဟားနေတာ

တစ်ခန်းလုံးရယ်သံတွေနဲ့ အဲ့အချိန် ကောင်လေးကို လှမ်းကြည့်မိတော့

ကောင်လေးကလဲ သူ့အပေါင်းအသင်းတွေနဲ့ သူ့ကိုကြည့်ပြီး ရီမောဟားတိုတ်နေကြသလိုတွေ့တော့

အတန်းဖော်က နင်က မိန်းမနောက်ပိုးဘဲ ဆိုတဲ့ စကားကို ရှက်လွန်းလို့ ကောင်မလေးက

ကျောင်းခန်းထဲကနေ ဝေးသထက်ဝေးအောင် နေခဲ့မိတယ်တဲ့

အားကစားဘက်ကို ပါရင်း

စာသင်ချိန်တွေ မှာ အခန်းထဲရှိမနေရတော့လို့ စိတ်သက်သာရခဲ့ပေမဲ့ ရင်နှစ်အောင် ချစ်မိခဲ့တဲ့ သူ့နာမည်တောင် မသိခဲ့ဘူးတဲ့

ဒီလိုနဲ့ သူတို့ ဝေးခဲ့ပြီး 3 နစ်လောက်ကြာတော့

အဲ့ကောင်လေးက ကောင်မလေးရှေ့ရောက်လာခဲ့တယ်

ကောင်လေးကို သိပ်ချစ်တဲ့ကောင်မလေးက ကောင်လေးထပ်ပျောက်သွားမှာစိုးလို့

အရင်လို စကားမပြောဘဲမနေရဲတော့ဘဲ ကောင်လေးကို လက်ခံ ခဲ့တယ်

သိပ်ပျော်စရာ ကောင်းတဲ့ ချစ်သူတွေဘဝကို ဖြူစင်စွာ ဖြတ်သန်းခဲ့ကြတယ်

ကောင်လေးကလဲ အခွင့်အရေးမယူတတ်တဲ့ ယောင်္ကျားကောင်းလေး

ကောင်မလေးကို ဘယ်လောက်ချစ်သလဲဆို ဆုံးရူံးသွားမှာ အရမ်းကြောက်တဲ့အထိပါတဲ့

ဒါပေမဲ့ သူတို့ ချစ်လျှက်နဲ့ ဝေးခဲ့ကြတယ်

မိဘသဘောတူထားတဲ့သူရဲ့ မတရားနည်းနဲ့ အရယူမူကြောင့် ကောင်မလေးက ကောင်လေးနဲ့ ဝေးခဲ့ရတယ်

ပြဿနာက တရားသဖြင့်ယှဉ်ပြိုင်တာမဟုတ်ဘဲ ‌အနိုင်ယူခဲ့တဲ့ အိမ်ထောင်ရေးမို့

ဟန်ပြသက်သက် အမည်ခံသက်သက် နေခဲ့ကြတယ်

ကောင်မလေးက သူ အိမ်ထောင်ဖက်နဲ့ အတူအိပ်ချိန် တောင် သူ့ချစ်သူကို မေ့လို့ မရလို့

သူဘယ်လိုမှ မနေနိုင်လို့ အကြိမ်ကြိမ် thet tay ဖို့ကြိုးစားခဲ့တယ်

မအောင်မြင်ခဲ့ဘူး

သူပြဿနာတွေတတ်တိုင်း မိဘတွေရဲ့ လိုဘတွေသာ ဖြည့်ပေးရပြီး

သူအတွက် အားပေးဖော်က သူ့ကောင်လေးတစ်ယောက်ဘဲရှိခဲ့တယ်တဲ့လေ

သူစိတ်ညစ်ချိန် ဆို သူကောင်လေးနဲ့ ကော်ဖီဆိုင်မှာ ကော်ဖီတစ်ခွက်သောက်ချိန်လောက်တွေ့ဖြစ်ကြတယ်

သူ့ကောင်လေးမျက်နှာကိုကြည့်ပြီး သူတို့ မိတ်ဆွေသူငယ်ချင်းလို စကားပြောပြီး လမ်းခွဲကြမြဲတဲ့

အချိန်ကာလတွေကြာလာပေမဲ့ အမည်ခံသက်သက် အိမ်ထောင်ရေးအကြောင်းကို ကောင်လေးကလဲ မသိသေးဘူး

ကောင်မလေးကလဲ လက်ရှိအခြေအနေကို ရှေ့မဆက်ချင်ပေမဲ့

သိက္ခာတွေ ငဲ့ညှာရမှာတွေကြောင့် စိတ်ဆင်းရဲစွာ ရှေ့ဆက်နေတုန်း

ကောင်လေးက ကောင်မလေးကို ပိုပြီးမြတ်နိုးတန်ဖိုးထားချစ်တယ်လို့ ကျမထင်တယ်

ခုထိ အိမ်ထောင်မပြုဘဲ လူပျိုကြီးဘဝနဲ့ ကောင်မလေးနားမှာ

အကောင်းဆုံး သူငယ်ချင်းအဖြစ်နဲ့ ရှိနေပေးတယ်

သူတို့ ရဲ့ ရိုးသားဖြူစင်မူ ကိုတော့ ကျမ လေးစားမိတယ်

ကောင်မလေးရဲ့ ဆန္ဒ က သူနောက်ဆုံးအချိန်တွေကို ကောင်လေးနဲ့ ဘဲ ဖြတ်သန်းချင်တယ် မရယ်တဲ့

သူကြိုက်တတ်တာလေးတွေချက်ကျွေးပြီးစိတ်တူကိုယ်တူ မို့

အပင်လေးတွေစိုက် စာအုပ်ဖတ်ရင်း သက်ကြီးပိုင်းနေဝင်ချိန်ကို အတူကုန်ဆုံးချင်ပါတယ်တဲ့လေ

ချစ်ခြင်းမေတ္တာ ဟာ s*x နဲ့ မပတ်သက်တာ ကျမ အမူသည် ဒီညီမလေးက သာဓက ပေးလိုက်သလိုပါဘဲ

သူ ကွာရှင်းဖို့ ကျမ နဲ့ လာဆွေးနွေးထားတာပါ

သူ ကို သူ့အိမ်ထောင်ဘက်ကလဲ ဘယ်လိုမှ ကွာမပေးနိုင်တဲ့အနေအထားပါ

ကောင်မလေး ရဲ့ဘဝမှာ နာကျင်စရာတွေလဲ အများကြီးရှိနေအုံးမယ်ထင်ပါတယ်

ဒါကြောင့် အခါခါ သတ်သေဖို့ကြိုးစားခဲ့တာလို့ ကျမ သုံးသပ်မိတယ်

ကျမ ဘယ်လို နှစ်သိမ့်ပေးရမလဲ

ဘယ်လိုအကြံပေးရပါ့မလဲ

ကျမ တစ်ယောက်ထဲအားထက် အများရဲ့ ဝေဖန်အကြံပေးချက်လေးတွေက ဆေးတစ်ခွက် ဖြစ်မယ်လို့ ယူဆရင်း …..

က်မ ေရးသားမဲ့ အေၾကာင္းအရာကေတာ့ က်မဆီမွာ အၿမဲ တိုင္ပင္ေနတဲ့ ညီမေလးတစ္ေယာက္အေၾကာင္းပါ

ခုခ်ိန္မွာ က်မတစ္ေယာက္ထဲ ႏွစ္သိမ့္အားေပးေနတာထက္စာရင္

ဒီက မိတ္ေဆြအမ်ားစုရဲ႕ အားေပးႏွစ္သိမ့္ ေဝဖန္တာေလးေတြကို သူကို ျမင္ေစခ်င္ လို႔ပါ

သူ႔ က ခုဆို အသက္ 40 စြန္းစြန္းပါ

ေအာင္ျမင္ေနတဲ့ လုပ္ငန္းရွင္တစ္ေယာက္ပါ သူ႔အလွ က မင္းသမီး႐ူံးေလာက္ေအာင္ကို လွပါတယ္

မျပင္ဆင္ဘဲနဲ႔ကို အၾကည့္ခံတဲ့အလွမ်ိဳးကို ပိုင္ဆိုင္ထားတဲ့ ဆုေတာင္းေကာင္းသူေလးပါ ဘဲ

သူ႔မွာ အမ်ားအားက် ေလာက္စရာ မိသားစု ေလးလဲရွိပါတယ္

ဂုဏ္သိကၡာနဲ႔အညီစည္းကမ္းအျပည့္နဲ႔ ေနထိုင္ၾကတဲ့ မိသားစုေလးမို႔ အမ်ားက ႐ိုေသေလးစားၾကတဲ့ သူေတြပါ

သူ ငယ္စဥ္ထဲ က တင္းၾကပ္တဲ့ အဖိုးအဖြားေတြနဲ႔ေနခဲ့ရၿပီး

ဘာသာ ေရးကို အေလးထား မိန္းခေလးပီသဖို႔ မိန္းခေလးတစ္ေယာက္ရဲ႕ အရယ္ဆုံးက အၿပဳံး ဆိုတာမ်ိဳးနဲ႔

ေနထိုင္လာတဲ့ သူေလးမို႔ သူကို ျမင္လိုက္ရင္ မာနႀကီးသလို ထင္ရေပမဲ့ ေအးခ်မ္းေနပါတယ္

သူ ဘဝ အေၾကာင္း က်မ ကို ရင္ဖြင့္ေတာ့….

သူ အထက္တန္းအ႐ြယ္မွာ ေကာင္ေလးတစ္ေယာက္နဲ႔ မ်က္လုံးခ်င္းအၾကည့္ခ်င္းဆုံဖူးခဲ့တယ္တဲ့

အတန္းေဖာ္ေတြနဲ႔ ေမးထူးေခၚေျပာ လိုအပ္မွသာေျပာတဲ့သူေလးမို႔ သူငယ္ခ်င္းဆိုတာ မရွိခဲ့သူေလးပါ

အၾကည့္ခ်င္းဆုံရာကေန

ရင္ထဲ စြဲနစ္စြာ ခ်စ္မိသြားတယ္ အဲ့ေကာင္ေလးကလဲ သူ႔ကို အၿမဲၾကည့္ေနခဲ့တာပါတဲ့

သူတို႔ အၾကည့္ခ်င္းအၿမဲဆုံေနက်မို႔ စကားမေျပာျဖစ္ေပမဲ့

တစ္‌ေယာက္နဲ႔တစ္ေယာက္ သိပ္ခ်စ္ေနမိၿပီဆိုတာ ခံစားလို႔ရတယ္ တဲ့ေလ

တစ္ေန႔ ေကာင္မေလးက ေကာင္ေလးကို ေနာက္ေက်ာကေနၾကည့္ရင္းခဲျခစ္ပုံၾကမ္း ဆြဲေနတာကို

အတန္းေဖာ္ကျမင္ၿပီး နင္ အာ့တစ္ေယာက္ကို ႀကိဳက္ေနတာ အကုန္သိေနတာ

သူတို႔ကလဲ ဟားေနတာ

တစ္ခန္းလုံးရယ္သံေတြနဲ႔ အဲ့အခ်ိန္ ေကာင္ေလးကို လွမ္းၾကည့္မိေတာ့

ေကာင္ေလးကလဲ သူ႔အေပါင္းအသင္းေတြနဲ႔ သူ႔ကိုၾကည့္ၿပီး ရီေမာဟားတိုတ္ေနၾကသလိုေတြ႕ေတာ့

အတန္းေဖာ္က နင္က မိန္းမေနာက္ပိုးဘဲ ဆိုတဲ့ စကားကို ရွက္လြန္းလို႔ ေကာင္မေလးက

ေက်ာင္းခန္းထဲကေန ေဝးသထက္ေဝးေအာင္ ေနခဲ့မိတယ္တဲ့

အားကစားဘက္ကို ပါရင္း

စာသင္ခ်ိန္ေတြ မွာ အခန္းထဲရွိမေနရေတာ့လို႔ စိတ္သက္သာရခဲ့ေပမဲ့ ရင္ႏွစ္ေအာင္ ခ်စ္မိခဲ့တဲ့ သူ႔နာမည္ေတာင္ မသိခဲ့ဘူးတဲ့

ဒီလိုနဲ႔ သူတို႔ ေဝးခဲ့ၿပီး 3 နစ္ေလာက္ၾကာေတာ့

အဲ့ေကာင္ေလးက ေကာင္မေလးေရွ႕ေရာက္လာခဲ့တယ္

ေကာင္ေလးကို သိပ္ခ်စ္တဲ့ေကာင္မေလးက ေကာင္ေလးထပ္ေပ်ာက္သြားမွာစိုးလို႔

အရင္လို စကားမေျပာဘဲမေနရဲေတာ့ဘဲ ေကာင္ေလးကို လက္ခံ ခဲ့တယ္

သိပ္ေပ်ာ္စရာ ေကာင္းတဲ့ ခ်စ္သူေတြဘဝကို ျဖဴစင္စြာ ျဖတ္သန္းခဲ့ၾကတယ္

ေကာင္ေလးကလဲ အခြင့္အေရးမယူတတ္တဲ့ ေယာက်ၤားေကာင္းေလး

ေကာင္မေလးကို ဘယ္ေလာက္ခ်စ္သလဲဆို ဆုံး႐ူံးသြားမွာ အရမ္းေၾကာက္တဲ့အထိပါတဲ့

ဒါေပမဲ့ သူတို႔ ခ်စ္လွ်က္နဲ႔ ေဝးခဲ့ၾကတယ္

မိဘသေဘာတူထားတဲ့သူရဲ႕ မတရားနည္းနဲ႔ အရယူမူေၾကာင့္ ေကာင္မေလးက ေကာင္ေလးနဲ႔ ေဝးခဲ့ရတယ္

ျပႆနာက တရားသျဖင့္ယွဥ္ၿပိဳင္တာမဟုတ္ဘဲ ‌အႏိုင္ယူခဲ့တဲ့ အိမ္ေထာင္ေရးမို႔

ဟန္ျပသက္သက္ အမည္ခံသက္သက္ ေနခဲ့ၾကတယ္

ေကာင္မေလးက သူ အိမ္ေထာင္ဖက္နဲ႔ အတူအိပ္ခ်ိန္ ေတာင္ သူ႔ခ်စ္သူကို ေမ့လို႔ မရလို႔

သူဘယ္လိုမွ မေနႏိုင္လို႔ အႀကိမ္ႀကိမ္ thet tay ဖို႔ႀကိဳးစားခဲ့တယ္

မေအာင္ျမင္ခဲ့ဘူး

သူျပႆနာေတြတတ္တိုင္း မိဘေတြရဲ႕ လိုဘေတြသာ ျဖည့္ေပးရၿပီး

သူအတြက္ အားေပးေဖာ္က သူ႔ေကာင္ေလးတစ္ေယာက္ဘဲရွိခဲ့တယ္တဲ့ေလ

သူစိတ္ညစ္ခ်ိန္ ဆို သူေကာင္ေလးနဲ႔ ေကာ္ဖီဆိုင္မွာ ေကာ္ဖီတစ္ခြက္ေသာက္ခ်ိန္ေလာက္ေတြ႕ျဖစ္ၾကတယ္

သူ႔ေကာင္ေလးမ်က္ႏွာကိုၾကည့္ၿပီး သူတို႔ မိတ္ေဆြသူငယ္ခ်င္းလို စကားေျပာၿပီး လမ္းခြဲၾကၿမဲတဲ့

အခ်ိန္ကာလေတြၾကာလာေပမဲ့ အမည္ခံသက္သက္ အိမ္ေထာင္ေရးအေၾကာင္းကို ေကာင္ေလးကလဲ မသိေသးဘူး

ေကာင္မေလးကလဲ လက္ရွိအေျခအေနကို ေရွ႕မဆက္ခ်င္ေပမဲ့

သိကၡာေတြ ငဲ့ညႇာရမွာေတြေၾကာင့္ စိတ္ဆင္းရဲစြာ ေရွ႕ဆက္ေနတုန္း

ေကာင္ေလးက ေကာင္မေလးကို ပိုၿပီးျမတ္ႏိုးတန္ဖိုးထားခ်စ္တယ္လို႔ က်မထင္တယ္

ခုထိ အိမ္ေထာင္မျပဳဘဲ လူပ်ိဳႀကီးဘဝနဲ႔ ေကာင္မေလးနားမွာ

အေကာင္းဆုံး သူငယ္ခ်င္းအျဖစ္နဲ႔ ရွိေနေပးတယ္

သူတို႔ ရဲ႕ ႐ိုးသားျဖဴစင္မူ ကိုေတာ့ က်မ ေလးစားမိတယ္

ေကာင္မေလးရဲ႕ ဆႏၵ က သူေနာက္ဆုံးအခ်ိန္ေတြကို ေကာင္ေလးနဲ႔ ဘဲ ျဖတ္သန္းခ်င္တယ္ မရယ္တဲ့

သူႀကိဳက္တတ္တာေလးေတြခ်က္ေကြၽးၿပီးစိတ္တူကိုယ္တူ မို႔

အပင္ေလးေတြစိုက္ စာအုပ္ဖတ္ရင္း သက္ႀကီးပိုင္းေနဝင္ခ်ိန္ကို အတူကုန္ဆုံးခ်င္ပါတယ္တဲ့ေလ

ခ်စ္ျခင္းေမတၱာ ဟာ s*x နဲ႔ မပတ္သက္တာ က်မ အမူသည္ ဒီညီမေလးက သာဓက ေပးလိုက္သလိုပါဘဲ

သူ ကြာရွင္းဖို႔ က်မ နဲ႔ လာေဆြးေႏြးထားတာပါ

သူ ကို သူ႔အိမ္ေထာင္ဘက္ကလဲ ဘယ္လိုမွ ကြာမေပးႏိုင္တဲ့အေနအထားပါ

ေကာင္မေလး ရဲ႕ဘဝမွာ နာက်င္စရာေတြလဲ အမ်ားႀကီးရွိေနအုံးမယ္ထင္ပါတယ္

ဒါေၾကာင့္ အခါခါ သတ္ေသဖို႔ႀကိဳးစားခဲ့တာလို႔ က်မ သုံးသပ္မိတယ္

က်မ ဘယ္လို ႏွစ္သိမ့္ေပးရမလဲ

ဘယ္လိုအႀကံေပးရပါ့မလဲ

က်မ တစ္ေယာက္ထဲအားထက္ အမ်ားရဲ႕ ေဝဖန္အႀကံေပးခ်က္ေလးေတြက ေဆးတစ္ခြက္ ျဖစ္မယ္လို႔ ယူဆရင္း …..