ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၅၀

အရမ်းမွန်းကျပ်နေလို့ ရင်ဖွင့်ပါရစေ ကျွန်မ အသက်၂၇ ကလေး၂ယောက်အမေပါ

ညီမလေးအမျိုးသားက ညီမလေးထက်၈နှစ်ကြီးပါတယ်

ညီမသင်တန်းတစ်ခုမာစာသင်ပေးခဲ့တဲ့ဆရာပါ

ညီမ အရမ်းလေးစားပီး အရမ်းအားကိုးခဲ့ပါတယ် အရမ်းလဲယုံကြည့်ခဲ့တာပေါ့

အဲလိုအရမ်းယုံကြည်ခဲ့ရတဲ့လူဆီက သစ္စာဖောက်ခံရတယ်

သိတဲ့နေကဆို ဘယ်လိုမှမယုံကြည့်နိင်ခဲ့ဘူး

သူကိုညီမမေးတော့ ဘာမှမဟုတ်ဘူး လိုင်းပေါမာပဲ chat တာတဲ့လေ

အဲကောင်မဖုန်းနံပါတ်လဲညီမဖုန်းဆက်ခဲ့တယ် အဲကောင်မက ညီမယောကျားနဲ့မသိပါဘူး တဲ့ညာခဲ့တယ်

ညီမဘာမှမပြောဘူး ဒီတိုင်းပဲဖုန်းပြန်ချလိုက်တယ်

ပြောဖို့မေ့ခဲ့တယ် ညီမနဲ့ညီမယောကျားနဲ့က အတူတူမနေရပါ

ညီမက မိဘတွေပဲကျန်လိုအိမ်ပြန်နေတာ သူကတာဝန်ကျရာမာ သွားနေရတာ

အဲလိုနဲ့ အေပါလေ ငါမှသူနဲ့အတူမနေနိင်တာ ဖြစ်တတ်ပါတယ်ပေါ့

တစ်နေ့ကျတော့ သူဖုန်းညီမလျောက်ကလိ လိုက်တာ fbအကောင့်အသစ်တစ်ခုတွေ့တယ်

အဲမာ အဲကောင်မနဲ့ သွားလာခဲ့တဲ့ပုံတွေ သူpfမာတင်ထားတယ် ပီးတော့ Ralationship လဲတွဲတင်ထားသေးတယ်

ညီမဒေါသပိုထွက်တာပေါ့ သူကိုဖုန်းဆက်ပီးမေးတာပေါ့

ပီးခဲ့ပီတဲ့အဲတာအရင်တုန်းကပုံတွေတဲ့ မိန်းမသိပီးတဲ့နေကစပီး ဘာမှမလုပ်တော့ဘူးတဲ့

ညီမ မယုံဘူး အဲကောင်မအကောင့်ရှာပီ ညီမစာပို့တယ် ငါယောကျားနဲ့ မသိဘူးဆိုဒါဘာသဘောလဲ

ညီမဒေါသအရမ်းထွက်တော့သူကိုဆဲမိတာပေါ့ ချက်ချင်းပဲ ညီမကိုblပစ်တယ်

ဖုန်းနံပါတ်တွေရော စက်ပိတ်ပစ်တယ် ညီမဘာမှမတတ်နိင်ခဲ့ဘူး

ယောကျားက မှားသွားပါတယ်နောက်မဖြစ်စေရဘူးပြောပြောပီး ခုချိန်ထိ အဲကောင်မနဲ့ဆက်သွယ်နေတုန်းပါ

အဲကောင်မက အရှက်မရှိဘူး ညီမယောကျားနဲ့အဆင်မပြေရင် ညီမကိုဖုန်းခေါပီ နင်လင်ကိုထိန်းအုံး ငါကိုလိုက်နှောက်ယှက်နေတယ်လိုလာပြောတယ်

သူတို့ချင်းအဆင်ပြေရင် သူtelegramမာ ညီမယောကျားနဲ့ကြည်နူးနေတဲ့ပုံတွေပြန်သင်တယ်

၂ယောက်လုံး အကြိမ်ကြိမ် ညီမနောက်ကျောကိုဓားနဲ့ထိုးပါတယ် ညီမ မခံစားနိင်တော့လိုညီမမိဘကိုပြောလိုက်တယ်

(သူမာမိဘမရှိတော့ဘူး တစ်ကောင်ကြွက်ပါ)

သူကိုခေါပြောတာပေါ့ သူတို့သမီးကိုမချစ်တော့ရင် လာတောင်းတုန်းကလိုပဲ ပြန်ပီး အပ်လိုက်ပါ

အဖေတို့စိတ်မဆိုးဘူး နင်ကိုရောတရားမဆွဲဘူး ကွာရှင်းလိုက်ပါပေါ့

ယောကျား ကဘာလိုကွာရှင်းရမာလဲ သူချစ်လိုယူထားတာ သူသားတွေရှိသေးတယ်

ဟိုမိန်းမက ktvက သူလိုမိန်းမကို ဘာလိုကျွန်တော်ယူရမလဲ သူမိသားစုပြိုပျက်မခံနိင်ပါဘူးတဲ့

သူအရင်းတုန်းက စိတ်ကစားလို့ သာယာခဲ့မိတာ တောင်းပန်ပါတယ်တဲ့ ခွင့်လွတ်ပေးပါတဲ့ နောက်ထပ်မဖြစ်စေရပါဘူး တဲ့လေ

ညီမ မိဘတွေကလဲ သူအမှားဝန်ခံပီး တောင်ပန်နေပီပဲစောင့်ကြည့်လိုက်ပါ

သူလဲပညာတတ်ပဲနောက်မလုပ်လောက်တော့ပါဘူးတဲ့ ညီမကိုအဖေကသူကိုအချိန်ပေးလိုက်ပါတဲ့

ညီမသူကို၁နှစ်ခွဲ သားအငယ်လေး၄လကတည်းကသိတာ ခုသားငယ်၂နှစ်ပြည့်တော့မယ်

ညီမသူကိုမယုံကြည်ရဲတော့ဘူး ကွားရှင်ရင်လဲဟိုကောင်မကပျော်နေမာ သူနဲ့ဒီကြားမာဖုန်းပြောရသေးတယ်

သူကညီမယောကျားဆီဖုန်းခေါလာတာ ညီမယောကျားနားသွားနေတဲ့အချိန်နဲ့တိုးသွားတယ်

သူဖုန်းလာတော့ညီမကိုကိုင်းခိုင်းလိုက်တာပေါ့ ညီမကဟဲလို လို့ပြောတော့အဲကောင်မက ကိုကိုမရှိဘူးလားတဲ့ကိုကိုနဲ့ပဲပြောချင်တယ် ကို့ကိုကိုပေးပါတဲ့

ခုပြောနေတာ ကို့ကိုမိန်းမလိုပြောတော့ သူသိတယ်တဲ့ ပေးလိုက်ပါနင်နဲ့ပြောစရာစောက်ကြောင်းမရှိဘူး သူတိုနှစ်ယောက်ကြားဝင်မပါနဲ့တဲ့လေ

ညီမဒေါသထွက်နေပီ နင်က ဘာမလိုလဲလို့မေးတော့ ငါက ကို့ကိုမိန်းမပဲတဲ့

နင်ကမယာငယ်လုပ်မလို့လားညီမမေးတော့ ကိုကို့သူကိုမယားငယ်နေရာမထားဘူး သူကိုသတ်သတ်ထားမာတဲ့လေ

အဲကြောင့်သူကမယားငယ်မဟုတ်ရပါဘူးတဲ့လေ ညီမကဆက်ပြောတယ် နင်က ကလေးအဖေ မိန်းမရှိတာသိရက်နဲ့ ဆက်ပတ်သက်ရဲ့တယ်ပြောတော့ သူကကလေး၂ယောက်မကလို၅ယောက်လဲဂရုမစိုက်ဘူးတဲ့

ဘာလို့ငါကမပတ်သတ်ရဲရမာလဲတဲ့ ငါလဲသူကလေးကိုမွေးပေးနိင်တယ် နှောက်မဆုတ်ဘူးတဲ့ ညီမလဲဖုန်းချလိုက်တယ်

ေယာကျားနဲ့စကားများ ယောကျားကပြောတယ် နင်ငါ့ဆီလာမှန်းသိလို့ အဲကောင်မက သူကိုရော ညီမကိုရောမကျေနပ်လို သပ်သပ်မဲ့ လင်မယားစကားများရအောင်အဲကောင်မလုပ်နေတာတဲ့

ငါမယုံဘူး နင်တို၂ယောက်ပေါင်းကြံနေတာလို့ညီမပြောလိုက်တယ်

ညီမရှေ့မာတော့ အဲကောင်မကိုဖုန်းခေါပီ ဆဲနေတယ် ခုလဲကောင်မက ညီမကို စောက်ရှက်မရှိ ကွာပါ့မယ်

ဆက်မပေါင်းနိင်ဘူးလိုပြောတာတောင် အတင်းပေါင်းနေတဲ့ကောင်မက သက်သက်ရှိတယ်ဆိုပီးလိုင်းပေါမာ အဲကောင်မကတင်ထားပါသေးတယ်

သူကျ လူများယောကျားကိုခိုးနေတာကျ သူ့ကိုသူမသိဘူး ဘာဆက်လုပ်ရမလဲ အဖေတို့ပြောတဲ့အတိုင်းဆက်ပီးစောင့်ကြည့်ရမလား

ဒါမှမဟုတ်ကွာရှင်းပေးဖို့အတင်းပြောရမလား (ယောကျားက ကွာရှင်းမပေးဘူး သူသားတွေရှိတယ် သူမကွားနိင်ဘူးတဲ့)

ညီမကွားရှင်းပေးရင် ဟိုကောင်မကိုအရူံးပေးသလိူဖြစ်နေမလား မသိတော့ဘူး စိတ်အရမ်းရူပ်ထွေးနေပါတယ် အမတို့ညီမတို့ရေ

စာအရမ်းရှည်သွားပီ စာစီလဲမတတ်ဘူး ရင်ထဲကခံစားရသလိုပဲရေးလိုက်တာ ကြည့်ပီးဖတ်ပေးပါနော်

အားလုံးကိုလဲကျေးဇူးတင်ပါတယ်
































ညီမသူကို၁နှစ်ခွဲ သားအငယ်လေး၎လကတည်းကသိတာ ခုသားငယ်၂နှစ်ပြည့်တော့မယ်









ယောကျားနဲ့စကားများ ယောကျားကပြောတယ် နင်ငါ့ဆီလာမှန်းသိလို့ အဲကောင်မက သူကိုရော ညီမကိုရောမကျေနပ်လို သပ်သပ်မဲ့ လင်မယားစကားများရအောင်အဲကောင်မလုပ်နေတာတဲ့






ညီမကွားရှင်းပေးရင် ဟိုကောင်မကိုအရူံးပေးသလိုဖြစ်နေမလား မသိတော့ဘူး စိတ်အရမ်းရူပ်ထွေးနေပါတယ် အမတို့ညီမတို့ရေ

