ကျွန်မချစ်သူနဲ့တွဲလာတာ ၁၃ နှစ်ရှိပါပြီ။ ကြားထဲမှာတော့ ၃ နှစ်လောက်ခဏပြတ်သွားပါတယ်။
စချစ်တုန်းက ကျွန်မအသက် ၂၂ နှစ်ပါ။
သူအလုပ်မရှိတော့ အလုပ်ဆင်းချိန် လာကြိုရင်လည်း လိုင်းကားတိုးစီး၊ အင်းယားကန်ဘောင်မှာထိုင်၊ ချွေတာသုံးစွဲကြရပေမယ့် တကယ်ပျော်စရာကောင်းခဲ့ပါတယ်။
သူအရမ်းချစ်တတ်ပေမယ့် ချစ်ကြောင်းမပြသတတ်တဲ့လူ တစ်ယောက်ပါ။
နှစ်ဖက်မိဘတွေကလည်းသိပေမယ့် သူ့အိမ်ကိုသူတစ်ခါမှ အလည်မခေါ်ခဲ့ပါဘူး။
ချစ်သူသက်တမ်း ၅ နှစ်လောက်မှာ သူ ဓါတ်ပုံဆိုင်ဖွင့်ပါတယ်။
အလုပ်အဆင်ပြေတော့ သူအရင်လို အချိန်မပေးနိုင်တော့ပါဘူး။ နေမကောင်းရင်တောင် မလာနိုင်တော့ပါဘူး။
ချစ်သက်တမ်း ၇ နှစ်လောက်မှာ ကျွန်မဖောင်ကြီး သင်တန်းတက်တော့ လာကြူတဲ့သူတွေရှိလို့ ပိတ်ရက်တစ်ရက်လာခဲ့ပါ။
ချစ်သူရှိမှန်းသိကြမှ ဘယ်သူမှ လာမကြိုက်ကြတော့မှာလို့ ပြောပေမယ့် သင်တန်းတက်တဲ့ ၃လခွဲမှာ တစ်ခါလေးတောင် မလာနိုင်ခဲ့ပါဘူး။
သင်တန်းတက်နေချိန်ရာထူးတိုးလို့ သင်တန်းပြီးတာနဲ့ နယ်ပြောင်းရမှာပါ။
ကျွန်မရာထူးတိုးပြီး တော်တော်ဝေးတဲ့မြို့တစ်မြို့ပြောင်းမယ့်နေ့ကျမှ သူတို့အိမ်ကို ရောက်ဖူးသွားပါတယ်။
နယ်ကိုလိုက်ပို့ပေးဖို့ တောင်းဆိုခဲ့ ပေမယ့် အဲနေ့မှာသူပွဲရှိလို့ လိုက်မပို့နိုင်ပါဘူး။
သူအားတဲ့တစ်နေ့တော့ လိုက်လာမှာဘဲလေလို့ ဖြည့်တွေးခဲ့ပေမယ့် ရောက်မလာခဲ့တော့ ကျွန်မတော်တော်နာကျင်သွားပါတယ်။
တာဝန်ကျတဲ့မြို့မှာ ၇ လလောက်ထိ သူမလာတော့ သူ့ကိုဖြတ်ပြီး “မိုး”ဆိုတဲ့တစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်။
အဲခါကျမှ သူလိုက်လာပါတယ်။ ကျွန်မကို မစွန့်လွှတ်နိုင်ကြောင်းပြောပေမယ့် သူ့ရဲ့ ဥပေက္ခာပြုမှုတွေကို အလူးအလဲခံစားခဲ့ရတော့ ကျွန်မပြန်ပြီးလက်မခံတော့ပါဘူး။
ပြီးတော့ သူတို့ ၂ယောက်ကို မျက်နှာချင်းဆိုင်တွေ့ဆုံခိုင်းပါတယ်။
၂ယောက်လုံး နောက်ဆုတ်ရင်လည်း ကျွန်မသူတို့ ၂ယောက်လုံးကို စွန့်လွှတ်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်။
သူတို့ဆုံပြီးနောက်မှာ “မိုး”က ရိုးသားတဲ့သူမို့ သူစိတ်ချပါတယ်၊ နောက် မနှောင့်ယှက်တော့ပါဘူးဆိုပြီး သူ ရန်ကုန် ပြန်သွားပါတယ်။
ကျွန်မဖုန်း ထဲမှာ သူ့ email account ဖွင့်ထားလို့ သူ့ကောင်မလေးက ဘုရားအတူသွားကြတုန်းက ရိုက်ထားတဲ့ဓါတ်ပုံ
ပို့ထားတာတွေ့မိလို့ သူကောင်မလေးအသစ်ရတာ သိလိုက်ရပါတယ်။
စိတ်မကောင်းမဖြစ်မိသလို သူ့အတွက် ဝမ်းသာပေးခဲ့ပါတယ်။
မိုးနဲ့ကျွန်မ ချစ်သူသက်တမ်း ၈ လလောက်မှာ သူလည်း ရာထူးတိုးပြီး တစ်ခြားမြို့ပြောင်းသွားပါတယ်။
ချစ်သူသက်တမ်း ၁ နှစ်လောက်မှာလက်ထပ်ကြဖို့နှစ်ဖက်မိဘ၊ ဆွေမျိုးတွေကို အသိပေးကြပါတယ်။
လက်ထပ်ဖို့ တစ်လအလိုမှာ သူနဲ့ အမေတို့ရှိတဲ့မြို့ကို သွားလည်ကြတဲ့အချိန် သူ့မှာအခြားကောင်မလေးတစ်ယောက်ရှိနေတာ သိခဲ့ရပါတယ်။
သူနဲ့အတူတူထိုင်စကားပြောချိန် ဖုန်းလာတော့ ဖုန်းချပစ်လိုက်တာ မသင်္ကာတာနဲ့ သူ့ဖုန်းစစ်ကြည့်လိုက်မှ အဲဒီကောင်မလေးနဲ့ ချစ်သူသက်တမ်း ၃ လရှိပြီဖြစ်ကြောင်း သိလိုက်ရ တယ်။
အဲဒီကောင်မလေးက ကျွန်မ Fb Account ကို လာအက်တော့ ပထမလက်မခံခဲ့ပါဘူး။ ၅ ခါထိ လာအက်တော့ လက်ခံပြီး Messenger မှာ စကားပြောဖြစ်ကြပြီး ကောင်မလေးက သူမသိလို့ပါ၊
နောက်ဆုတ်ပါ့မယ်လို့ ကတိတွေပေးပေမယ့် သူတို့ကရှေ့ဆက်တိုးလာကြပါတယ်။
သူတို့က တစ်မြို့ထဲဆိုတော့ တိတ်တိတ်လေးပြန်ဆက်သွယ်ကြတာတွေ အကုန်ပြန်သိရတော့ ကျွန်မဘဲ နောက်ဆုတ်ပေးလိုက်ပြီး မင်္ဂလာပွဲလည်း ပျက်သွားခဲ့ပါတယ်။
သူတို့ ၂ယောက်ကတော့ ယူပြီးကြလို့ ကလေးတောင် ရနေကြပါပြီ။
ကျွန်မ အသဲတွေ ကွဲနေတဲ့အချိန် ကံကောင်းစွာနဲ့ ရန်ကုန်ပြောင်းမိန့် ကျလာပါတယ်။
ရန်ကုန်ပြန်ရောက်တော့ အလုပ်ကိုဘဲဖိလုပ်ပြီး အသဲကွဲတဲ့ဒဏ်ကို ကုစားလိုက်ရပါ တယ်။
ကျွန်မ ရန်ကုန်ပြန်ရောက်ပြီးတစ်နှစ် လောက်မှာ ပထမရည်းစားရဲ့ကောင်မလေးက တစ်ခြားတစ်ယောက်နဲ့ခိုးရာလိုက်ပြေးသွားလို့
သူနဲ့ စကားတွေ ပြန်ပြောဖြစ်ကြပြီး ပြန်တွဲဖြစ်ကြပါတယ်။
2020 မှာ ကိုဗစ်ပထမလှိုင်းဖြစ်တော့ ပွဲတွေမရှိတာမို့ ဆိုင်ပိတ်လိုက်ရပြီး 2021 မှာ ဆိုင်ပြန်ဖွင့်ဖို့ စီစဉ်နေချိန်မှာ နိုင်ငံရေးကြောင့် မဖွင့်ဖြစ်တော့ဘူး။
ကိုဗစ်တတိယလှိုင်းမှာ ကိုဗစ်ကြောင့် သူ့အဖေ(အမေမရှိတော့ဘူး) ဆုံးသွားတဲ့အချိန်ကစပြီး သူနဲ့ကျွန်မ ပိုပြီးစိမ်းသထက် စိမ်းလာကြပါတယ်။
ကျွန်မကလည်း စီလုပ်နေတော့ အလုပ်မရှိ၊ သူကလည်း ကြုံရာအလုပ်လုပ်နေတာမို့ နှစ်ယောက်လုံးစိတ်မကျန်းမာမှုတွေကြောင့် ဖုန်းတောင်မပြောဖြစ်ကြတော့ပါဘူး။
ဒီ 2022 မှာ ကျွန်မဘက်ကနေပြီး လက်ထပ်ကြဖို့နဲ့ ဖြစ်သမျှအတူတူရင်ဆိုင်ကြဖို့ပြောတော့ သူကခေတ်မကောင်းတာကြောင့် ခုလောလောဆယ်အိမ်ထောင်ပြုဖို့ ခေါင်းထဲမှာမရှိဘူးလို့ ပြောလာတော့ ဒါဆို ဘယ်တော့လက်ထပ်မယ်ဆိုတဲ့ကတိဘဲပေး၊
ကျွန်မဆက်စောင့်မယ် အသက်တွေက အရမ်းကြီးလာပြီပြောတော့ သူကတိမပေးနိုင်ခဲ့ပါဘူး။
ကျွန်မတို့ရဲ့ ချစ်သက်တမ်းအရမ်းကြာလာလို့ ဒီလိုဖြစ်သွားတာထင်ပါတယ်။
သူ့ကို မေ့ပစ်ဖို့ထက် ဥပေက္ခာဘဲပြုလိုက်ပါတော့တယ်။
စိတ်နာ ပေမယ့် သူ့ကိုထားခဲ့ဖို့ မဆုံးဖြတ်နိုင်ပြန်ဘူး။ တစ်ခါတစ်လေကျတော့လည်း ထားပစ်ခဲ့ချင်ပါတယ်။
#ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပေးကြပါလားရှင့်။
ကြၽန္မခ်စ္သူနဲ႔တြဲလာတာ ၁၃ ႏွစ္ရွိပါၿပီ။ ၾကားထဲမွာေတာ့ ၃ ႏွစ္ေလာက္ခဏျပတ္သြားပါတယ္။
စခ်စ္တုန္းက ကြၽန္မအသက္ ၂၂ ႏွစ္ပါ။
သူအလုပ္မရွိေတာ့ အလုပ္ဆင္းခ်ိန္ လာႀကိဳရင္လည္း လိုင္းကားတိုးစီး၊ အင္းယားကန္ေဘာင္မွာထိုင္၊ ေခြၽတာသုံးစြဲၾကရေပမယ့္ တကယ္ေပ်ာ္စရာေကာင္းခဲ့ပါတယ္။
သူအရမ္းခ်စ္တတ္ေပမယ့္ ခ်စ္ေၾကာင္းမျပသတတ္တဲ့လူ တစ္ေယာက္ပါ။
ႏွစ္ဖက္မိဘေတြကလည္းသိေပမယ့္ သူ႔အိမ္ကိုသူတစ္ခါမွ အလည္မေခၚခဲ့ပါဘူး။
ခ်စ္သူသက္တမ္း ၅ ႏွစ္ေလာက္မွာ သူ ဓါတ္ပုံဆိုင္ဖြင့္ပါတယ္။
အလုပ္အဆင္ေျပေတာ့ သူအရင္လို အခ်ိန္မေပးႏိုင္ေတာ့ပါဘူး။ ေနမေကာင္းရင္ေတာင္ မလာႏိုင္ေတာ့ပါဘူး။
ခ်စ္သက္တမ္း ၇ ႏွစ္ေလာက္မွာ ကြၽန္မေဖာင္ႀကီး သင္တန္းတက္ေတာ့ လာၾကဴတဲ့သူေတြရွိလို႔ ပိတ္ရက္တစ္ရက္လာခဲ့ပါ။
ခ်စ္သူရွိမွန္းသိၾကမွ ဘယ္သူမွ လာမႀကိဳက္ၾကေတာ့မွာလို႔ ေျပာေပမယ့္ သင္တန္းတက္တဲ့ ၃လခြဲမွာ တစ္ခါေလးေတာင္ မလာႏိုင္ခဲ့ပါဘူး။
သင္တန္းတက္ေနခ်ိန္ရာထူးတိုးလို႔ သင္တန္းၿပီးတာနဲ႔ နယ္ေျပာင္းရမွာပါ။
ကြၽန္မရာထူးတိုးၿပီး ေတာ္ေတာ္ေဝးတဲ့ၿမိဳ႕တစ္ၿမိဳ႕ေျပာင္းမယ့္ေန႔က်မွ သူတို႔အိမ္ကို ေရာက္ဖူးသြားပါတယ္။
နယ္ကိုလိုက္ပို႔ေပးဖို႔ ေတာင္းဆိုခဲ့ ေပမယ့္ အဲေန႔မွာသူပြဲရွိလို႔ လိုက္မပို႔ႏိုင္ပါဘူး။
သူအားတဲ့တစ္ေန႔ေတာ့ လိုက္လာမွာဘဲေလလို႔ ျဖည့္ေတြးခဲ့ေပမယ့္ ေရာက္မလာခဲ့ေတာ့ ကြၽန္မေတာ္ေတာ္နာက်င္သြားပါတယ္။
တာဝန္က်တဲ့ၿမိဳ႕မွာ ၇ လေလာက္ထိ သူမလာေတာ့ သူ႔ကိုျဖတ္ၿပီး “မိုး”ဆိုတဲ့တစ္ေယာက္နဲ႔ ခ်စ္သူျဖစ္ခဲ့ပါတယ္။
အဲခါက်မွ သူလိုက္လာပါတယ္။ ကြၽန္မကို မစြန႔္လႊတ္ႏိုင္ေၾကာင္းေျပာေပမယ့္ သူ႔ရဲ႕ ဥေပကၡာျပဳမႈေတြကို အလူးအလဲခံစားခဲ့ရေတာ့ ကြၽန္မျပန္ၿပီးလက္မခံေတာ့ပါဘူး။
ၿပီးေတာ့ သူတို႔ ၂ေယာက္ကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံခိုင္းပါတယ္။
၂ေယာက္လုံး ေနာက္ဆုတ္ရင္လည္း ကြၽန္မသူတို႔ ၂ေယာက္လုံးကို စြန႔္လႊတ္ဖို႔ အဆင္သင့္ျပင္ဆင္ထားပါတယ္။
သူတို႔ဆုံၿပီးေနာက္မွာ “မိုး”က ႐ိုးသားတဲ့သူမို႔ သူစိတ္ခ်ပါတယ္၊ ေနာက္ မေႏွာင့္ယွက္ေတာ့ပါဘူးဆိုၿပီး သူ ရန္ကုန္ ျပန္သြားပါတယ္။
ကြၽန္မဖုန္း ထဲမွာ သူ႔ email account ဖြင့္ထားလို႔ သူ႔ေကာင္မေလးက ဘုရားအတူသြားၾကတုန္းက ႐ိုက္ထားတဲ့ဓါတ္ပုံ
ပို႔ထားတာေတြ႕မိလို႔ သူေကာင္မေလးအသစ္ရတာ သိလိုက္ရပါတယ္။
စိတ္မေကာင္းမျဖစ္မိသလို သူ႔အတြက္ ဝမ္းသာေပးခဲ့ပါတယ္။
မိုးနဲ႔ကြၽန္မ ခ်စ္သူသက္တမ္း ၈ လေလာက္မွာ သူလည္း ရာထူးတိုးၿပီး တစ္ျခားၿမိဳ႕ေျပာင္းသြားပါတယ္။
ခ်စ္သူသက္တမ္း ၁ ႏွစ္ေလာက္မွာလက္ထပ္ၾကဖို႔ႏွစ္ဖက္မိဘ၊ ေဆြမ်ိဳးေတြကို အသိေပးၾကပါတယ္။
လက္ထပ္ဖို႔ တစ္လအလိုမွာ သူနဲ႔ အေမတို႔ရွိတဲ့ၿမိဳ႕ကို သြားလည္ၾကတဲ့အခ်ိန္ သူ႔မွာအျခားေကာင္မေလးတစ္ေယာက္ရွိေနတာ သိခဲ့ရပါတယ္။
သူနဲ႔အတူတူထိုင္စကားေျပာခ်ိန္ ဖုန္းလာေတာ့ ဖုန္းခ်ပစ္လိုက္တာ မသကၤာတာနဲ႔ သူ႔ဖုန္းစစ္ၾကည့္လိုက္မွ အဲဒီေကာင္မေလးနဲ႔ ခ်စ္သူသက္တမ္း ၃ လရွိၿပီျဖစ္ေၾကာင္း သိလိုက္ရ တယ္။
အဲဒီေကာင္မေလးက ကြၽန္မ Fb Account ကို လာအက္ေတာ့ ပထမလက္မခံခဲ့ပါဘူး။ ၅ ခါထိ လာအက္ေတာ့ လက္ခံၿပီး Messenger မွာ စကားေျပာျဖစ္ၾကၿပီး ေကာင္မေလးက သူမသိလို႔ပါ၊
ေနာက္ဆုတ္ပါ့မယ္လို႔ ကတိေတြေပးေပမယ့္ သူတို႔ကေရွ႕ဆက္တိုးလာၾကပါတယ္။
သူတို႔က တစ္ၿမိဳ႕ထဲဆိုေတာ့ တိတ္တိတ္ေလးျပန္ဆက္သြယ္ၾကတာေတြ အကုန္ျပန္သိရေတာ့ ကြၽန္မဘဲ ေနာက္ဆုတ္ေပးလိုက္ၿပီး မဂၤလာပြဲလည္း ပ်က္သြားခဲ့ပါတယ္။
သူတို႔ ၂ေယာက္ကေတာ့ ယူၿပီးၾကလို႔ ကေလးေတာင္ ရေနၾကပါၿပီ။
ကြၽန္မ အသဲေတြ ကြဲေနတဲ့အခ်ိန္ ကံေကာင္းစြာနဲ႔ ရန္ကုန္ေျပာင္းမိန႔္ က်လာပါတယ္။
ရန္ကုန္ျပန္ေရာက္ေတာ့ အလုပ္ကိုဘဲဖိလုပ္ၿပီး အသဲကြဲတဲ့ဒဏ္ကို ကုစားလိုက္ရပါ တယ္။
ကြၽန္မ ရန္ကုန္ျပန္ေရာက္ၿပီးတစ္ႏွစ္ ေလာက္မွာ ပထမရည္းစားရဲ႕ေကာင္မေလးက တစ္ျခားတစ္ေယာက္နဲ႔ခိုးရာလိုက္ေျပးသြားလို႔
သူနဲ႔ စကားေတြ ျပန္ေျပာျဖစ္ၾကၿပီး ျပန္တြဲျဖစ္ၾကပါတယ္။
2020 မွာ ကိုဗစ္ပထမလႈိင္းျဖစ္ေတာ့ ပြဲေတြမရွိတာမို႔ ဆိုင္ပိတ္လိုက္ရၿပီး 2021 မွာ ဆိုင္ျပန္ဖြင့္ဖို႔ စီစဥ္ေနခ်ိန္မွာ ႏိုင္ငံေရးေၾကာင့္ မဖြင့္ျဖစ္ေတာ့ဘူး။
ကိုဗစ္တတိယလႈိင္းမွာ ကိုဗစ္ေၾကာင့္ သူ႔အေဖ(အေမမရွိေတာ့ဘူး) ဆုံးသြားတဲ့အခ်ိန္ကစၿပီး သူနဲ႔ကြၽန္မ ပိုၿပီးစိမ္းသထက္ စိမ္းလာၾကပါတယ္။
ကြၽန္မကလည္း စီလုပ္ေနေတာ့ အလုပ္မရွိ၊ သူကလည္း ႀကဳံရာအလုပ္လုပ္ေနတာမို႔ ႏွစ္ေယာက္လုံးစိတ္မက်န္းမာမႈေတြေၾကာင့္ ဖုန္းေတာင္မေျပာျဖစ္ၾကေတာ့ပါဘူး။
ဒီ 2022 မွာ ကြၽန္မဘက္ကေနၿပီး လက္ထပ္ၾကဖို႔နဲ႔ ျဖစ္သမွ်အတူတူရင္ဆိုင္ၾကဖို႔ေျပာေတာ့ သူကေခတ္မေကာင္းတာေၾကာင့္ ခုေလာေလာဆယ္အိမ္ေထာင္ျပဳဖို႔ ေခါင္းထဲမွာမရွိဘူးလို႔ ေျပာလာေတာ့ ဒါဆို ဘယ္ေတာ့လက္ထပ္မယ္ဆိုတဲ့ကတိဘဲေပး၊
ကြၽန္မဆက္ေစာင့္မယ္ အသက္ေတြက အရမ္းႀကီးလာၿပီေျပာေတာ့ သူကတိမေပးႏိုင္ခဲ့ပါဘူး။
ကြၽန္မတို႔ရဲ႕ ခ်စ္သက္တမ္းအရမ္းၾကာလာလို႔ ဒီလိုျဖစ္သြားတာထင္ပါတယ္။
သူ႔ကို ေမ့ပစ္ဖို႔ထက္ ဥေပကၡာဘဲျပဳလိုက္ပါေတာ့တယ္။
စိတ္နာ ေပမယ့္ သူ႔ကိုထားခဲ့ဖို႔ မဆုံးျဖတ္ႏိုင္ျပန္ဘူး။ တစ္ခါတစ္ေလက်ေတာ့လည္း ထားပစ္ခဲ့ခ်င္ပါတယ္။
#ဘယ္လိုလုပ္ရင္ေကာင္းမလဲ အႀကံေပးၾကပါလားရွင့္။