အမျိုးသားနဲ့အိမ်ထောင်ရေးက ၃နှစ်သက်တမ်းရှိပီပေါ့
အမျိုးသားက တာဝန်အကုန်ကျေတယ်
အရမ်းလဲချစ် ဂရုလဲစိုက်တယ်
ငွေလဲရှာ လူလဲပြုစုတယ်
အိမ်မှုကိစ္စလဲကူလုပ်ပေးပါတယ်
တခုဘဲစိတ်ဆင်းရဲနေရပါတယ်
thet tay ချင်စိတ်ပါပေါက်နေလို့ လာရင်ဖွင့်တာပါ
တခါမှ gp မှာ ရင်မဖွင့်ဖူးပါဘူး
မနှစ်က ကလေးတခါပျက်ကျခဲ့တယ်
လက်ရှိလဲ ကလေးထပ်ယူနေတယ်
အခုထိမရသေးဘူးပေါ့
တလတလ မျှော်လင့်လိုက် မရလိုက်နဲ့ လူလဲ ရူးတော့မယ်
အကုန်ပြည့်စုံပီး ကလေးမရှိတော့မရတော့ စိတ်ဆင်းရဲနေရတယ်
သူငယ်ချင်းတွေ ကလေးတွေနဲ့ ဗိုက်တွေနဲ့မြင်ရင် ပိုဝမ်းနည်း ငိုလိုက် စိတ်ဆင်းရဲလိုက်နဲ့ပေါ့လေ
ဗေဒင် ယတြာတွေလဲစုံနေပီ
ဆေးတွေ ဆရာဝန်တွေလဲစုံပီ
လူလဲ စိတ်ဓာတ်တွေကျရူးချင်နေပီ
အခုထိမရသေးဘူးပေါ့