ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၅၄

မင်မင်ရင်ဖွင့်ပီး ညီမဘာလုပ်သင့်လဲ အကြံလေးပေးလို့ရမလား ကူညီပါ့လားဟင်😔

ရင်ဖွင့်လို့ရရင် ရင်ဖွင့်ခြင်ပါတယ်

ရှေ့ဆက်ပီးဘာဆက်လုပ်ရမလဲ လမ်းပျောက်နေတယ်

ညီမကောင်လေးနဲ့ညီမက သိတာကတစ်နှစ်ကျော်ပီးမှချစ်သူဖြစ်တာပါ

အခုချစ်သူသက်တမ်းက တစ်နှစ်ကျော်ပါပီ

ညီမတို့က LDRSပါ တစ်ခါတွေ့ပီးပါပီ

တွေ့တဲ့အခါမာလဲ ညီမ အမပါတယ်

ဖြစ်ခြင်တာကလေ ညီမက ကိုယ်ကို သဝန်တိုပီး အချစ်ခံခြင်တာပါ

ညီမက ငါတို့တွဲတာ တစ်နှစ်ကျော်ပီဆိုတော့ rs ချိတ်ရအောင်လို့ပြောပါတယ်

သူက ပြောတယ် ငါ့မိသားစု ငါ့အသိုင်းအဝိုင်း ငါ့သူငယ်ချင်းတွေသိရင်ပီးရောပေါ့တဲ့

fb မှာ ဘာလို့ တင်ခြင်တာလဲတဲ့

ညီမကို သူပြောတယ် နင်က poppin ကြိုက်တဲ့သူတဲ့

မင်မင်ညီမကအဲ့လိုဖြစ်သွားတဲ့လူလား poppin ကြိုက်တဲ့လူလား

တစ်ခါတစ်လေတိုက်ဆိုင်တာတွ့လို့ tagတွဲရင် tagတွဲပေမဲ့ သူဆီမာမပေါ်ဘူး

ညီမဘက်ကဘဲ mentionတာ

သူ့ဘက်က စချစ်ကတည်းကနေ အခုထိတိုင်

ညီမကို ဘယ်လောက်ချစ်ကြောင်း သူ့ accထဲမှာမပြောသလို silentလိုနေပါတယ်

ငါကနင့်အတွက်silentလားလို့မေးတော့

ငါ့မိသားစုနဲ့သူငယ်ချင်းသိရင် တော်ရောပေါ့တဲ့

အပြင်လူသိစရာမလိုဘူးလို့ပြောတယ်

ပိုပီးခံစားရတာကလေ တစ်ခုခုနားမလည်လို့မေးရင်

uniကျောင်းသူဖြစ်ပီး ဒါလေးတောင်မသိဘူးလားမတက်ဘူးလားလို့

ခဏခဏအဲ့လိုအပြောခံရပါတယ်

ညီမကသူ့ကိုလက်ထပ်ဖို့ထိရည်ရွယ်ထားတာပါ

သူ့ကိုချစ်လားလို့မေးရင်ချစ်တယ်လို့ဖြေတယ်

ဘယ်လောက်ထိချစ်မာလဲလို့မေးရင်လေ

ချစ်ခြင်သလောက်ဘဲချစ်မယ်လို့အမြဲပြောတယ်

အဲ့စကားက ညီမအတွက်မခံစားနိူင်ဘူး

သူ့မိသားစုက အသိုင်းဝိုင်းကြီးပါတယ် ညီမတို့မိသားစုက လခစားမိသားစုပါ

သူကအမြဲပြောတယ် ညီမကို မကြိုးစားမတိုးတက်ရင်

မယူဘူးလို့အမြဲပြောပါတယ်😔

ချစ်သူဖြစ်နေတဲ့အတွင်းမှာ

တစ်နာရီတောင် မပြည့်ပါဘူး စကားပြောတာ

24နာရီမှာ တစ်နာရီတောင်မပြည့်ပါဘူး

စကားပြောတာ တစ်ခုခုဆို ညီမမသိရင်နှိမ်ပါတယ်

ညီမကဘာသာ ခြားပါ ဝက်သားစားမရပါဘူး

သူနဲ့ယူပီးရင်ဝက်သားစားရမယ်လို့ပြောပါတယ်

ဖြတ်ပေးပါလို့ပြောလဲ ညီမကိုဖြတ်မပေးပါဘူး ညီမဘယ်လိုလုပ်ရမလဲ

စကားများရင်လဲ ညီမကို ဆဲပါတယ်

ညီမက ကိုယ့်ချစ်သူကို ချစ်လို့ချွဲရင်လဲ ချွဲတာမကြိုက်ပါဘူး

ညီမအသံက ချိူတဲ့အထဲမှာပါပါတယ် လုပ်ပြောတာလဲမဟုတ်ပါဘူး ကိုယ့်ချစ်သူကိုချစ်လို​့ ချွဲရင်သူက မကြိုက်ပါဘူး

ညီမဘာဆက်လုပ်သင့်လဲ ဟင်

ငါတို့အသက်၃၀ရောက်ရင်ယူရအောင်လို့ပြောတော့ သူ့အိပ်မက်တွေမပြည့်ဘဲမယူခြင်ဘူးတဲ့

ညီမဘာဆက်လုပ်သင့်လဲ သူနဲ့ယူဖြစ်ခဲ့ရင်ရော ညီမပျော်ရွှင်ရလောက်လား















ညီမဘက်ကဘဲ mentionတာ













အဲ့စကားက ညီမအတွက်မခံစားနိုင်ဘူး













ညီမအသံက ချိုတဲ့အထဲမှာပါပါတယ် လုပ်ပြောတာလဲမဟုတ်ပါဘူး ကိုယ့်ချစ်သူကိုချစ်လို့​ ချွဲရင်သူက မကြိုက်ပါဘူး


