ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၅၅

ကိုယ့်အကြောင်းရင်ဖွင့်ချင်ပါတယ်

သားကြီးလေးက ငါးနှစ်ကျော်ခြောက်နှစ်ထဲမှာပါ

သမီးလေးက တနှစ်ပါ

၃လလောက်မှာ ကိုယ့်ကိုမူးပီးရိုက်နှက်တာကနေ သားကြီးလေးကိုပါကိုင်ပေါက်လို့

အိမ်ပေါကနေစိတ်နာပီးဆင်းခဲ့ပါတယ်

အဲအချိန်ကိုယ်ဝန်အမွှာကလဲထပ်ပါလာပါတယ်

အခုတော့ကိုယ်တယောက်ထဲရုန်းနေရတာမှာ ကလေးအမွှာကလဲနေ့မစေ့လမစေ့ပဲမွေးပီး

သမီးလေးက ဆုံးသွားပီး သားလေးအမွှာအကြီးလေးကျန်ခဲ့ပါတယ်

ပြောချင်တာက ငရဲတွင်းနဲ့တူတဲ့အဲကိုပဲပြန်ရမလား

thet tay ပစ်ရမလား ဘာဆက်လုပ်ရမလဲမသိတော့ပါဘူး

အိမ်လခတောင်မပေးနိုင်လို့သားမိ၃ယောက် ဆေးရုဲမှာပြောင်းနေနေရပါတယ်

ဒီအခက်ခဲတွေကိုကျော်နိုင်ပါ့မလား ကျမဆုံးဖြတ်ချက်တွေမှားနေပီလားဆိုတာသိချင်လို့ပါ



သမီးလေးက တနှစ်ပါ








အိမ်လခတောင်မပေးနိုင်လို့သားမိ၃ယောက် ဆေးရဲုမှာပြောင်းနေနေရပါတယ်
