Group ထဲက အဖွဲ့တွေအနေနဲ့ ညီမစာကို ဆုံးအောင်ဖတ်ပြီး အကြံညဏ်ပေးစေလိုပါတယ်ရှင့်။
ညီမက အသက် 26ပါရှင့်။ အိမ်ထောင်ကျတာ 6နှစ်ရှိပါပြီ ချစ်စရာကောင်းတဲ့ ညိုချောသမီးလေး တစ်ယာက်ရှိပါတယ်ရှင့်။
ညီမအမျိုးသားက ညီမထက် 10စုနှစ်တစ်ခုစာေလာက် အသက်ကြီးပါတယ်။
ညီမတို့က ချစ်လို့ ကြိုက်လို့ဆိုတာထက် လိုင်းပေါ်မှာ အရင် ပြောဖူးပြီး သိကြတာပါ။
အိမ်ထောင်မကျခင် သူ့မှာ ကောင်မလေးတစ်ယောက်ရှိပါတယ်..
သူ့ကောင်မလေးက လှိုင်သာယာမှာ နေပါတယ်ရှင့်။
ညီမကတော့ ဧရာ၀တီသူမို့ လှိုင်သာယာဘက်မှာ အလုပ်လုပ်ရင် ကျောင်းတက်ပါတယ်ရှင့်..
အဲဒီအချိန် ညီမနဲ့ ချစ်သူဖြစ်တဲ့ကောင်လေးရှိပါတယ်ရှင့်။
အဲဒီကောင်းလေးက သူ့အလုပ်ရှိရာ စက်ရုံက ကောင်မလေးနဲ့ ထပ်ပြီးတွဲနေတာ သိရတော့ ညီမသူ့ကို ချစ်ရက်နဲ့ ပြတ်သားစွာပဲ လမ်းခွဲလိုက်ပါတယ်။
ညီမဘ၀ရဲ့ ပထမဦးဆုံး အသည်းကွဲခဲ့တဲ့အချိန်ပေါ့ရှင်..
အဲ့အချိန် စိတ်လေပြီး ယခု ညီမရဲ့ အိမ်ထောင်ဖက်နဲ့ တွေ့ခဲ့ရတာပါ။
သူကလည်း သူ့ရဲ့ ကောင်မလေး ဂရုမစိုက်တာကြောင့် ညီမနဲ့ ရွဲ့ပြီး တွဲကြပါတယ်။
ဒီလိုနဲ့ ညီမတို့ တွဲရင်းနဲ့ မှားခဲ့ကြပါတယ်။ ညီမမှာ ကိုယ်၀န်ရှိခဲ့ပြီး သူ့ကို ဖွင့်ပြောပြခဲ့ပါတယ်ရှင့်။
ဒါကိုလည်း သူကလက်ခံပြီး ညီမတို့ရဲ့ ဘ၀ကို နှစ်ဖက်မိဘစုံလင်စွာနဲ့ တစ်အိုးတစ်အိမ် ထူထောင်ခဲ့ပါတယ်။
ပြဿနာက အဲဒီမှာ စတော့တာပါပဲရှင် ညီမက ကိုယ်၀န်နဲ့မို့ စိတ်တိုလွယ်၊ စိတ်ဆိုးလွယ်ပါတယ်ရှင်
သုကတော့ တစ်ခြားကောင်မလေးတွေနဲ့ လိုင်းပေါ်မှာ ချစ်ခဲ့ကြိုက်ခဲ့ပါတယ်။
ဖုန်းဘေလ်ကအစ သူကထည့်ပေးပါတယ်။ ဒီလိုနဲ့ ညီမတို့ ပြဿနာတွေ တင်ကြပါတယ်..ကိုယ့်ယောက်ျားမို့ တစ်ကြိမ်ပဲလေဆိုပြီး ခွင့်လွှတ်ပေးခဲ့ပါတယ်။
အရာရာကိုလည်း မေ့ပေးခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတို့ရယ် သူက နောက်တစ်ယေညက်၊ နောက်တစ်ယောက်နဲ့ တော်တော်များများ ညီမမသိအောင် စကားပြောတာ၊ chat တာတွေ လုပ်ပါတယ်ရှင့်။
သူ့ကို ညီမအပြစ်ပြောရင် သူက “ငါမိန်းကလေး သူငယ်ချင်းတောင် မထားရဘူးလား” အာ့လိုအမြဲပြန်ပြောတယ်..ညီမကမထားနဲ့မဟုတ်ဘူး ထားလို့ရတယ် သို့ပေမယ့် သူငယ်ချင်းအဆက့်ထက် ပိုလွန်တဲ့ စကားတွေ၊ စာတွေ မပြောစေချင်ပါဘူးရှင့်။
နောက်ထပ်ပိုဆိုးတာက သူ Revolution ကာလမှာ ညီမ အပြင်မှာ ဆန္ဒပြသွားရင်း ဖုန်း၀င်လာပါတယ်။
“ငါ့မှာချစ်ရတဲ့သူရှိနေပြီ ငါနင့်ကို လိပ်ပြာမလုံလို့ ပြောပြတာ၊ နင်ကြိုက်သလို လုပ်နိုင်ပါတယ်တဲ့”
ညီမရုတ်တရက် စွံ့အ သွားတယ်ရှင့်။ ဘာပြန်ပြောရမှန်းမသိဘဲ အိမ်ထောင်ရင် ငါတို့ပြောကြမယ်လို့ပြောပြီး ဖုန်းချလိုက်ပါတယ်။
အဲဒီလို ညီမတို့ နှစ်ဦးသဘောတူ ကွာရှင်းလိုက်ကြပါတယ်။ အဲ့အချိန်မှာ ညီမမှာ သတ္တိ လုံး၀မရှိဘဲ ညီမသမီးလေးနဲ့ ရပ်တည်နိုင်ပါ့မလားဘဲ တွေးနေခဲ့တယ်။
၁လလောက်ကြာတော့ သူပြန်ချော့တော့ဘဲ ညီမဘက်က ပြန်ပျော့သွားပြီ အခုချိန်ထိ အတူတူနေနေကြဆဲပါ။
ဒါပေမယ့် ညီမသူ့အပေါ် ဘာခံစားချက်မှ မရှိတော့ဘဲ သူဘာလုပ်လုပ် ညီမစိတ်မ၀င်စားတော့ဘူး။
ဆိုးတာက ညီမ ကျန်းမရေးကြောင့် ဆေးရုံရဲ့ အရေးပေါ်ခန်းမှာ ၁လနီးပါးနေခဲ့ရတာတောင် ညီမအပေါ် သိပ်ပြီးစိုးရိမ်တဲ့ပုံလည်း မပေါ်ခဲ့ဘူး။
ညီမသွေးကင်ဆာကြောင့် ကီမိုသွင်းတော့ ဆေးဒဏ်ကြောင့် ကိုယ်ပူချိန်များနေရင်လည်း ရေပတ်တောင် တိုက်ပေးဖော်မရခဲ့ဘူး။
ညီမသိလိုက်ပါတယ် အဲ့အချိန်မှာ ညီမရှေ့ဆက် ကိုယ့်ဘာသာ ရပ်တည်မှ ဖြစ်တော့မယ်ဆိုတာကို။
အခုညီမမှာ သူ့အပြင် နောက်ထပ် တိုင်ပင်ဖော် တစ်ယောက်ရှိနေပါပြီရှင့်။
သူ့အပေါ် ညီမစိတ်၀င်စားနေလားဆိုတာ တိတိကျကျ မသိနိုင်သေးပါဘူး..
ဒါပေမယ့် ညီမဘာအဲပြောပြော၊ ဘာပဲလုပ်လုပ် ဒါဟာ မလုပ်ရဘူး၊ မလုပ်သင့်ဘူး၊ မှန်တယ်၊ မှားတယ်ကအစ ညီမအပေါ် ထောက်ပြပြောဆိုပေးနိုင်တယ်။
သူ့ဘက်က ညီမကို ချစ်နေတယ်ဆိုတာ ဖွင့်ပြောထားပါတယ်။ ညီမကပဲ အမြဲ ဦးဆောင်နေရလို့လားပဲ ညီမသူ့ရဲ့ ဦးဆောင်မှုကိုပဲ နှစ်သက်နေမိပြီ..
ညီမဘာလုပ်သင့်လဲ..ဒါဟာ ညီမဖောက်ပြန်ပြီး အပြစ်ဖြစ်နေလားဆိုတာကို သုံးသပ်ပြီး..ကောင်းတဲ့အကြံညာဏ်လေးတွေ ပေးစေချင်ပါတယ်ရှင့်…
Group ထဲက အဖြဲ႕ေတြအေနနဲ႔ ညီမစာကို ဆုံးေအာင္ဖတ္ၿပီး အႀကံညဏ္ေပးေစလိုပါတယ္ရွင့္။
ညီမက အသက္ 26ပါရွင့္။ အိမ္ေထာင္က်တာ 6ႏွစ္ရွိပါၿပီ ခ်စ္စရာေကာင္းတဲ့ ညိဳေခ်ာသမီးေလး တစ္ယာက္ရွိပါတယ္ရွင့္။
ညီမအမ်ိဳးသားက ညီမထက္ 10စုႏွစ္တစ္ခုစာေလာက္ အသက္ႀကီးပါတယ္။
ညီမတို႔က ခ်စ္လို႔ ႀကိဳက္လို႔ဆိုတာထက္ လိုင္းေပၚမွာ အရင္ ေျပာဖူးၿပီး သိၾကတာပါ။
အိမ္ေထာင္မက်ခင္ သူ႔မွာ ေကာင္မေလးတစ္ေယာက္ရွိပါတယ္..
သူ႔ေကာင္မေလးက လႈိင္သာယာမွာ ေနပါတယ္ရွင့္။
ညီမကေတာ့ ဧရာ၀တီသူမို႔ လႈိင္သာယာဘက္မွာ အလုပ္လုပ္ရင္ ေက်ာင္းတက္ပါတယ္ရွင့္..
အဲဒီအခ်ိန္ ညီမနဲ႔ ခ်စ္သူျဖစ္တဲ့ေကာင္ေလးရွိပါတယ္ရွင့္။
အဲဒီေကာင္းေလးက သူ႔အလုပ္ရွိရာ စက္႐ုံက ေကာင္မေလးနဲ႔ ထပ္ၿပီးတြဲေနတာ သိရေတာ့ ညီမသူ႔ကို ခ်စ္ရက္နဲ႔ ျပတ္သားစြာပဲ လမ္းခြဲလိုက္ပါတယ္။
ညီမဘ၀ရဲ႕ ပထမဦးဆုံး အသည္းကြဲခဲ့တဲ့အခ်ိန္ေပါ့ရွင္..
အဲ့အခ်ိန္ စိတ္ေလၿပီး ယခု ညီမရဲ႕ အိမ္ေထာင္ဖက္နဲ႔ ေတြ႕ခဲ့ရတာပါ။
သူကလည္း သူ႔ရဲ႕ ေကာင္မေလး ဂ႐ုမစိုက္တာေၾကာင့္ ညီမနဲ႔ ႐ြဲ႕ၿပီး တြဲၾကပါတယ္။
ဒီလိုနဲ႔ ညီမတို႔ တြဲရင္းနဲ႔ မွားခဲ့ၾကပါတယ္။ ညီမမွာ ကိုယ္၀န္ရွိခဲ့ၿပီး သူ႔ကို ဖြင့္ေျပာျပခဲ့ပါတယ္ရွင့္။
ဒါကိုလည္း သူကလက္ခံၿပီး ညီမတို႔ရဲ႕ ဘ၀ကို ႏွစ္ဖက္မိဘစုံလင္စြာနဲ႔ တစ္အိုးတစ္အိမ္ ထူေထာင္ခဲ့ပါတယ္။
ျပႆနာက အဲဒီမွာ စေတာ့တာပါပဲရွင္ ညီမက ကိုယ္၀န္နဲ႔မို႔ စိတ္တိုလြယ္၊ စိတ္ဆိုးလြယ္ပါတယ္ရွင္
သုကေတာ့ တစ္ျခားေကာင္မေလးေတြနဲ႔ လိုင္းေပၚမွာ ခ်စ္ခဲ့ႀကိဳက္ခဲ့ပါတယ္။
ဖုန္းေဘလ္ကအစ သူကထည့္ေပးပါတယ္။ ဒီလိုနဲ႔ ညီမတို႔ ျပႆနာေတြ တင္ၾကပါတယ္..ကိုယ့္ေယာက္်ားမို႔ တစ္ႀကိမ္ပဲေလဆိုၿပီး ခြင့္လႊတ္ေပးခဲ့ပါတယ္။
အရာရာကိုလည္း ေမ့ေပးခဲ့ပါတယ္။ ဒါေပမယ့္ သူငယ္ခ်င္းတို႔ရယ္ သူက ေနာက္တစ္ေယညက္၊ ေနာက္တစ္ေယာက္နဲ႔ ေတာ္ေတာ္မ်ားမ်ား ညီမမသိေအာင္ စကားေျပာတာ၊ chat တာေတြ လုပ္ပါတယ္ရွင့္။
သူ႔ကို ညီမအျပစ္ေျပာရင္ သူက “ငါမိန္းကေလး သူငယ္ခ်င္းေတာင္ မထားရဘူးလား” အာ့လိုအၿမဲျပန္ေျပာတယ္..ညီမကမထားနဲ႔မဟုတ္ဘူး ထားလို႔ရတယ္ သို႔ေပမယ့္ သူငယ္ခ်င္းအဆက့္ထက္ ပိုလြန္တဲ့ စကားေတြ၊ စာေတြ မေျပာေစခ်င္ပါဘူးရွင့္။
ေနာက္ထပ္ပိုဆိုးတာက သူ Revolution ကာလမွာ ညီမ အျပင္မွာ ဆႏၵျပသြားရင္း ဖုန္း၀င္လာပါတယ္။
“ငါ့မွာခ်စ္ရတဲ့သူရွိေနၿပီ ငါနင့္ကို လိပ္ျပာမလုံလို႔ ေျပာျပတာ၊ နင္ႀကိဳက္သလို လုပ္ႏိုင္ပါတယ္တဲ့”
ညီမ႐ုတ္တရက္ စြံ႕အ သြားတယ္ရွင့္။ ဘာျပန္ေျပာရမွန္းမသိဘဲ အိမ္ေထာင္ရင္ ငါတို႔ေျပာၾကမယ္လို႔ေျပာၿပီး ဖုန္းခ်လိုက္ပါတယ္။
အဲဒီလို ညီမတို႔ ႏွစ္ဦးသေဘာတူ ကြာရွင္းလိုက္ၾကပါတယ္။ အဲ့အခ်ိန္မွာ ညီမမွာ သတၱိ လုံး၀မရွိဘဲ ညီမသမီးေလးနဲ႔ ရပ္တည္ႏိုင္ပါ့မလားဘဲ ေတြးေနခဲ့တယ္။
၁လေလာက္ၾကာေတာ့ သူျပန္ေခ်ာ့ေတာ့ဘဲ ညီမဘက္က ျပန္ေပ်ာ့သြားၿပီ အခုခ်ိန္ထိ အတူတူေနေနၾကဆဲပါ။
ဒါေပမယ့္ ညီမသူ႔အေပၚ ဘာခံစားခ်က္မွ မရွိေတာ့ဘဲ သူဘာလုပ္လုပ္ ညီမစိတ္မ၀င္စားေတာ့ဘူး။
ဆိုးတာက ညီမ က်န္းမေရးေၾကာင့္ ေဆး႐ုံရဲ႕ အေရးေပၚခန္းမွာ ၁လနီးပါးေနခဲ့ရတာေတာင္ ညီမအေပၚ သိပ္ၿပီးစိုးရိမ္တဲ့ပုံလည္း မေပၚခဲ့ဘူး။
ညီမေသြးကင္ဆာေၾကာင့္ ကီမိုသြင္းေတာ့ ေဆးဒဏ္ေၾကာင့္ ကိုယ္ပူခ်ိန္မ်ားေနရင္လည္း ေရပတ္ေတာင္ တိုက္ေပးေဖာ္မရခဲ့ဘူး။
ညီမသိလိုက္ပါတယ္ အဲ့အခ်ိန္မွာ ညီမေရွ႕ဆက္ ကိုယ့္ဘာသာ ရပ္တည္မွ ျဖစ္ေတာ့မယ္ဆိုတာကို။
အခုညီမမွာ သူ႔အျပင္ ေနာက္ထပ္ တိုင္ပင္ေဖာ္ တစ္ေယာက္ရွိေနပါၿပီရွင့္။
သူ႔အေပၚ ညီမစိတ္၀င္စားေနလားဆိုတာ တိတိက်က် မသိႏိုင္ေသးပါဘူး..
ဒါေပမယ့္ ညီမဘာအဲေျပာေျပာ၊ ဘာပဲလုပ္လုပ္ ဒါဟာ မလုပ္ရဘူး၊ မလုပ္သင့္ဘူး၊ မွန္တယ္၊ မွားတယ္ကအစ ညီမအေပၚ ေထာက္ျပေျပာဆိုေပးႏိုင္တယ္။
သူ႔ဘက္က ညီမကို ခ်စ္ေနတယ္ဆိုတာ ဖြင့္ေျပာထားပါတယ္။ ညီမကပဲ အၿမဲ ဦးေဆာင္ေနရလို႔လားပဲ ညီမသူ႔ရဲ႕ ဦးေဆာင္မႈကိုပဲ ႏွစ္သက္ေနမိၿပီ..
ညီမဘာလုပ္သင့္လဲ..ဒါဟာ ညီမေဖာက္ျပန္ၿပီး အျပစ္ျဖစ္ေနလားဆိုတာကို သုံးသပ္ၿပီး..ေကာင္းတဲ့အႀကံညာဏ္ေလးေတြ ေပးေစခ်င္ပါတယ္ရွင့္…