ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၅၇

ညမ အိမ်​ထောင်သက်တစ်နှစ်ရှိပါပြီ စယူကတည်းက စီးပွား​ရေးအဆင်မ​ပြေတာပါ

သူက ​လောင်းကစားအရမ်းလုပ်ပါတယ်

လစာထုတ်ရင်လဲ တစ်ညထဲနဲ့ တစ်လလုံးရှာထားသမျှကုန်တာပါ

အခုဆိုအ​ကြွေးက ၁၀​သိန်း​ကျော်​လောက်ရှိပါတယ်

ညမအ​မေဆင်​ပေးထားတဲ့လက်စွပ်​​လေးလဲ ​အ​ကြွေးပူ​တွေ​ကြောင့်​ရောင်းလိုက်ရပါတယ်

သူ့မိဘကိုတိုင်​တော့လဲ သူ့အ​ဖေက ဆက်မ​ပေါင်းနဲ့ဆိုပြီး ကွဲခိုင်းပါတယ်

ကွဲလိုက်ရင်လဲညမကမိန်းက​လေးပါ ညမပဲနစ်နာမှာပါ

ပြီး​တော့သူ​လောင်းကစားလုပ်တာ ညမဘက်ကမိဘ​တွေတစ်​ယောက်မှမသိပါဘူး

သူကအပြင်ပိုင်းကကြည့်ရင်​တော့ ​အေးပါတယ်

ဒါ​ပေမယ့်သူ​့ဒဏ်​တွေ ညမပဲခံရတာပါ

ညမလဲ ၀န်ထမ်း သူလဲ၀န်ထမ်းပါ အခုကလစာထုတ်ရင် သူ့လစာသူသုံးတယ်

ညမက​တော့ သူ့အ​ကြွေး​တွေဆပ်​ပေးရတယ်

ညမအိမ်ကအ​မေက​တောင်းရင် သူကငြိုငြင်ပါတယ်

ပိုက်ဆံ​ပေးရတာချင်းအတူတူ အိမ်ဌား​နေမယ်​ပြောပါတယ်

အရင်ကအိမ်ဌား​နေတုန်းကလဲ သူအဲလို​လောင်းကစားလုပ်ပစ်လို့

အိမ်လခ​ပေးစရာမရှိရင် ​ချေးပြီး​ပေးရ​တော့ အ​ကြွေး​ပေါ်အ​ကြွေးဆင့်ရတာပါပဲ

ညမအရမ်းစိတ်ညစ်​နေပါတယ်

သူ့ကိုလဲကွာချင်လဲ ညမ​ကြောင့်မိဘ​တွေ မျက်ရည်ကျမှာကိုလဲ မမြင်ရက်လို့ပါ

ညမဘယ်လိုဆက်လုပ်ရမလဲ



















ညမဘယ်လိုဆက်လုပ်ရမလဲ