ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၅၈

သူနဲ့ ညီမ နဲ့ တွဲ တာ ၂လ ကျော်ပဲ ရှိပါသေးတယ်

၂လ မပြည့်ခင် မှာ ပဲ သူ့အရင်ရည်းစားက ညီမ ကို စကားလာပြောပါတယ်

သူနဲ့ တွဲတာ တစ်နှစ်ကျော်ပြီ တဲ့ ညီမ နဲ့တွဲနေတာ ကြာပြီလား လာမေးပါတယ်

အဲ့တုန်းက ညီမ တို့ ၂လ မပြည့်သေးပါဘူး

တွဲတာ အဲ့ချိန်မှာ သူမှာ ညီမ အပြင် နောက်တစ်ယောက်ရှိနေတာ မသိခဲ့ပါဘူး

အဲ့တာနဲ့ အဲ့ကောင်မလေးက ညီမ ကို နောက်ဆုတ်ပေးဖို့ပြောပါတယ်

ညီမ အနေ နဲ့လဲ နောက်ဆုတ်ပေးမယ် လို့ ပြောလိုက်ပါတယ်

ဒါပေမယ့် ညီမကောင်လေးက. ညီမသွားမေးတော့ သူက အဆက်သွယ်မရှိတာ ၂ လ လောက်ရှိပြီပြောပါတယ်

ဟိုကောင်မလေးက လဲ သူလိမ်နေတာ ပြောပါတယ် နှစ်ယောက်ကြားမှာ ဘယ်သူ့ကိုယုံလို့ ယုံရ မှန်းလဲ မသိပါဘူး

အဲ့တာနဲ့ ညီမကောင်လေးက အဲ့ကောင်မလေး ကို အစ ထဲက အပျော် တွဲ ခဲ့တာလို့ ပြောပါတယ် တကယ်မချစ်ပါဘူးတဲ့

ဘာလို့ ဆို အဲ့ကောက်မလေးက ပညာ အရည် ချင်းက ၁၀ တန်းတောင်မအောင် ဘူး တဲ့ ခဏတာပဲ တွဲခဲ့တာတဲ့

သူ့အနေနဲ့ လက်ထပ် မယ့်ကောင်မလေးဆို သူနဲ့ပညာအရည်ချင်း တူတဲ့သူမှ သူရွေးမှာလို့ပြောပါတယ်

ညီမ လဲ အဲ့တာနဲ့ လမ်းခွဲ ကြ ဖို့ ပြောပါတယ် ဟိုကောင်မလေးကိုသနားလို့

ဒါမဲ့ ညီမကောင်လေးက သူ့ကိုပြန်မတွဲချင်ပါဘူး တဲ့ သူ့ကို ချက်ချင်း fb မှာ block လိုက်ပါတယ်

ညီမကောင်လေးက ဆေးရုံမှာ အလုပ်လုပ်တာပါ

အလုပ် ကို လဲ ညီမ ကိုခဏခဏ ခေါ်ပါတယ် သူ့သူငယ်ချင်း တွေ ကိုလဲ မိတ်ဆက်ပေးပါတယ်

အခု ပြသနာက ညီမ ကိုသူက တကယ်လဲ ချစ်ပါတယ် ရသမျှ လစာလဲ တစ်ဝက်လောက်အပ်ပါတယ်

လစာအပ်တာလဲ ညီမတို့နှစ်ယောက်က လတ်မှတ် ထိုးထားပါတယ်တရားရုံးမှာ မိဘ တွေတော့မသိပါဘူး

သူက ညီမ ကို ဒီ ပြသနာတွေ သိသွားရင်လမ်းခွဲ မှာဆိုး လို့ အဲ့လို လတ်မှတ်ထိုးထားတာပြောပါတယ်

အဲ့တာနဲ့ ပဲ ညီမ လဲ သူ့ကိုခွင့်လွတ် ပြီးသူနဲ့ ဆက်တွဲ နေပါတယ်

ဒါပေမယ့် ဟိုကောင်မလေးက ညီမကို စနိူက်ကျော် မ ဆိုပြီူစောင်း မြောင်းပြောပြီး fb မှာပါ tag တွဲ ပြီးတင်နေပါတယ်

ညီမ သူ့ကို ပြောပါတယ် သူ့ ပြန်လာချင်ရင် ခေါ်သွားပါ ညီမ ဆွဲ မထားဘူး ပြောတာကို မရပါဘူး

အဲ့လို တွေ လာလာ တင်နေတော့တချို့တွေက ညီမ ကိုဆဲတဲ့သူက ဆဲ အားပေးတဲ့သူက အားပေးပေါ့

တကယ်တော့ စနိူက်ကြော် ရအောင်လဲ သူတို့တွဲ နေတာမသိဘဲ တွဲမိသွားကြ တာပါ

ဘာလုပ် ရမလဲ ဘယ်လို ​ဖြေ ရှင်းရမှန်းလဲ မသိလို့ပါ

ညီမ ကောင်လေးက တော့ဂရုမစိုက်နဲ့ သူ က အဲ့လို စိတ်ဓာတ်ရှိ လို့သူနဲ့လမ်းခွဲ ခဲ့တာ ဆို ပြီး ပြောပါတယ်

ညီမ ကောင်လေးက com မှာ ဝင်မန့်ရင်လဲ ခြံ ခုန်နွားဆို ပြီး ပြောပါသေးတယ်

ညီမ တို့နှစ်ယောက်လုံးက တော့မသိဘူး ညီမ ကတော့သူ့ကိုတကယ်ချစ်ပါတယ်

သူက လဲဆေးကျောင်းသား ပါ

ညီမ က လဲ ဆေးကျောင်းသူပါ သူညီမ ကိုကော တကယ် ချစ်မချစ်လဲ မပြောတက်ပါဘူး

ဒါမယ့် သူကတော့တကယ်ချစ်တယ်လို့ တော့ထင်မိပါတယ်

အဲ့တာ ညီ မ ဘာဆက်လုပ်ရမလဲ ဒီတိုင်းလျှစ်လျူရူ့ ထားရမှာလား ဘာလုပ်ရမလဲမသိလို့

အကြံလေးပေးကြပါဦး





















ဒါပေမယ့် ဟိုကောင်မလေးက ညီမကို စနိုက်ကျော် မ ဆိုပြီူစောင်း မြောင်းပြောပြီး fb မှာပါ tag တွဲ ပြီးတင်နေပါတယ်



တကယ်တော့ စနိုက်ကြော် ရအောင်လဲ သူတို့တွဲ နေတာမသိဘဲ တွဲမိသွားကြ တာပါ









အကြံလေးပေးကြပါဦး