ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၅၉

ညီမအသက်က ၂၂ပြည့်ပြီးပါပြီ

အမျိုးသားအသက်က ၂၇ပါ

သူနဲ့ညီမနဲ့တစ်နယ်ဆီပါ

ညီမတို့phထဲမှာ၃နှစ်ကြိုက်ပြီးယူခဲ့ကြပါတယ် သူညီမကိုလာတွေ့ခဲ့တာ လည်း

ခရီးဝေးတော့ ၂နာရီလောက်မောင်းရတဲ့ ခရီးပါ ကားနဲ့သွားရင်လည်း သူကဆိုင်ကယ်နဲ့လာတွေ့ခဲ့တာပါ

၅ ခါလောက်လာတွေ့ပါတယ် မရခင်က အရမ်းကိုသူကညီမအပေါ်ဂရုစိုက်ကောင်းပြခဲ့ပါတယ်

သူကအငယ်ဆုံးသားပါ အိမ်ကိုလည်းအရမ်းကြောက်ရပါတယ် မိဘတွေအမတွေကို သူညီမကိုသူအိမ်မသိအောင်အမြဲညီမရှိတဲ့မြို့ကိုလာတွေ့ခဲ့ပါတယ်

နောက်ဆုံးသူလာတွေ့တဲ့နေ့က ပွဲရှိလို့ညီမလိုက်သွားခဲ့ပါတယ်

သူအိမ်ပြန်လိုက်ပို့ပေးတော့အချိန်က ၆ခွဲဆိုတော့ညနေစောင်းမှောင်နေတော့

ညီမလည်းအိမ်မပြန်ရဲတော့ပါဘူးဦးလေးတွေကိုကြောက်လို့ပါ ဦးလေးတွေကတအားဆူတာပါဆူမိရင်

အဲ့ဒါနဲ့သူ့နောက်ကိုခိုးရာလိုက်မိတာပါ

သူကတောသားဆိုတော့ တောင်သူလုပ်ပါတယ် ညီမကအိမ်မာအငယ်ဆုံးသမီးဆိုတော့ အိမ်ကချစ်လို့ ဘာအလုပ်မှ မလုပ်ခိုင်းပဲထားခဲ့တော့ ညီမတောင်သူလည်းမလုပ်တက်ခဲ့ပါဘူး

ညီမအသက် 19 20မှာသူနဲ့ယူခဲ့တာပါ ဥက္ကဠအိမ်မာလက်မှတ်ထိုးပြီးယူခဲ့ကြပါတယ်

သူ့အိမ်ကလူတွေက ညီမကိုတောင်သအလုပ်ူမလုပ်တက်လို့ဆိုပြီးမကြည်ဖြူခဲ့ပါဘူး

သူ့အဖေနဲ့သူကပဲညီမအပေါ်ကောင်းခဲ့ပါတယ် ညီမနဲ့သူစရခါစကဆို သူညီမအပေါ်အရမ်းကောင်းခဲ့ပါတယ်

သူကရိုးသားပါတယ်တစ်ချားယောက်ကျားလေးတွေလို အရက်မသောက် ဆေးလိပ်မသောက်ကွမ်းမစားပါဘူး

တစ်ခုပဲသူ့ဗီဇက ပွေချင်ရူပ်ချင်ပါတယ်လိုင်းပေါ်မာ

ညီမကိုလည်းသူတော်တော်လေးချစ်ရှာပါတယ်

ညီမနဲ့ရပြီး သူphတောင်သိပ်မကြည့်တော့ပါဘူး

သူ့အမတွေနဲ့ညီမနဲ့မတည့်တော့ညီမဘက်ကအစပိုင်းတော့သူရပ်တည်ပေးခဲ့ပါတယ်

ညီမအဲ့တုန်းကညီမအသက်က ၁၉ ၂၀ဆိုတော့ငယ်သေးတော့စိတ်ဆိုးတိုင်းညီမမိဘအိမ်ပဲအမြဲပြန်ခဲ့ပါတယ်

ပြန်လာလိုက်ပြန်သွားလိုက်လုပ်ရင်းနဲ့ကြာတော့သူကညီမကိုအထင်လွဲသွားပါတယ်

ရန်ဖြစ်တ်ုင်းညီမကအနိုင်လိုချင်တဲ့စိတ်နဲ့ကွာရှင်းစာချုပ်မှာလက်မှတ်အမြဲထိုးခိုင်းမိပါတယ်

သူ့ကိူ သူကအဲ့လိုပြောရင်အရမ်းစိတ်ဆိုးပါတယ်

ပထမတစ်ခါအိမ်ပြန်မယ်လုပ်တော့သူငိုပါတယ် နောက်ပိုင်းတားမရတော့သူမပြောတော့ပါဘူး

ညီမကိုအလေးမထားတော့ပါဘူး

အိမ်ကိုခဏခဏပြန်တယ်ဆိုပြီးညီမတို့ဘက်မာညီမမာအသစ်ရှိနေပြီလို့သူ့စိတ်ထဲသံသယအမြင်နဲ့

ညီမအပေါ်အထင်လွဲသွားပါတယ် ညီမပြန်လာမယ်လာကြိုပါပြောတော့သူလာကြိုပါတယ်

ညီမသူ့အနားမရှိတဲ့အချိန်သူ့အမတွေကတိုက်ထားတယ်နဲ့တူပါတယ် ညီမကိုသူအရင်လိုဂရုမစိုက်တော့ဘူး

ပြန်မယ်ပြောလည်းမတားတော့ဘူး

မချစ်သလိုပုံစံဖြစ်နေပါတယ်

အမတွေကြောက်ရတယ်ဆိုပြီးညီမဘက်ကိုလုံးလုံးမပါတော့ပဲသူ့အမတွေဘက်ကိုပဲပါသွားခဲ့တာပါ

သူကအမြဲပြောပါတယ်အိမ်ထောင်ရေးကကစားစရာမဟူတ်ဘူးလို့ မင်းကွာကိုယ့်ယောက်ကျားကိုထားခဲ့ပြီး

အိမ်ခဏခဏပြန်တဲ့မင်းကလို့သူ့ပါးစပ်ကအမြဲပြောပါတယ်

သူကလည်းစိတ်ဆိုးရင်ညီမကိုစကားမပြောဘူး သူ့အမတွေနဲ့ကလည်းမတည့်တော့

သူ့အမတွေကလည်းရွဲ့တာစောင်းတာဆိုတော့ညီမမနေချင်တော့လောက်အောင်စိတ်ပျက်မိပါတယ်

သူ့အိမ်မာ သူ့ကိုကွာပေးဖိူ့ပြောတော့လည်း သူကလက်မခံပါဘူး

မင်းဘာမင်းပြန်ချင်ပြန်တဲ့ကွာဖို့စကားလာမပြောနဲ့တဲ့ ညီမပြန်တော့ မင်္ဂလာသေတ္တာကြီးပါယူပြီးပြန်ခဲ့ပါတယ်

သူကကားဂိတ်ထိလိုက်ပို့ပေးပါတယ်

အဲ့နေ့ကတည်းက ညီမလည်းမာနတွေထားပြီး သူ့ကိုမဆက်သွယ်ခဲ့ပါဘူး

အိမ်ရောက်ကတည်းက သူ့ဘက်ကလည်းဆက်သွယ်မလာခဲ့ပါဘူး

သူ့အဒေါ်တွေကပြောတော့ သူကပြောတယ်တဲ့သူ့ဘာသူပြန်သွားတာတဲ့သူပြန်လာချင်လာလိမ့်မယ်လို့ပြောတယ်တဲ့

အဲ့လိုနဲ့မာနတွေထားပြီးညီမတို့ကွဲသွားကြတာ ၃နှစ်ပြည့်တော့မာပါ

ညီမသူ့အပေါ်တကယ်ဘုရားစူးသစ္စာမဖောက်ခဲ့ပါဘူး

သူကသာအခုအချိန်ထိလိုင်းပေါ်မာပွေရူပ်နေတယ်လို့သတင်းတွေကြားရပါတယ်

ဟိုတစ်လောလေးကမှညီမသူ့ရွာကိူသူ့အဒေါ်မင်္ဂလာဆောင်ရှိတယ်ဆိုပြီးလိုက်သွားခဲ့တော့ သူ့အမတွေက ညီမတည်းမဲ့အိမ်ကိုသွားရန်တွေ့ပါတယ်

ညီမလာတာကိုမကြိုက်တဲ့ပုံစံ ညီမတို့ပြန်ပေါင်းမှာကိုကြောက်နေတဲ့ပုံနဲ့

ညီမလည်းရွာရောက်ရော သူ့တို့အမေတွေအမတွေက ညီမနဲ့ညီမအမျ်ုးသားနဲ့ကိုမတွေ့ဖြစ်အောင် လုပ်ထားပါတယ်

သူ့တို့မောင်မြို့သွားပြီး ပဲရောင်းတာကအစညီမမြင်ရင်လိုက်မာဆိူးလိူ့ဆိုပြီး တောထဲသွားနဲ့ပုံစံမျ်ုးနဲ့သွားခိုင်းပြီးလမ်းရောက်မှ အဝတ်အစားအသစ်လဲခိုင်းပါတယ်

ညီမတည်းတဲ့သူ့အဒေါ်အိမ်နဲ့ ညီမအမျ်ုးသားအိမ်က ခြံစည်းရိုးပဲခြားပါတယ် လမ်းမြင်နေရပါတယ် တစ်ယောက်နဲ့တစ်ယောက်ယောက်

သူကလည်းသူ့အမတွေကိုပဲကြောက်နေရလို့လား ညီမကိုပဲတကယ်မချစ်တော့လို့လမသိပါဘူး

သူ့အမတွေပြောစကားပဲနားထောင်ပြီးညီမကိုရှောင်နေပါတယ်

ညီမသူတို့ရွာကမပြန်မချင်းသူတ်ု့မောင်ကိူရှောင်ခိုင်းထားပါတယ်

ဘယ်နေရာအသိတကျမသိပေမယ့်ရွာထဲကလူတွေပြောတာတော့ ညီမနဲ့မတွေ့အောင်ရှောင်ခိုင်းထားတာပါ

ညီမလည်းပြန်ရော ချက်ချင်းရွာပြန်ရောက်လာရောတဲ့သူ့မောင်က ညီမကိုရှောင်ခိုင်းလို့ရှောင်နေတယ်ဆိုတာအသိသာကြီးပါ

ညီမတို့၂ယောက်သိပ်ချစ်လို့လက်ထပ်ယူခဲ့ကြတာပါ အဲ့ဒါကိုသူ့အမနဲ့အမေက ညီမနဲ့သူတို့သားက လိုင်းပေါ်မာကြိုက်ပြီးတစ်ခါပဲသွားတွေ့တာညီမက ဆိုင်ကယ်ပေါ်ကမဆင်းပဲအတင်းလိုက်လာတယ်လို့ပြောပါတယ်

မဟုတ်တန်းတရားစကားတွေကိုရွာထဲဖြန့်ထားပါတယ် နှမချင်းကိုယ်ချင်းမစာကြပါဘးူး

ညီမသူ့ကိူအရမ်းချစ်ပါတယ်အစကသူ့အပေါ်မကောင်းခဲ့ပါဘူးခဏခဏအိမ်ပြန်လိုက်သွားလိုက်ပဲလုပ်နေမိတာပါ

နောင်တတွေရပြီးပြန်သွားတော့ ရှောင်ခိုင်းထားပါတယ် ညီမဘာဆက်လုပ်သင့်ပါသလဲအကြံလေးပေးကြပါနော်

ရွာထဲကလူတွေပြောတာတော့ဥက္ကဠပြောပြီးတိုင်လို့ရတယ်တဲ့ ညီမတ်ုင်သင့်ပါသလား

သူတို့ပြောသလို ဒါမှမဟုတ်သူ့စိတ်တွေညီမဆီအရင်လိုပြန်ရောက်လာအောင်လုပ်သင့်လားအကြံပေးကြပါအုံး

ညီမတစ်ယောက်ထဲ ခေါင်းရူပ်နေလို့ပါ ညီမခံစားချက်တွေမို့ပါ စာရှည်သွားရင်တောင်းပန်ပါတယ်နော်


အမျိုးသားအသက်က ၂၇ပါ






















သူ့ကို သူကအဲ့လိုပြောရင်အရမ်းစိတ်ဆိုးပါတယ်













သူ့အိမ်မာ သူ့ကိုကွာပေးဖို့ပြောတော့လည်း သူကလက်မခံပါဘူး









ဟိုတစ်လောလေးကမှညီမသူ့ရွာကိုသူ့အဒေါ်မင်္ဂလာဆောင်ရှိတယ်ဆိုပြီးလိုက်သွားခဲ့တော့ သူ့အမတွေက ညီမတည်းမဲ့အိမ်ကိုသွားရန်တွေ့ပါတယ်


ညီမလည်းရွာရောက်ရော သူ့တို့အမေတွေအမတွေက ညီမနဲ့ညီမအမ်ျုးသားနဲ့ကိုမတွေ့ဖြစ်အောင် လုပ်ထားပါတယ်

သူ့တို့မောင်မြို့သွားပြီး ပဲရောင်းတာကအစညီမမြင်ရင်လိုက်မာဆိုးလို့ဆိုပြီး တောထဲသွားနဲ့ပုံစံမ်ျုးနဲ့သွားခိုင်းပြီးလမ်းရောက်မှ အဝတ်အစားအသစ်လဲခိုင်းပါတယ်

ညီမတည်းတဲ့သူ့အဒေါ်အိမ်နဲ့ ညီမအမ်ျုးသားအိမ်က ခြံစည်းရိုးပဲခြားပါတယ် လမ်းမြင်နေရပါတယ် တစ်ယောက်နဲ့တစ်ယောက်ယောက်



ညီမသူတို့ရွာကမပြန်မချင်းသူတ်ု့မောင်ကိုရှောင်ခိုင်းထားပါတယ်




မဟုတ်တန်းတရားစကားတွေကိုရွာထဲဖြန့်ထားပါတယ် နှမချင်းကိုယ်ချင်းမစာကြပါဘူးး

ညီမသူ့ကိုအရမ်းချစ်ပါတယ်အစကသူ့အပေါ်မကောင်းခဲ့ပါဘူးခဏခဏအိမ်ပြန်လိုက်သွားလိုက်ပဲလုပ်နေမိတာပါ



