မင်မင်ရေ ရင်ဖွင့်စာ 249 ရဲ့ အဆက်ပါ
အမျိုးသမီးလေးက အားလုံးကို ကျေးဇူးတင်ပါတယ်..တဲ့
ကျမ သိထားတဲ့ သူ့အိမ်ထောင်ရေးအကြောင်းလေး ပြောပြဖို့ ခွင့်တောင်းထားလို့ သူခွင့်ပြုလို့ တင်ပေးတာပါ
သူ့ အိမ်ထောင်ရေး အစ က သူ့အမျိုးသားက သူ့ထက် အသက် 12နှစ်ကျော် ကြီးပါတယ်
သူ့ကို 3 နစ်လောက် လေ့လာပြီးမှ မရမက ယူခဲ့တဲ့ သူပါ
သူ ချစ်သူ ရှိနေတာကိုလဲ သိနေရဲ့နဲ့
မိန်းကလေးပီသမူ အနေအထိုင်အပြောအဆို ကစ သဘောကျနှစ်သက်ပြီး တော်ကောက်ခံ ခဲ့ရတဲ့ သူ လေးပါဘဲ
လက်ထပ်ပြီး နောက်ရက်ကစပြီး အမျိုးသားရဲ့ မိသားစုက အမျိုးသမီးလေးကို နင့်ကို အိမ်အတွက်ယူလာတာ
အိမ်ထောင်မူနိုင်နင်းတဲ့သူမို့ ငါတို့ကပေးစားတာ
ဆိုတဲ့ စကားတွေနဲ့ နိုင်ထက်စီးနင်းဆက်ဆံခဲ့ကြတယ်
အမျိုးသမီးလေး ကို တစ်နေ့ ဈေးဖိုး 500 ပေးပြီးပိုငွေကို စာရင်းနဲ့တစ်ကွ ပြန်အပ်ခိုင်းတယ်
ဈေးဝယ်တာ ကလွဲပြီး အိမ်ပြင်သိပ်မထွက်ရဘူး
မိဘအိမ်အလည်ပြန်ဖို့ တစ်လ တစ်ရက်ခွင့်ပေးပြီး
နစ်နာရီထက် ပိုနေခွင့်မပေးခဲ့ကြဘူး
အမျိုးသမီးလေးက သူမချစ်မနှစ်သက်တဲ့သူရဲ့ ရင်သွေးကို လွယ်ထားရပေမဲ့ မိခင်စိတ်နဲ့ ဒီခလေးမွေးပြီးရင်
ငါ လူ့ လောကမှာ မနေတော့ဘူး လို့ ဆုံးဖြတ်ပြီး သည်းခံ ခဲ့တယ်တဲ့
ခလေးမီးဖွားပြီး 5 ရက်ပြည့်တာနဲ့ နောက်ဖေးခန်းထဲဝင်ပြီး အလုပ်ပြန်လုပ်ခဲ့ရတယ်
သူဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ သမီးလေးနစ်ယောက် အတွက် ချီးကလူ သေးကလူးသူပြုစုယုယပြီး ဆက်သည်းခံ ခဲ့တယ်
သူ့အတွက် ငွေလဲမလိုဘူး လောဘလဲ နည်းသူလေးမို့ သူ ဘဝကို သမီးလေးတွေနဲ့ နေပျော်နေပေမဲ့
ခလေးတွေ 3 နစ်ကျော်တော့ သူ့ရင်ခွင်ကနေဆွဲထုတ်သွားတယ်
သူ့အလုပ်က အိမ်ထောင်မူနဲ့ လင်ကိုပြုစုဖို့သာပေါ့
သူအတွက်က ကျန်သာလွယ်ပေမဲ့ လင်နဲ့နစ်ပါးသွားဖို့ သိပ်ခက်တယ်တဲ့လေ
ကိုယ့်လင်သားဆိုပေမဲ့ စိတ်က တစ်ခြား ယောင်္ကျားဆီမှာ ဒါကြီးကို သူဘယ်လိုမှ မခံစားနိုင်လို့ အမြဲပြဿနာတတ်ခဲ့တော့
သူ ကို သူ့အမျိုးသားကလဲ လွတ်လပ်မူ ပေးခဲ့ပါတယ်တဲ့
အိမ်ထဲ မင်းစိတ်ကြိုက်နေနိုင်တယ်
မင်းမနေချင် ဆင်းသွားလို့ရတယ် မင်းဘာမှရမှာမဟုတ်ဘူး
မင်းယူလဲမသွားသင့်ဘူးဆိုတာ နားလည်ထားဆိုပြီး ပြောဆိုထားပါတယ်တဲ့
ကျမ အမြင်က တရားဝင်ကွာရှင်းရင် ပိုင်ဆိုင်မူ တစ်ဝက်ခွဲရမှာထုံးစံပါ
အမျိုးသမီးလေးက လဲ သိပ်ခေါင်းမာတဲ့သူလေးပါဘဲ
မိန်းမ မာယာနဲ့ ကိုယ့်လင်ကို မြူဆွယ်ရင် ဘယ်ခံနိုင်မှာလဲနော်
သူက သူလုပ်နိုင်တာလုပ်မယ် သူမလုပ်နိုင်တာကို မခိုင်းပါနဲ့ဆိုတဲ့ သဘောတူညီချက်တွေနဲ့ ရှေ့ဆက်လာကြတာ
အိမ်ထောင်သက် 20 တောင်ရောက်နေကြပါပြီ
အမျိုးသမီးလေး က နဂိုထက်မြက်သူလေးပါ
ဒါကြောင့် သူစိတ်ထက်သန်စွာ လုပ်တဲ့ အလုပ်တိုင်းအောင်မြင်တာများတယ်
သူ့အမျိုးသားဘက်က ငွေရင်းစိုက်ထုတ်ပေးထားလို့ ရလာသမျှ ငွေကြေး တစ်ပြားမကျန် ပြန်အပ်နေရတဲ့ သူပါ
ဒါတောင် ပိုင်ဆိုင်မူ ခွဲပေးရမှာစိုးလို့ တရားဝင် ကွာရှင်းခွင့် မပေးဘဲ
မနေချင် သွားချင်ရာသွားနိုင်တယ်ဆိုတဲ့စကား သုံးနူန်းတယ်လို့ ကျမ ထင်ပါတယ်
သူတို့အိမ်ထောင်ရေးက 10စုနှစ် တစ်ခုမက လင်ခန်းမယားခန်းမရှိကြတော့တာပါ
သမီးလေးနစ်ယောက် ရဲ့ ရှေ့ရေး သိက္ခာ တွေကြောင့် သူ ရှေ့ဆက်နေတာပါတဲ့
သူ့အမျိုးသားက သူ့အပေါ် တစ်ကယ်မချစ်ဘဲ ကျွန်ဝယ်သလိုဝယ်လာတာကလွဲရင် သူ့အပေါ် သစ္စာရှိပါတယ်တဲ့
တစ်ခြား ဆိုးဝါးနေတဲ့ဘဝတွေထက်စာရင် သူ့ဘဝက အများကြီး တော်ပါသေးတယ်
သူ မကွာရှင်းဘဲ သမီးလေးတွေအတွက် ဆက်လက်ရှင်သန်နေမှာပါတဲ့ရှင်
သူစကား က လူတိုင်း ဘယ်သူ့မှ မကောင်းနိုင်ပါဘူး မရယ်တဲ့
ပိုနေမြဲကျားနေမြဲ နေတာ ပိုအဆင်ပြေမှာပါ
သူတစ်ယောက်ထဲ ဆက်သည်းခံ ရင် သူ့သမီးလေးတွေနဲ့ သူ့ချစ်ရတဲ့ချစ်သူ စိတ်ချမ်းသာမှာပါတဲ့
သူ့ ကို သူ့ချစ်သူကိုယ်တိုင်က အမြဲတန်ဖိုးရှိနေတဲ့ အမျိုးသမီးအဖြစ်ဘဲမြင်ချင်တာ သူသိတယ်တဲ့
သူလဲ ဒီလိုပါဘဲတဲ့
သက်ကြီးပိုင်းနေဝင်ချိန်ရောက်ရင်သာ စိတ်တူကိုယ်တူ စကားတွေပြောရင်းပေါ့ပါးစွာ အတူနေချင်ရုံပါတဲ့
ကျမ ကို ကွာရှင်းဖို့ လာရောက်တိုင်ပင်ကြတဲ့ သူတိုင်းကို ကျမ ဖျောင်းဖျပြီး ပြန်ပြေလည်ဖို့ ညှိနိူင်းပေးပါတယ်
လင်နဲ့မယားဘဲရှင် ရန်ဖြစ်ခဏ ကုတင်ပေါ်ရောက်ပျောက်ပေါ့
ဒီ အမျိုးသမီးလေး ကိုတော့ ကျမ တစ်ကယ့်ကို ကွာရှင်းစေချင်မိပါတယ်
သူ ကွာပြီးရင်တောင် သွားစရာနေရာမရှိဘူးလေ မရယ်ဆိုတော့….
မင္မင္ေရ ရင္ဖြင့္စာ 249 ရဲ႕ အဆက္ပါ
အမ်ိဳးသမီးေလးက အားလုံးကို ေက်းဇူးတင္ပါတယ္..တဲ့
က်မ သိထားတဲ့ သူ႔အိမ္ေထာင္ေရးအေၾကာင္းေလး ေျပာျပဖို႔ ခြင့္ေတာင္းထားလို႔ သူခြင့္ျပဳလို႔ တင္ေပးတာပါ
သူ႔ အိမ္ေထာင္ေရး အစ က သူ႔အမ်ိဳးသားက သူ႔ထက္ အသက္ 12ႏွစ္ေက်ာ္ ႀကီးပါတယ္
သူ႔ကို 3 နစ္ေလာက္ ေလ့လာၿပီးမွ မရမက ယူခဲ့တဲ့ သူပါ
သူ ခ်စ္သူ ရွိေနတာကိုလဲ သိေနရဲ႕နဲ႔
မိန္းကေလးပီသမူ အေနအထိုင္အေျပာအဆို ကစ သေဘာက်ႏွစ္သက္ၿပီး ေတာ္ေကာက္ခံ ခဲ့ရတဲ့ သူ ေလးပါဘဲ
လက္ထပ္ၿပီး ေနာက္ရက္ကစၿပီး အမ်ိဳးသားရဲ႕ မိသားစုက အမ်ိဳးသမီးေလးကို နင့္ကို အိမ္အတြက္ယူလာတာ
အိမ္ေထာင္မူႏိုင္နင္းတဲ့သူမို႔ ငါတို႔ကေပးစားတာ
ဆိုတဲ့ စကားေတြနဲ႔ ႏိုင္ထက္စီးနင္းဆက္ဆံခဲ့ၾကတယ္
အမ်ိဳးသမီးေလး ကို တစ္ေန႔ ေဈးဖိုး 500 ေပးၿပီးပိုေငြကို စာရင္းနဲ႔တစ္ကြ ျပန္အပ္ခိုင္းတယ္
ေဈးဝယ္တာ ကလြဲၿပီး အိမ္ျပင္သိပ္မထြက္ရဘူး
မိဘအိမ္အလည္ျပန္ဖို႔ တစ္လ တစ္ရက္ခြင့္ေပးၿပီး
နစ္နာရီထက္ ပိုေနခြင့္မေပးခဲ့ၾကဘူး
အမ်ိဳးသမီးေလးက သူမခ်စ္မႏွစ္သက္တဲ့သူရဲ႕ ရင္ေသြးကို လြယ္ထားရေပမဲ့ မိခင္စိတ္နဲ႔ ဒီခေလးေမြးၿပီးရင္
ငါ လူ႔ ေလာကမွာ မေနေတာ့ဘူး လို႔ ဆုံးျဖတ္ၿပီး သည္းခံ ခဲ့တယ္တဲ့
ခေလးမီးဖြားၿပီး 5 ရက္ျပည့္တာနဲ႔ ေနာက္ေဖးခန္းထဲဝင္ၿပီး အလုပ္ျပန္လုပ္ခဲ့ရတယ္
သူဝမ္းနဲ႔လြယ္ၿပီးေမြးထားတဲ့ သမီးေလးနစ္ေယာက္ အတြက္ ခ်ီးကလူ ေသးကလူးသူျပဳစုယုယၿပီး ဆက္သည္းခံ ခဲ့တယ္
သူ႔အတြက္ ေငြလဲမလိုဘူး ေလာဘလဲ နည္းသူေလးမို႔ သူ ဘဝကို သမီးေလးေတြနဲ႔ ေနေပ်ာ္ေနေပမဲ့
ခေလးေတြ 3 နစ္ေက်ာ္ေတာ့ သူ႔ရင္ခြင္ကေနဆြဲထုတ္သြားတယ္
သူ႔အလုပ္က အိမ္ေထာင္မူနဲ႔ လင္ကိုျပဳစုဖို႔သာေပါ့
သူအတြက္က က်န္သာလြယ္ေပမဲ့ လင္နဲ႔နစ္ပါးသြားဖို႔ သိပ္ခက္တယ္တဲ့ေလ
ကိုယ့္လင္သားဆိုေပမဲ့ စိတ္က တစ္ျခား ေယာက်ၤားဆီမွာ ဒါႀကီးကို သူဘယ္လိုမွ မခံစားႏိုင္လို႔ အၿမဲျပႆနာတတ္ခဲ့ေတာ့
သူ ကို သူ႔အမ်ိဳးသားကလဲ လြတ္လပ္မူ ေပးခဲ့ပါတယ္တဲ့
အိမ္ထဲ မင္းစိတ္ႀကိဳက္ေနႏိုင္တယ္
မင္းမေနခ်င္ ဆင္းသြားလို႔ရတယ္ မင္းဘာမွရမွာမဟုတ္ဘူး
မင္းယူလဲမသြားသင့္ဘူးဆိုတာ နားလည္ထားဆိုၿပီး ေျပာဆိုထားပါတယ္တဲ့
က်မ အျမင္က တရားဝင္ကြာရွင္းရင္ ပိုင္ဆိုင္မူ တစ္ဝက္ခြဲရမွာထုံးစံပါ
အမ်ိဳးသမီးေလးက လဲ သိပ္ေခါင္းမာတဲ့သူေလးပါဘဲ
မိန္းမ မာယာနဲ႔ ကိုယ့္လင္ကို ျမဴဆြယ္ရင္ ဘယ္ခံႏိုင္မွာလဲေနာ္
သူက သူလုပ္ႏိုင္တာလုပ္မယ္ သူမလုပ္ႏိုင္တာကို မခိုင္းပါနဲ႔ဆိုတဲ့ သေဘာတူညီခ်က္ေတြနဲ႔ ေရွ႕ဆက္လာၾကတာ
အိမ္ေထာင္သက္ 20 ေတာင္ေရာက္ေနၾကပါၿပီ
အမ်ိဳးသမီးေလး က နဂိုထက္ျမက္သူေလးပါ
ဒါေၾကာင့္ သူစိတ္ထက္သန္စြာ လုပ္တဲ့ အလုပ္တိုင္းေအာင္ျမင္တာမ်ားတယ္
သူ႔အမ်ိဳးသားဘက္က ေငြရင္းစိုက္ထုတ္ေပးထားလို႔ ရလာသမွ် ေငြေၾကး တစ္ျပားမက်န္ ျပန္အပ္ေနရတဲ့ သူပါ
ဒါေတာင္ ပိုင္ဆိုင္မူ ခြဲေပးရမွာစိုးလို႔ တရားဝင္ ကြာရွင္းခြင့္ မေပးဘဲ
မေနခ်င္ သြားခ်င္ရာသြားႏိုင္တယ္ဆိုတဲ့စကား သုံးႏူန္းတယ္လို႔ က်မ ထင္ပါတယ္
သူတို႔အိမ္ေထာင္ေရးက 10စုႏွစ္ တစ္ခုမက လင္ခန္းမယားခန္းမရွိၾကေတာ့တာပါ
သမီးေလးနစ္ေယာက္ ရဲ႕ ေရွ႕ေရး သိကၡာ ေတြေၾကာင့္ သူ ေရွ႕ဆက္ေနတာပါတဲ့
သူ႔အမ်ိဳးသားက သူ႔အေပၚ တစ္ကယ္မခ်စ္ဘဲ ကြၽန္ဝယ္သလိုဝယ္လာတာကလြဲရင္ သူ႔အေပၚ သစၥာရွိပါတယ္တဲ့
တစ္ျခား ဆိုးဝါးေနတဲ့ဘဝေတြထက္စာရင္ သူ႔ဘဝက အမ်ားႀကီး ေတာ္ပါေသးတယ္
သူ မကြာရွင္းဘဲ သမီးေလးေတြအတြက္ ဆက္လက္ရွင္သန္ေနမွာပါတဲ့ရွင္
သူစကား က လူတိုင္း ဘယ္သူ႔မွ မေကာင္းႏိုင္ပါဘူး မရယ္တဲ့
ပိုေနၿမဲက်ားေနၿမဲ ေနတာ ပိုအဆင္ေျပမွာပါ
သူတစ္ေယာက္ထဲ ဆက္သည္းခံ ရင္ သူ႔သမီးေလးေတြနဲ႔ သူ႔ခ်စ္ရတဲ့ခ်စ္သူ စိတ္ခ်မ္းသာမွာပါတဲ့
သူ႔ ကို သူ႔ခ်စ္သူကိုယ္တိုင္က အၿမဲတန္ဖိုးရွိေနတဲ့ အမ်ိဳးသမီးအျဖစ္ဘဲျမင္ခ်င္တာ သူသိတယ္တဲ့
သူလဲ ဒီလိုပါဘဲတဲ့
သက္ႀကီးပိုင္းေနဝင္ခ်ိန္ေရာက္ရင္သာ စိတ္တူကိုယ္တူ စကားေတြေျပာရင္းေပါ့ပါးစြာ အတူေနခ်င္႐ုံပါတဲ့
က်မ ကို ကြာရွင္းဖို႔ လာေရာက္တိုင္ပင္ၾကတဲ့ သူတိုင္းကို က်မ ေဖ်ာင္းဖ်ၿပီး ျပန္ေျပလည္ဖို႔ ညႇိႏိူင္းေပးပါတယ္
လင္နဲ႔မယားဘဲရွင္ ရန္ျဖစ္ခဏ ကုတင္ေပၚေရာက္ေပ်ာက္ေပါ့
ဒီ အမ်ိဳးသမီးေလး ကိုေတာ့ က်မ တစ္ကယ့္ကို ကြာရွင္းေစခ်င္မိပါတယ္
သူ ကြာၿပီးရင္ေတာင္ သြားစရာေနရာမရွိဘူးေလ မရယ္ဆိုေတာ့….