ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၆၁

ကျွန်မက ကလေး၂ယောက်မေမေပါ

စီးပွားရေး အိမ်ထောင်ရေး အားလုံးအဆင်ပြေပေမယ့်

တခု စိတ်ထဲမှာ မတင်မကျဖြစ်ပါတယ်

ယောကျာ်းရဲ့ငယ်သူငယ်ချင်းမိန်းကလေးတွေနဲ့ပက်သက်ပြီးတော့

လွန်ခဲ့တဲ့ ၅နှစ်ကျော်ကအဲ့ထဲကတယောက်က သူ့ယောကျာ်းနဲ့အဆင်မပြေတဲ့အကြောင်းတွေကို ခင်ပွန်းကို ရင်လာဖွင့်ပါတယ်

နောက်တော့ခင်ပွန်းက ဘာပြောမိလို့စိတ်ဆိုးသွားတယ်မသိ ကျွန်မမသိအောင်ချော့နေပါတယ်

ကျွန်မသိလို့မေးတော့

ဘာပြောမိမှန်းသူမမှတ်မိတော့ပါဘူးတဲ့

အဲ့ပြဿနာကို​ကောင်းကောင်းမဖြေရှင်း ခဲ့တဲ့အတွက်

ခုထိစိတ်ထဲမှာသူငယ်ချင်းမိန်းကလေးနဲ့ပက်သက်ရင်

အရမ်းsensitiveဖြစ်ရပါတယ်

အပြင်မုန့်စားသွားတာတွေ တခုခုအကူညီလိုတာတွေမှာလည်းခဏခဏခေါ်ပါတယ်

အဓိကကတော့ အဲဒီတုန်းကရင်ဖွင့်တဲ့တယောက်ကအမြဲပါပါတယ်

ကျွန်မကလွန်လာပြီပြောလို့

ခဏခဏလည်းစကားများရပါတယ်

လူမှု့ရေးအရ တခါတလေဘာမှမပြောပဲ နေခဲ့ရတာတွေလည်းရှိပါတယ်

တခါတော့ကျွန်မကိုအသိမပေးပဲမုန့်စားသွားကြပါတယ်

အဲ့ဒါနဲ့ရန်ဖြစ်ကြပါတယ် တချို့သူ့သူငယ်ချင်းမိန်းကလေးတွေနဲ့ စကားမပြောနိုင်တဲ့ထိဖြစ်ရပါတယ်

နောက်ဆုံးတော့ကျွန်မက လူဆိုးဖြစ်ရပါတယ်နော်

ခုတော့ အရင်လိုခဏခဏမသွားတော့ပါ ၄၊၅လနေမှ တခါသွားပါတယ်

သွားတိုင်းလည်းဘယ်သူတွေပါမယ်ပြောပါတယ် ကျွန်မကပဲအတွေးတွေလွန်နေတာလား

အရမ်းချုပ်ချယ်မိနေတာလား မဝေခွဲတတ်တော့ပါဘူး

ရင်ဖွင့်တဲ့သူငယ်ချင်းမိန်းကလေးပါရင်တော့မကြိုက်တာအမှန်ပါ

ကြၽန္မက ကေလး၂ေယာက္ေမေမပါ

စီးပြားေရး အိမ္ေထာင္ေရး အားလုံးအဆင္ေျပေပမယ့္

တခု စိတ္ထဲမွာ မတင္မက်ျဖစ္ပါတယ္

ေယာက်ာ္းရဲ႕ငယ္သူငယ္ခ်င္းမိန္းကေလးေတြနဲ႔ပက္သက္ၿပီးေတာ့

လြန္ခဲ့တဲ့ ၅ႏွစ္ေက်ာ္ကအဲ့ထဲကတေယာက္က သူ႔ေယာက်ာ္းနဲ႔အဆင္မေျပတဲ့အေၾကာင္းေတြကို ခင္ပြန္းကို ရင္လာဖြင့္ပါတယ္

ေနာက္ေတာ့ခင္ပြန္းက ဘာေျပာမိလို႔စိတ္ဆိုးသြားတယ္မသိ ကြၽန္မမသိေအာင္ေခ်ာ့ေနပါတယ္

ကြၽန္မသိလို႔ေမးေတာ့

ဘာေျပာမိမွန္းသူမမွတ္မိေတာ့ပါဘူးတဲ့

အဲ့ျပႆနာကို​ေကာင္းေကာင္းမေျဖရွင္း ခဲ့တဲ့အတြက္

ခုထိစိတ္ထဲမွာသူငယ္ခ်င္းမိန္းကေလးနဲ႔ပက္သက္ရင္

အရမ္းsensitiveျဖစ္ရပါတယ္

အျပင္မုန္႔စားသြားတာေတြ တခုခုအကူညီလိုတာေတြမွာလည္းခဏခဏေခၚပါတယ္

အဓိကကေတာ့ အဲဒီတုန္းကရင္ဖြင့္တဲ့တေယာက္ကအၿမဲပါပါတယ္

ကြၽန္မကလြန္လာၿပီေျပာလို႔

ခဏခဏလည္းစကားမ်ားရပါတယ္

လူမႈ႕ေရးအရ တခါတေလဘာမွမေျပာပဲ ေနခဲ့ရတာေတြလည္းရွိပါတယ္

တခါေတာ့ကြၽန္မကိုအသိမေပးပဲမုန္႔စားသြားၾကပါတယ္

အဲ့ဒါနဲ႔ရန္ျဖစ္ၾကပါတယ္ တခ်ိဳ႕သူ႔သူငယ္ခ်င္းမိန္းကေလးေတြနဲ႔ စကားမေျပာႏိုင္တဲ့ထိျဖစ္ရပါတယ္

ေနာက္ဆုံးေတာ့ကြၽန္မက လူဆိုးျဖစ္ရပါတယ္ေနာ္

ခုေတာ့ အရင္လိုခဏခဏမသြားေတာ့ပါ ၄၊၅လေနမွ တခါသြားပါတယ္

သြားတိုင္းလည္းဘယ္သူေတြပါမယ္ေျပာပါတယ္ ကြၽန္မကပဲအေတြးေတြလြန္ေနတာလား

အရမ္းခ်ဳပ္ခ်ယ္မိေနတာလား မေဝခြဲတတ္ေတာ့ပါဘူး

ရင္ဖြင့္တဲ့သူငယ္ခ်င္းမိန္းကေလးပါရင္ေတာ့မႀကိဳက္တာအမွန္ပါ