ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၆၂

ညီမနဲ့ညီမကောင်လေးချစ်သူဖြစ်တာ၂နှစ်ကျော်ပါပြီသူကညီမကိုအရင်ကအရမ်းချစ်တာပါ

ညီမဘက်ကသူနဲ့စိတ်အခက်မသင့်တိုင်းလမ်းခွဲမယ်အမြဲပြောခဲ့ပါတယ်

ပြောတိုင်းလဲသူကလမ်းခွဲမပေးနိုင်ဘူးအမြဲငြင်းပြီးအငိုနဲ့အမြဲတောင်းပန်ပါတယ်

ညီမကိုလဲအမြဲအလျှော့ပေးပါတယ်ညီမလဲစိတ်ဆိုးလို့သာလမ်းခွဲမယ်ပြောတာပါ တကယ်လဲသူနဲ့မပြတ်နိုင်ပါဘူး

သူ့ဘက်ကလဲအဲ့လိုပါပဲ ညီမတို့နှစ်ယောက်က ရည်မှန်းချက်တွေပြည့်တဲ့အချိန်လက်ထပ်ဖို့လဲတိုင်ပင်ထားကြတာပါ

သူကတော့မကြာခနဆိုသလိုလက်ထပ်ဖို့ပြောပါတယ်

ညီမဘက်ကတော့မိဘတွေသဘောတူကြည်ဖြူတဲ့အချိန်ထိ အရင်ကြိုးစားပြီးမှလက်ထပ်ကြမယ်ပြောခဲ့ပါတယ်

သူကလဲနောက်တော့လက်ခံခဲ့ပါတယ် သူနဲ့ညီမကLDRS ပါ

တနေ့မှာသူ့မှာအခြားကောင်မလေးတစ်ယောက်ရနေပြီလို့သူငယ်ချင်းတွေပြောပြလို့သိခဲ့ရပါတယ်

သူ့ကိုမေးကြည့်တော့ သူငယ်ချင်းတစ်ယောက်က အကူအညီတောင်းလို့တမင်လိုက်ခဲ့တာလို့ပြောပါတယ်

အခုသူဖြတ်လိုက်မယ်လို့ပြောပါတယ် ညီမလဲသူပြောတာယုံခဲ့မိပါတယ်

နောက်တခါသူနဲ့အဲ့ကောင်မလေးအကြောင်းကထပ်ကြားရပါတယ်

သူ့ကိုမေးတော့မဟုတ်ဘူးပြောတယ်ဘေးစကားတွေကိုမယုံနဲ့တဲ့

နောက်ပြီးအဲ့ကောင်မလေးကသူဖြတ်တာကိုသူ့ကိုလိုက်ကပ်နေတာတဲ့သူတို့ကအလုပ်တူတူလုပ်ရတာပါ

တခုခုဆိုသူ့ဆီပဲလာပြီးဂရုစိုက်ပြနေတာနဲ့သူကသာယာသွားရုံလောက်ပဲတဲ့

သူ့ကိုမချစ်ဘူးလို့ပြောပါတယ် ညီမကိုပဲတကယ်ရည်ရွယ်ထားတာပါလို့ပြောတယ်

အဲ့လိုပဲညီမတို့ပြန်အဆင်ပြေသွားခဲ့တယ်မနက်တိုင်းသူကဖုန်းခေါ်ပြီးနှိုးတယ် ပြန်ရောက်တိုင်းလဲဖုန်းဆက်တယ် စာပို့တယ်

တနေ့တော့ညီမသင်တန်းတက်ရတော့ အဲ့ညနေအိမ်ပြန်လာတာဆိုတော့အရင်လိုဖုန်းမပြောဖြစ်တော့ဘူး

စာတော့ပို့တယ်ညရောက်တော့သူ့ဆီကစာဝင်လာတယ်စိတ်မကောင်းပါဘူးတဲ့

သူ့ကိုလုံးလုံးမေ့လိုက်ပါတဲ့ ငါတို့နှစ်ယောက်ဘယ်လိုမှမဖြစ်နိုင်တော့လို့ပါတဲ့

စိတ်ကူးအိမ်မက်တွေပျက်စီးသွားလို့လဲတောင်းပန်ပါတယ်တဲ့

ညီမထင်တာသူညီမကိုစိတ်ဆိုးစရာရှိလို့ခုလိုပို့တယ်ပဲထင်တာ

နောက်နေ့မှသိရတာကသူအဲ့ကောင်မလေးနဲ့ခိုးပြေးသွားပြီတဲ့

ညီမပြောမပြတက်အောင်ခံစားရတယ်သူ့ကိုစိတ်နာသင့်တာသိပေမယ့်စိတ်နာလို့လဲမရဘူ

းတကယ်ခံစားရတယ်နောက်နေ့ကြသူကဖုန်းဆက်လာတယ်

ကောင်မလေးကသူတို့လမ်းဘက်လာရင်းသူ့ကိုခနထွက်လာဖို့ခေါ်လို့သူကသွားတာတဲ့

ပြီးတော့သူကပြန်လိုက်ပို့တယ်တဲ့ အဲ့ဒါကိုကောင်မလေးကနောက်တခေါက်ပြန်လိုက်လာပြီးအိမ်မပြန်ရဲဘူး

သူ့ကိုပြန်ပို့ရင်သူ့ကိုယ်သူ thet tay မယ်လို့ပြောတယ်တဲ့

ဒါကြောင့်သးခုလိုလုပ်လိုက်ရတာပါတဲ့ တကယ်မရည်ရွယ်ပါဘူးတဲ့

သူလဲအခုနောင်တတွေရနေပါပြီ ပျော်လဲမပျော်ဘူးတဲ့သူကညီမကိုပဲချစ်တာတဲ့ ညီမတကယ်ခံစားရတယ်

ညီမအရင်ကသူ့အပေါ်ဆိုးခဲ့မိလို့သူ့ကိုပြန်ပြီးလဲအလိုလိုက်အလျှော့ပေးခဲ့ပါသေးတယ်

သူနဲ့လဲဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာလဲသိပါတယ်

ဒါပေမယ့်သူ့ကိုမေ့လို့မရဘူးဖြစ်နေတယ်

အဲ့ကောင်မလေးကလဲသူနဲ့ညီမတွဲနေတာကိုသိပါတယ်

အဲ့ကောင်မလေးကသူ့ကိုပြောတယ်တဲ့ညီမနဲ့အဆင်မပြေရင်သူ့ဆီအချိန်မရွေးလာခဲ့ပါတဲ့

နောက်ပီးမရရအောင်ဆေးနဲ့လုပ်ယူမယ်လို့လဲပြောတယ်တဲ့

သူလဲအဲ့ဒါကိုကြောက်ပြီးအဲ့ကောင်မလေးကိုနားလည်အောင်ပြောပြမယ်ဆိုပြီးပြန်ပတ်သတ်မိတယ်တဲ့

အခုညီမသူနဲ့ပြန်ဆက်သွယ်ဖို့လဲစိတ်ကူးမရှိပါဘူးဒါပေမယ့်ညီမခံစားနေရတာကိုရင်ဖွင့်ချင်လို့ခုလိုပို့တာပါ

သူကညီမထက်၄နှစ်ငယ်ပါတယ်

ညီမအသက်က၂၄ပါ

သူ့ကိုလဲမေ့မရဘူးဖြစ်နေတယ် အရင်အတိတ်တွေမှာသးညီမအပေါ်ကောင်းခဲ့တာတွေကိုပြန်တွေးမိတိုင်းတကယ်ခံစားရပါတယ်

ဒီတစ်သက်ဘယ်လိုမှမဖြစ်နိုင်တော့တာလဲသိပါတယ်

မင်မင်ရေညီမသူ့ကိုမေ့နိုင်အောင်ဘယ်လိုလုပ်ရမလဲ







































သူကညီမထက်၎နှစ်ငယ်ပါတယ်

ညီမအသက်က၂၄ပါ


