ဝမ်းနည်း မွန်းကြပ်လွန်းလို့ ရင်ဖွင့်ချင်လို့ပါရှင့်
ကျွန်မတို့ နှစ်ယောက်က တပါတ်ကို 5ခါလောက် ရန်ဖြစ်ကြတယ် စိတ်ဆိုးကြတယ်ပေါ့နော်
ဒီနေ့နဲ့ဆို မခေါ်ကြ စကားမပြောကြတာ သုံးရက်လောက်ရှိပါp
ကျွန်မလဲ ဆိုင်အတွက် လပြည့်နေ့ရောင်းရဖို့အတွက် ပစ္စည်းရှာရ စျေးရောင်းရနဲ့ စိတ်ရော လူရော ပင်ပန်းနေတဲ့ အချိန်ပါ
အရင်းအနှီးထည့်ဖို့ ငွေကြေးမလောက်တော့ ဟိုပေါင် ဒီရောင်းနဲ့ အရင်းနှိးရှာနေရတဲ့ အချိန်
တစ်ယောက်တည်း အတွေးပေါင်းစုံနဲ့ လပြည့်နေ ကိုယ်ရောင်းမယ့်ပစ္စည်းတေ ဝယ်ဖြည့်ရနဲ့
တကယ်ကို ပင်းပန်းနေတာ ကိုယ်လဲ အမှားမလုပ်ရဘဲ သူ့ဘာသာ မခေါ်မပြောတော့ ကျွန်တော်လဲ ပြန်မခေါ်ဖြစ်ဘူး
ဘာပြသနာမှ မဖြစ်ချင်လို့ အေးဆေးလေးဘဲ နေလိုက်တယ်
သူလာနေကြအချိန် တော့ ဆိုင်ကို ပုံမှန်လာပါတယ်
အဲလိုနဲ့ ဒီနေ့ပေါ့ ဆိုင်မှာက တူလေးနဲ့ ညီမတစ်ယောက်နဲ့ အလုပ်ကူခေါ်ထားတာပေါ့နော်
သူတို့ကိုတော့ ခေါ်ပြောပြီး လိုအပ်တာထက် ပိုမုန့်ဘိုးပေးတော့ အတော်လေး စိတ်မကောင်းဖြစ်ရတယ်
တူလေးနဲ့ ညီမလေးကို ပေးလို့ ဝမ်းနည်းတာ မဟုတ်ဘူးနော်
ကိုယ့်မှာကြ ရှာကြံပြီး ပစ္စည်းပြတ်မှာဆိုးလို့ လုပ်လိုက်ရတာ မောလို့ သူ့ကိုလဲ ပိုက်ဆံမအပ်လို့လို့ မတောင်းပါဘူး
ကျွန်မ စီးပွါးရေးမလို့ ရှုံးရှုံးမြတ်မြတ်ဖြစ်အောင်လုပ်ပါတယ်
သူ့ကို အရမ်းကြီး အပူကပ်တဲ့ မိန်းမထဲမှာ မပါပါဘူး ဒါပေမယ့် ဒီနေ့ ကိုယ်ခံစားရတာကြီးက ဆိုးတယ်
ကိုယ်ကသာ ကိုယ့်အတွက် သူကအရာရာ သူ့အတွက်က ကိုယ်က လုံးဝမှ ဆောက်ရေးမပါတဲ့လူမျိုး ကိုယ်ပင်ပန်းခံ ကြိုးစားသမျှ ဆက်မလုပ်ချင်တော့အောင်ထိ စိတ်ဓာတ်တေလဲ ကျတယ်
ဒီအိမ်ထောင်ရေးကြီးကို စိတ်ကုန်လာပြီ တကယ်ဆို ကျွန်တော်လိုအပ်တာ သူ့ဆီက ချစ်ချစ်ခင်ခင်နဲ့ အားပေးစကားပါ
တကယ်အဆင်မပြေဘူး ပြန်းတွေးမိတိုင်း ရင်ဘတ်တေနာပြီး ဝမ်းနည်းမိလို့ စိတ်လဲ နာလို့ ဝဠ်ကြွေးဆိုလဲ ကုန်ပါတော့ဟာ
ကျွန်မလဲ ဆိုင်အတွက် လပြည့်နေ့ရောင်းရဖို့အတွက် ပစ္စည်းရှာရ ဈေးရောင်းရနဲ့ စိတ်ရော လူရော ပင်ပန်းနေတဲ့ အချိန်ပါ