ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၆၅

အကြံပေးကြပါအုံးရှင်

ညမတို့ချစ်သူသက်တမ်း၉လနဲ့လက်ထက်ခဲ့တာပါ

အခုအိမ်ထောင်ကျတာ၅လရှိပါပီ မယူခင်ကလဲသူ့အရင်ပြသနာတွေတက်ခဲ့ပါသေးတယ်

ဒါမဲ့သူကညမကိုပဲရွေးချယ်ပီးလက်ထပ်ခဲ့ကြပါတယ်

မယူခင်ကတော့ ကို့မိသားစုအပေါ်လဲသူတန်ဖိုးထားတယ်ပေါ့နော်

ယူလဲပီးရော သူ့အမေစရိုက်တွေကြောင့်ညမတိူ့ပြသနာတွေဖစ်ခဲ့ရပါတယ်

အခူချိန်ထိလဲယောက္ခမနဲ့လဲစကားမပြောတော့ပါဘူး ယောင်းမကလဲသူတို့ကိုမပေးမကန်းတော့ညမကိုငွေမက်တဲ့မိန်းမဆိုပီးယောကျာ်းကိုဂုန်းတိုက်ပါတယ်

ညမက နှမျောတက်ပါတယ်မလိုအပ်တာမဝယ်မိအောင်ပြောပါတယ်

သူကအ့လိုတွေပြောရင်ညမကထုတ်မပေးချင်လို့ပဲထင်ပီးတခုခုဆိုအရွဲ့တိုက်ပါတယ်

အရက်သောက်လာလို့ညမကိုလိမ်လို့ပြသနာဖစ်ပီးထဲကကညမအမေပေါ်လဲသူနဲနဲစိမ်းသွားပါတယ်

သူ့အမေတွေ ညမတွေ ဂုန်းစကားကြောင့်လားဆိုတာလဲ ညမမခွဲခြားတက်တော့ပါဘူး

တခုခုဆို အလုပ်လျိူ့ဝှက်တက်နေပီပိုက်ဆံအပ်တာအကစချန်ချန်ပီးအပ်ပါတယ် ပီးတော့ညမမသိအောင်အလုပ်တွေလုပ်တယ်ရတာကိုညမကိုမပေးပါဘူး

သူ့ဘာသူပဲလိုတာတွေဝယ်ပါတယ် ညမမသိအောင်တော့မဟုတ်ဘူးပေါ့ သိပီးညမကိုငွေမအပ်ပါဘူး

အပြင်အလုပ်လုပ်တာတွေတော့အပ်ပါတယ်

အခုဆိုသူလဲတနေကုန်အလုပ်သွားညမလဲတနေကုန်အလုပ်သွားရပါတယ်

ညဘက်မှလင်မယားအတူရှိနေချိန်တောင်ညမအပေါ်ယုယမှုဂရူစိူက်မှူမရှိပါဘူး

တနှာစိတ်နဲ့ပြောတာမဟုတ်ပါဘူ းမRoတက်တာကိုအပစ်မပြောပေးမဲ့ သူ့အရင်ရီးစားနဲ့တူန်းကRoတာတွေသိတော့မချစ်ပဲယူထားတယ်လို့ခံစားရပါတယ်

ရိုင်းရိုင်းပြောရရင်လုပ်ချင်တဲ့အချိန်ပဲ ညမအပေါ့ထွေးပွေ့မှုရှိပါတယ်

အ့လိုလူကိုညမဆက်ပေါင်းသင့်လား phout pyan တာမရှိပေမဲ့ယောက္ခမယောင်းမစရိုက်တွေကိုညမဘက်ကသီးခံနေခဲ့တာပါ

ယောင်းမနဲ့စကားများရင်တောင်ကို့လင်ကကို့ဘက်မရှိတော့အရမ်းနာကျင်ရတယ်

ချစ်တဲ့စိတ်နဲ့သီးခံခဲ့ပေမဲ့ကြာတော့ညမမှာစိတ်ဒဏ်ရာတွေလဲများနေပါပီ

အကြံပေးကြပါအုံး တခုလပ်လဲမဖစ်ချင်ဘူး တလင်တမယားစနစ်ပဲလိုချင်လို့အရာရာသီးခံနေတာပါ

နေတာကညမတို့အိမ်မာပဲနေတာယူပီးထဲကသူတို့ဘက်ကိုလဲမပြန်ပါဘူး

သူတို့ချင်းတော့အဆက်သွယ်ရှိနေကြတယ်ညမမသိသလိုပဲနေပေးနေတာပါ

ဗေဒင်တိုင်းကလဲသူနဲ့ဆက်ပေါင်းရင်ဘဝနစ်မွန်းမယ်ပဲပြောပါတယ်

ညမကသိုက်ဆက်မလို့အိမ်ထောင်ရေးကံမကောင်းတာလားဟင်

အကြံပေးကြပါအုံးရှင်





ယူလဲပီးရော သူ့အမေစရိုက်တွေကြောင့်ညမတို့ပြသနာတွေဖစ်ခဲ့ရပါတယ်






တခုခုဆို အလုပ်လျို့ဝှက်တက်နေပီပိုက်ဆံအပ်တာအကစချန်ချန်ပီးအပ်ပါတယ် ပီးတော့ညမမသိအောင်အလုပ်တွေလုပ်တယ်ရတာကိုညမကိုမပေးပါဘူး




ညဘက်မှလင်မယားအတူရှိနေချိန်တောင်ညမအပေါ်ယုယမှုဂရူစိုက်မှူမရှိပါဘူး









