ကျွန်မသူဖောက်ပြန်နေတာကိုသိသိကြီးနဲ့ သူနဲ့အဆင်ပြေအောင်နေနေရတာ ကအရမ်းကိုပင်ပန်းနေပါပြီ
ကျွန်မမျက်ရည်တွေကြိတ်ငိုနေရတာကလည်းနာကျင်လှပါပြီ
သူ့အပေါ် မေတ္တာစေတနာ အပြည့်အဝထားပေမယ့်သူလုပ်ရက်တယ်
s*x ကိစ္စလည်း နှစ်ယောက်ကြားအဆင်ပြေတယ်
ကျွန်မကကိုယ့်အလုပ်နဲ့ကိုယ်ရှိသလို သူကိုဝန်ထုပ်ဝန်ပိုမဖြစ်စေပဲသိတတ်သူပါ
သူဘာလို့ အာ့လိုလုပ်ရက်တာလည်းရှင်
ကျွန်မကလေ ပထမအိမ်ထောင်ရဲ့ phout pyan စွန့်ပြစ်မှုကိုခံထားရလို့
ဒုတိယအကြိမ် phout pyan မှုကို ဒဏ်ရာတွေ ထပ်ရသလိုခံစားရပါတယ်
ကျွန်မလေ phout pyan မှုကိုမခံနိုင်တာမို့ နောက်အိမ်ထောင်ပြုဖို့ မစဥ်းစားမိခဲ့ပေမယ့်
သူကမိသားစုဘဝတည်ဆောက်မယ်ဆိူတဲ့စကားကို ယုံကြည်ကြည်နူးမိခဲ့တယ်
ကျ့န်မအလိုချင်ဆုံးက အာ့တာပဲကိုသူအာ့လိုလုပ်မယ်ဆိုသိရင် ဘယ်တည်ဆောက်ပါ့မလည်းလေ
အာ့တာတွေခံနိုင်ရည်မရှိလို့ ပထမလူကို ကျွန်မ စွန့်ခွာခဲ့တာပါ
သူ့မှာ ကျွန်မအပေါ်ဘာလို့စာနာစိတ်မထားရတာလည်းဟင်
ကိုယ့်ယောက်ကျားဆီမှာ တစ်ခြား တစ်ယောက်ရှိနေရင် ခံစားရမယ်မျက်ရည်ကျမယ် သူမသိဘူးလားဟင်
ကျွန်မအတွက်တစ်ခြားအရာတွေထက် သစ္စာရှိရှိချစ်တာကိုပဲလိုချင်ခဲ့တာပါ
သူလွတ်လပ်ခွင့်သူလုပ်ချင်ရာတွေလုပ်လို့ရပါတယ်
မိန်းမကိစ္စကတော့ သူမလုပ်သင့်ဘူးမဟုတ်လား
အာ့တာကလွတ်လပ်ခြင်းဆို ကျွန်မကို သူလက်မထက်သင့်ဘူး
ကျွန်မကဒဏ်ရာတွေနဲ့လေအခုကျမှ ကျွန်မနဲ့မဖြစ်နိုင်ဘူး
ကိုယ့်ဘာသာနေ သူ့ကအာ့လိုလူပဲ ကွဲမယ်လို့ ရန်ဖြစ်ရင် ပြောထွက်တယ်ရှင်
တစ်ခါလေတစ်ယောက်ထဲ ဘုရားရေကယ်ပါဦး
ကျွန်မကအာ့လိုဘဝနဲ့ထိုက်တန်သူလားနဲ့ တိုင်တည်နေမိတော့တယ် အစ်မတို့ညီမတို့ရယ်
ကျွန်မ ဘာလုပ်သင့်လည်းဟင် သူအာ့မိန်းကလေးနဲ့သွားသွားတွေ့နေတယ်
အချိန်တွေပေးနေတယ် နှစ်ယောက်ထဲသီးသန့်အခန်းမှာရုပ်ရှင်ကြည့်ကြ
ဖုန်းနဲ့စာတွေပို့ကြ သူ့အတွက်အရမ်းအရေးကြီးသလိုအလေးထားပြီး မပို့ရမနေနိူင်
မနက်ည ကျွန်မ မသိတဲ့ အချိန်တွေရှိဦးမှာပေါ့
ကျွန်မအပေါ်ရက်စက်လိုက်တာနော် ကျွန်မလေ နှစ်ခုမလပ်ချင်ဘူး သူကအာ့မိန်းကလေးနဲ့ယှည်ရင် ကျွန်မကိုစွန့်ပြစ်သူလားဟင်
ကျွန်မအိပ်မပျော်ဘူး ကျွန်မ tay ပါ tay ချင်တယ် မင်မင်ရယ်
ယုံကြည်မိရသူ အသက်လောက်ချစ်ရသူက လုပ်ရက်တော့လေ
အခုတောင်း taxi ပေါ်မှာ ငိူရင်း ဒီစာလေးကိုရေးရတာပါ မင်မင်
သူကမိသားစုဘဝတည်ဆောက်မယ်ဆိုတဲ့စကားကို ယုံကြည်ကြည်နူးမိခဲ့တယ်
ဖုန်းနဲ့စာတွေပို့ကြ သူ့အတွက်အရမ်းအရေးကြီးသလိုအလေးထားပြီး မပို့ရမနေနိုင်
အခုတောင်း taxi ပေါ်မှာ ငိုရင်း ဒီစာလေးကိုရေးရတာပါ မင်မင်