စာနဲနဲရှည်တယ် သီးခံပီုးဖတ်ပေးပါနော် အားပေးစကားလေးပြောပေးကြအုံး
ကျမအသက်22ပါအိမ်ထောင်ကျတာ2ပဲရှိပါသေးတယ်
သူက24ပါသူကကျမထက်အသက်အများကြီး ကြီးပါတယ်
ဒါပေမယ့်နားလည်မှုတော့ကျမလောက်မရှိဘူးသူနဲ့ကျမလပ်ထပ်တော့ ကျမကအပျိုသူကအိမ်ထောင်ပြတ်ကလေးတစ်ယောက်အဖေ
သူကျမကိုပြောပြတာ အဲ့နေကကျမအရမ်းနာကျင်ခဲ့ရတယ် သူနဲ့ကျမမဖြစ်နိုင်တော့ဘူးလို့ကျမတွေးလိုက်တယ်
ကျမတွေးနေတုန်းမှာသူကကျမကို ကိုကိုညီမလေးနဲ့မခွဲနိုင်ဘူးတဲ့ငိုပြီးပြောတယ် အရမိးချစ်တဲ့အကြောင်းတွေငိုငိုပြီးပြောတယ်
ကျမအရမ်းနာကျင်ရတယ် သူ့ကိုစွန့်လွှတ်သင့်တာသိပေမယ် သူ့ကိုမစွန့်လွှတ်နိုင်လို့ဆက်ချစ်ပြီးလက်ထပ်ခဲ့တယ်
မေမေတိုမမတို့ကိုတော့နောက်မှပဲ သူအကြောင်းပြောပြမယ်လို့တွေးထားလိုက်တယ် ကျမတို့လက်ထပ်ဖြစ်ခဲ့တယ်
ဘယ်သူမှသဘောမတူနိုင်တာသိလို့ သူနောက်ကိုလိုက်သွားခဲ့တယ်
အစပိုင်းမှာသူကျမကိုအရမ်းချစ်တယ် ကျမအရမ်းပြောနေတာပေါ့မေမေကိုအသိပေးတော့ ယူပြီးမှာတော့ဘယ်တတ်နိုင်မှာလဲတဲ့
မေမေကလက်ခံလိုက်တယ်အမျုးိတွေကတော့လက်မခံဘူးပေါ့
အဲ့လိုနဲ့ကျတို7လလောက်နေတော့ကျမအရနိးချစ်တဲမေမေကဆုံးသွားတယ် ကျမရမ်းဝမ်းနည်းတယ် သူကျမကိုနှစ်သိမ့်ပေးပါတယ်
ကျမဝမ်းနည်းနေရင်းကြားက ဝမ်းသာမိတယ် မေမေမရှိတော့ပေမယ် သူရှိနေသေးတာပဲဆိုပြီးကျေနပ်နေခဲ့တယ်
ဒါပေမယ်အရာအားလုံးကကျမထင်ထင်ထားသလိုသလို မဟုတ်ဘူး
1နစ်ကျော်လာတော့သူစပြီးပြောင်းလဲလာတယ် ကျမမကြိုက်တာတွေလုပ်လာတယ်
လောင်းကစားလုပ်လာ တယ်တဖြေးဖြေးနဲ့ပိုပိုများလာတယ်ေလာင်းကစားလုပ်တာကျမကကိုအဲ့လောက်မလုပ်နဲ့ေလနဲ့တို့ရှေ့ရေးရှိသေးတယ် ကိုယ့်ကလေးရှေ့ရေးလဲရှိသေးတယ်လို့ပြောတော့ အင်းပါတခါတလေပါတဲ့
တခါလေဆိုပြီး အမြဲလိုလိုလုပ်လာတယ် ကျမပြောတော့ငါကအကြီးတဲ့ငါသိပါတယ်တဲ့
အဲ့လိုနဲကျမတိုရန်ခနခနဖြစ်လာတယ် ရန်ဖြစ်ရင်သူကလက်ပါလာတတ်တယ်
ကျမသူကိုအရမ်းချစ်လျု့ကိုယ့်ကိုယ်ကာကွာယုံလေးပဲပြန်လုပ်တယ် ဒါပေမယ်သူကတဖြေးဖေုးနဲ့လွန်လာတယ်
ကျမတို့တည့်လဲ3/4ရက်ပဲပြီးရင်။ ထပ်ဖြစ်တယ် တခါဖြစ်တာကျမတို့တော်တော်ကြီးတယ် ကျမခေါင်းပေါက်သွားတယ် ကျမသိလိုက်ရတာကကျမကတာသူကိုချစ်လို့ငါပြန်လုပ်လို့သူထိခိုက်သွားမလားလို့တွေးနေတာလေ
သူကမတွေးတော့နောက်တခါရန်ဖြစ်တော့ သူကျမခြေထောက်တစ်ဖက်ကိုဆောင့်စွဲပြီးတရွတ်တိုက်ဆွဲခေါ်သွားတယ်
ကျမလဲအရမ်းစိတ်တိုလာပြီးကျန်တဲ့ခြေထောက်တစ်ဖတ်စောင့်ကန်ပြီးတော့တဲတုတ်နဲ့ရိုက်ပစ်လိုက်တယ်
ဒါပေမယ့်ယောကျာိးအားနဲ့မိန်းမအားဆိုေတာ့ကာတယ် သူကျမတိုေစာင့်တွန်းတယ် သူအကိုကဝင်ဆွဲတယ်ကျလဲသူကိုထပ်မြင်ရင်ရန်ထပ်ဖြစ်ရအုံးမှာမို့ထွတ်သွားတယ်
အဲ့နေ့မှကျမသိလိုက်ရတာတစ်ခုကသူကကျမကိုပြောပြခဲ့သလို တစ်ခုလပ်ကလေးတစ်ယောက်အဖေတင်မကပဲနှစ်ခုလတ်တဲ့
ကျမအသဲကွဲပြီးလေရက်ရက်စက်စက်ကိုကွဲတာ ကလေးတစ်ယောက်အဖေဆိုတာတောင်နာကျင်ခဲ့ရတာ
ခုလိုနှစ်ခုလတ်လပ်ဆိုတော့ကျမဘယ်လိုခံစားရမှာလဲ
ကျမမခံစားနိုင်တော့လို့လူတွေပြောနေကြသလိုအရက်ကအရာအားလုံးကိုမေ့နိုင်တယ်ဆိလို့ကျမဘီယာဝယ်သောက်တယ်
မိန်းကလေးတန်မဲ့အရက်သောက်တယ်ဆိုလို့အထင်သေးမယ်ဆိုရပါတယ်
ကျမမှမခံစားနိုင်တော့တာအရာအားမေ့ဖို့အဲ့တစ်နည်းပဲရှိတယ်လေ သူနဲ့ကျမ3/4ရက်ဘလာက်စကားမပြောဖြစ်ဘူး အရင်ကဆိုသူအပြင်သွားရင်အရမ်းကြာရင်သတိရနေတတ်တဲ့ကျမကခုတော့ဘာမှမခံစားရတော့ဘူး
5ရက်မြောက်နေ့ကျတော့သူကျမကိုစကားလာပြောတယ် ကျမသူကိုဘာမှမပြောချင်တော့ဘူး ဒါပေမယ့်သူကတော့ ဘာမှမဖြစ်ခဲ့သလိုပဲစကာတွေလာပြောတယ်
ကျမအရင်လိုမဟုတ်တော့ဘူးလို့ထင်တယ် တန်ဆောင်မုန်းလပြည့်မတိုင့ခင်ကျမတို့စကားကောင်းကောင်းပြောဖြစ်သွားတယ်
တန်ဆောင်တိုင် ဘုရားသွားကြမယ်လို့ပြောတယ် ကျမလဲသွားချင်နေတာနဲ့ သွားကြမယ်လို့ပြောလိုက်တယ် 3နာရီသွားကြမယ်တဲ့
အင်းပေါ့ ကျမက3နာရီမတိုင်ခင်ပြင်လို့ဆင်လို့ပေါ့ သွားတယ်ဒါပေမယ့်ဘုရားမဟုတ်ဘူး
ဂိမ်းဆိုင်တဲ့စောသေးတယ်ဆိုပြီးဂိမ်းဆိုင်သွားးတယ် ဂိမ်းဆိုင်ကပြန်တော့5နာရီထိုးတော့မယ် ဘုကပေါ်ကခြေကျင်တတ်ရမှာတဲ့
အသွားအပြန်3နာရီလောက်ကြာမှာတဲ့ ဆိုင်ကယ်ထားတဲ့နေရာကလဲ7နာရီကျော်ရင်လက်မခံဘူးတဲ့ အဲ့တော့ကျမကလဲပြန်မယ်တခြားဘုရားသွားရအောင်ဆိုတော့ ဒီနားပါတ်ကြည့်အုံးမယ်တဲ့
ကျကမကြည့်တော့ဘူးသွားမယ်တခြားဘုရားပဲဖူးမယ်လို့ပြောတာကို စိတ်ဆိုးပြီးကျမကိုဘယ်ဘုရားမှလိုက်မပို့ဘူး
ကျမပြောချင်တာက သူကဘာကိုပါတ်ကြည့်တာလဲအဲ့နေရာမှာဆိုင်ကယ်တွေ ကားတွေ လူတွေပဲရှိတာ သူကဘာကိုပါတ်ကြည့်မှာလဲ အဲ့တာစိတ်ဆိုးပြီးအရက်သောက်တယ်
ကျမ အကြိုက်တာကိုသူလုပ်တော့ဘာလို့သောက်တာလဲဆိုငါဟာငါသောက်ချင်ရင်သောက်မယ်နင်ကဘာကောင်မမို့လို့လဲတဲ့
သူကလဲမှားသေးတယ်အဲ့တာနဲ့ကျတို့ရန်ဖြစ်ကျတယ်သူကလက်ပါတယ်လေကျလဲပြန်လုပ်တယ်
ကျမကိုမတိုင်တော့ဆိုင်ကယ်ကိုမီးနဲ့ရှို့မယ်တဲ့လေ
ကျမသူနဲ့ဆက်မပေါင်းချင်တော့ဘူး ကျပြန်ဖို့လမိးစရိတ်မရှိဘူး
အာကြောင့်ဆိုင်ကယ်ရောင်းရရင်တော့ကျမပြန်တော့မယ် စာရှည်သွားရင်ခွင့်လွတ်ပါ ရင်ဖွင့်စရာလူမရှိလို့ပါ
မေမေကလက်ခံလိုက်တယ်အမျိုးတွေကတော့လက်မခံဘူးပေါ့
လောင်းကစားလုပ်လာ တယ်တဖြေးဖြေးနဲ့ပိုပိုများလာတယ်လောင်းကစားလုပ်တာကျမကကိုအဲ့လောက်မလုပ်နဲ့လေနဲ့တို့ရှေ့ရေးရှိသေးတယ် ကိုယ့်ကလေးရှေ့ရေးလဲရှိသေးတယ်လို့ပြောတော့ အင်းပါတခါတလေပါတဲ့
ဒါပေမယ့်ယောကျိားအားနဲ့မိန်းမအားဆိုတော့ကာတယ် သူကျမတိုစောင့်တွန်းတယ် သူအကိုကဝင်ဆွဲတယ်ကျလဲသူကိုထပ်မြင်ရင်ရန်ထပ်ဖြစ်ရအုံးမှာမို့ထွတ်သွားတယ်