ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၇၃

ညီမနဲ့ သူ နဲ့အသက် ၁၉နှစ်လောက်က အလုပ်တစ်ခုမှာ ခင်ခဲ့ပြီး စိတ်ဝင်စားကြောင်းသူပြောပါတယ်

ညီမက Uni တက်နေတုန်းမို့ အချစ်ရေး မတွေးသေးကြောင်းပြောပြီးငြင်းခဲ့ပါတယိ

၂၂နှစ်လောက်မှာ အလုပ်မတူပဲ တစ်ယောက်တစ်နေရာစီရောက်သွားပါတယ်။

ညီမ အစ်ကိုဝမ်းကွဲနဲ့လည်း သူငယ်ချင်းပါ အဒေါ်တွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးပါ။

အခု အသက် ၂၉မှာ online မှာပြန်တွေ့တော့ပြီး နောက်တစ်ကြိမ် ချစ်ခွင့်ပန်ပြီး ပြန်လာရင် လာ​တောင်းမယ်လို့ ပြောပါတယ်

ညီမလည်း အချိန်ယူစဥ်းစားပြီးမှ အဖြေပေးခဲ့ပါတယ် သူပြန်လာပြီး ၃ကြိမ် လာတွေ့ပါတယ်

သူက နယ်ကပါ ညီမနောက်ဆုံးအကြိမ်လာတွေ့ပြီး သူပြန်သွားပါတယ်

နောက်တစ်နေ့ရောက်တော့ အလုပ်ကိစ္စနဲ့ ညီမနေတဲ့မြို့လာစရာရှိတယ်ပြောပါတယ်

ညီမက အလုပ်တစ်ဖက်နဲ့ မတွေ့ဖြစ်လောက်ဘူးပြောလိုက်ပါတယ်

သူလာမယ့်မနက် ၆နာရီလောက်ဖုန်းဆက်ကြည့်တော့ ညီမဖုန်းက Black list ထဲရောက်နေပါတယ်

တခြား နံပါတ်တစ်ခုနဲ့ထပ်ဆက်တော့ ဖုန်းဝင်ပြီး အမျိုးသမီးတစ်ယောက်လာကိုင်ပါတယ်

ညီမက သူ့ အမေထင်လို့ သူ့နဲ့ ပြောချင်လို့ပါဆိုတော့…..

အဲ့ဒီအစ်မက ဘယ်သူလဲမေးတော့ သူ့ချစ်သူပါပြောလိုက်ပါတယ် သူလည်း သူရဲ့ချစ်သူပါတဲ့ရှင်

ညီမနေတဲ့မြိုရဲ့ Hotel တစ်ခုရောက်နေတာတဲ့ ပြီးတော့ ကလေးနှစ်ယောက်ရဲ့အမေ ပါတဲ့……..

အဲဒီအစ်မကနက်ဖြန်စလုံးကို အလုပ်ပြန်သွားလုပ်တော့မှာ သူအတင်းခေါ်လို့သာ လာခဲ့ရတာ

Living Together က သူ့အတွက်မဆန်းဘူးတဲ့…..ညီမအတွက်ကတော့ ခွင့်မလွှတ်နိုင်စရာကိစ္စပါ။

ညီမသာ သူ့ကိုတကယ်ချစ်ရင်

ခွင့်လွှတ်ပေးရမယ်လို့ အဲ့ဒီအစ်မက ပြောပါတယ်. . .

သူတို့က နိုင်ငံခြားမှာ အလုပ်လုပ်တဲ့အချိန်အတွင်းOnline က ကြိုက်ခဲ့ကြတာလို့ပြောပါတယ်(နိုင်ငံမတူပါ)

Fb Acc နောက်တစ်ခုနဲ့ရည်းစားထပ်ထားခဲ့သူပါ

ညီမ လုံးဝ ခွင့်မလွှတ်နိုင်ပါဘူးရှင်. . .သေချာစုံစမ်းပြီး မှလက်ခံခဲ့တာတောင် ပိပိရိရိလိမ်ထားတာပါ. . .

ညီမကိုသာတစ်ကယ်ချစ်ခဲ့ရင် အခုလို လုပ်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့. . .အခုတော့ စွန့်လွှတ်လိုက်ပါပြီ. . . .

တစ်ကြိမ်ခွင့်လွှတ်ပေးလိုက်ရင် ထပ်ပြီးဖောက်ပြန်နိုင်တယ်မဟုတ်လားရှင့် ညီမ ဆုံးဖြတ်ချက်မှန်တယ်မဟုတ်လားအစ်မတို့ 😔

ညီမ အသိုင်းအဝိုင်းနဲ့သိသူဆိုပြီး ယုံကြည်ခဲ့မိတာအမှားပါ

ညီမနဲ႔ သူ နဲ႔အသက္ ၁၉ႏွစ္ေလာက္က အလုပ္တစ္ခုမွာ ခင္ခဲ့ၿပီး စိတ္ဝင္စားေၾကာင္းသူေျပာပါတယ္

ညီမက Uni တက္ေနတုန္းမို႔ အခ်စ္ေရး မေတြးေသးေၾကာင္းေျပာၿပီးျငင္းခဲ့ပါတယိ

၂၂ႏွစ္ေလာက္မွာ အလုပ္မတူပဲ တစ္ေယာက္တစ္ေနရာစီေရာက္သြားပါတယ္။

ညီမ အစ္ကိုဝမ္းကြဲနဲ႔လည္း သူငယ္ခ်င္းပါ အေဒၚေတြနဲ႔လည္း ရင္းႏွီးတဲ့ဆက္ဆံေရးပါ။

အခု အသက္ ၂၉မွာ online မွာျပန္ေတြ႕ေတာ့ၿပီး ေနာက္တစ္ႀကိမ္ ခ်စ္ခြင့္ပန္ၿပီး ျပန္လာရင္ လာ​ေတာင္းမယ္လို႔ ေျပာပါတယ္

ညီမလည္း အခ်ိန္ယူစဥ္းစားၿပီးမွ အေျဖေပးခဲ့ပါတယ္ သူျပန္လာၿပီး ၃ႀကိမ္ လာေတြ႕ပါတယ္

သူက နယ္ကပါ ညီမေနာက္ဆုံးအႀကိမ္လာေတြ႕ၿပီး သူျပန္သြားပါတယ္

ေနာက္တစ္ေန႔ေရာက္ေတာ့ အလုပ္ကိစၥနဲ႔ ညီမေနတဲ့ၿမိဳ႕လာစရာရွိတယ္ေျပာပါတယ္

ညီမက အလုပ္တစ္ဖက္နဲ႔ မေတြ႕ျဖစ္ေလာက္ဘူးေျပာလိုက္ပါတယ္

သူလာမယ့္မနက္ ၆နာရီေလာက္ဖုန္းဆက္ၾကည့္ေတာ့ ညီမဖုန္းက Black list ထဲေရာက္ေနပါတယ္

တျခား နံပါတ္တစ္ခုနဲ႔ထပ္ဆက္ေတာ့ ဖုန္းဝင္ၿပီး အမ်ိဳးသမီးတစ္ေယာက္လာကိုင္ပါတယ္

ညီမက သူ႔ အေမထင္လို႔ သူ႔နဲ႔ ေျပာခ်င္လို႔ပါဆိုေတာ့…..

အဲ့ဒီအစ္မက ဘယ္သူလဲေမးေတာ့ သူ႔ခ်စ္သူပါေျပာလိုက္ပါတယ္ သူလည္း သူရဲ႕ခ်စ္သူပါတဲ့ရွင္

ညီမေနတဲ့ၿမိဳရဲ႕ Hotel တစ္ခုေရာက္ေနတာတဲ့ ၿပီးေတာ့ ကေလးႏွစ္ေယာက္ရဲ႕အေမ ပါတဲ့……..

အဲဒီအစ္မကနက္ျဖန္စလုံးကို အလုပ္ျပန္သြားလုပ္ေတာ့မွာ သူအတင္းေခၚလို႔သာ လာခဲ့ရတာ

Living Together က သူ႔အတြက္မဆန္းဘူးတဲ့…..ညီမအတြက္ကေတာ့ ခြင့္မလႊတ္ႏိုင္စရာကိစၥပါ။

ညီမသာ သူ႔ကိုတကယ္ခ်စ္ရင္

ခြင့္လႊတ္ေပးရမယ္လို႔ အဲ့ဒီအစ္မက ေျပာပါတယ္. . .

သူတို႔က ႏိုင္ငံျခားမွာ အလုပ္လုပ္တဲ့အခ်ိန္အတြင္းOnline က ႀကိဳက္ခဲ့ၾကတာလို႔ေျပာပါတယ္(ႏိုင္ငံမတူပါ)

Fb Acc ေနာက္တစ္ခုနဲ႔ရည္းစားထပ္ထားခဲ့သူပါ

ညီမ လုံးဝ ခြင့္မလႊတ္ႏိုင္ပါဘူးရွင္. . .ေသခ်ာစုံစမ္းၿပီး မွလက္ခံခဲ့တာေတာင္ ပိပိရိရိလိမ္ထားတာပါ. . .

ညီမကိုသာတစ္ကယ္ခ်စ္ခဲ့ရင္ အခုလို လုပ္မွာမဟုတ္ဘူးဆိုတဲ့စိတ္နဲ႔. . .အခုေတာ့ စြန္႔လႊတ္လိုက္ပါၿပီ. . . .

တစ္ႀကိမ္ခြင့္လႊတ္ေပးလိုက္ရင္ ထပ္ၿပီးေဖာက္ျပန္ႏိုင္တယ္မဟုတ္လားရွင့္ ညီမ ဆုံးျဖတ္ခ်က္မွန္တယ္မဟုတ္လားအစ္မတို႔ 😔

ညီမ အသိုင္းအဝိုင္းနဲ႔သိသူဆိုၿပီး ယုံၾကည္ခဲ့မိတာအမွားပါ