ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၇၄

ကျမဒို့ အိမ်ထောင်သက်တမ်း၅နှစ်ပါ

ကျမက မိသားစုမှာရော အမျိုးသားကရော အချစ်ခံခဲ့ရသူပါ

ခုဆိုရင် အဲ့လိုမဟုတ်တော့ပါဘူး

ကျမနဲ့ရန်ဖြစ်တိုင်း သူက အရှော့ပေးတတ်သူပါ

ခုဆိုရင်အော်တယ် စောက်နဲ့နှိုင်းတယ်

တနေ့အလုပ်ကပြန်တော့ စကားများကြတယ် အကြီးကျယ်ကြီးမဟုတ်ပါဘူး

ကျမက မျက်နှာဆူပုတ်နေလို နင်စောက်ရုပ်က အလုပ်ကပြန်လာရင် အဲ့လိုဘဲလိုပြောပါတယ်

တခါမှအပြောမခံဘူးတဲ့ ကျမ ရင်တွေနာလိုက်တာ

ကျမက ရင်တော့ဆိုရင် မဝပါဘူး ခုဆိုရင်ဝနေပီ အဲ့ဒါကျမကို စိတ်ကုန်ခြင်းရဲ့အစလား

တခါတလေ သူဂိမ်းလောက်တောင်အရေးမပါဘူး

အလုပ်ကပြန်လာတယ်စကားတွေအများကြီးမပြောကြတော့ဘူး

သူကဂိမ်းဆော့တယ် ပီးရင်အိပ်တယ် မနက်အလုပ်သွားကြရင် ကြာလာတော့အိမ်ထောင်ရေးက မနွေးထွေးတော့ဘူး

သူက ကလေးကလဲလိုချင်သေးတယ် နောက်တခုက ကျမက ပွစိပွစိလုပ်တတ်တယ်

အဲ့ဒါကိုဘဲ စိတ်ကုန်နေတာလား ဝတာကိုဘဲစိတ်ကုန်နေတာ မသ်ိတော့ဘူး

ကျမဘာဆက်လုပ်ကလဲ သေချာတာတခုကတော့ အရင်နဲ့မတူတော့ဘူး

ကျမဘာဖြစ်ဖြစ်သူသ်ိပ်ပီးစိတ်မဝင်စားတော့ဒါဘဲ














အဲ့ဒါကိုဘဲ စိတ်ကုန်နေတာလား ဝတာကိုဘဲစိတ်ကုန်နေတာ မသိတော့ဘူး


ကျမဘာဖြစ်ဖြစ်သူသိပ်ပီးစိတ်မဝင်စားတော့ဒါဘဲ