ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၇၅

မေးချင်လို့ပါ

ရင်လဲဖွင့်ချင်ပါတယ်

ကျမ အမျိုးသားနဲ့ကျမ ၄လပိုင်းတုန်းက တရားဝင်လက်မှတ်ထိုးယူထားတာပါ

အ့နောက်သူ့မိသားစုနဲ့ ကျ ပထမဆူံးပြသနာ တက်ပါတယ်

သူကျမအိမ်ပေါ်ကဆင်းသွားပါတယ်

အ့အချိန် သူ့အမေ သူ့အဖေက ကျမကိုပြန်မပေါင်းဖို့ နားချတယ်

အိမ်ထောင်မပြိုကွဲချင်တာနဲ့ကျမ အောက်ကျခံ ကျမပြန်ခေါ်ခဲ့ပါတယ်

အ့နောက်ပိုင်းသူမိဘက မျိုးစုံချုပ်ကိုင်ချယ်လှယ်နေပါတယ်

ကျတို့အတူထိုင်းတက်အလုပ်လုပ်ဖို့ passportအတူ လုပ်တောင်ပြီးပါပြီ

သူက သူ့မိသားစုမှာ သားအကြီးဆုံးပါ

သူ့မိဘတွေရဲ့ လောဘကိုကျမ မခန့်မှန်းနိုင်တော့ဘူး

သူ့လုပ်စာမှန်သမျှ အကုန် ရယူလိုချင်တဲ့အတွက်ကျမကို အတင်းခွာခိုင်းတယ်

မိဘက လုပ်ခိုင်းတိူင်း လုပ်တယ်ဆိုပေမဲ့ သူကိုယ်တိုင်လဲ ကျမကို အတင်းခွာချင်နေပါတယ်

ကျမတို့က တရားဝင်လက်မှတ်ထိုးယူထားတာပါ

အခု လပြည့်ညက လင်မယား စကားများရင် နင်လိုမိန်းမ မပေါင်းနိုင်ဘူးဆိုပြီး အိမ်ပေါ်ကဆင်းသွားပါတယ်

အခုလဲ သူထိုင်းကို သွားဖို့လုပ်နေတာပါ

ကျမဘက်က နစ်နာမှု့အတွက် ဘယ်လို လုပ်ဆောင်သင့်ပါသလဲ

ကျမလဲ ပြန်ပေါင်းဖို့စိတ်ကူးမရှိတော့ပါ ဘူး

အခုက သူတို့က သူများသားသမီး လွယ်လွယ်ယူပြီး လွယ်လွယ် လွှတ်ချ ခဲ့တဲ့သဘောပါ

ကျမဘက်က ဘာလုပ်လို့ရနိုင်မလဲရှင့်

အကြံညာဏ်လေးပေးပါ

ေမးခ်င္လို႔ပါ

ရင္လဲဖြင့္ခ်င္ပါတယ္

က်မ အမ်ိဳးသားနဲ႔က်မ ၄လပိုင္းတုန္းက တရားဝင္လက္မွတ္ထိုးယူထားတာပါ

အ့ေနာက္သူ႔မိသားစုနဲ႔ က် ပထမဆူံးျပသနာ တက္ပါတယ္

သူက်မအိမ္ေပၚကဆင္းသြားပါတယ္

အ့အခ်ိန္ သူ႔အေမ သူ႔အေဖက က်မကိုျပန္မေပါင္းဖို႔ နားခ်တယ္

အိမ္ေထာင္မၿပိဳကြဲခ်င္တာနဲ႔က်မ ေအာက္က်ခံ က်မျပန္ေခၚခဲ့ပါတယ္

အ့ေနာက္ပိုင္းသူမိဘက မ်ိဳးစုံခ်ဳပ္ကိုင္ခ်ယ္လွယ္ေနပါတယ္

က်တို႔အတူထိုင္းတက္အလုပ္လုပ္ဖို႔ passportအတူ လုပ္ေတာင္ၿပီးပါၿပီ

သူက သူ႔မိသားစုမွာ သားအႀကီးဆုံးပါ

သူ႔မိဘေတြရဲ႕ ေလာဘကိုက်မ မခန္႔မွန္းႏိုင္ေတာ့ဘူး

သူ႔လုပ္စာမွန္သမွ် အကုန္ ရယူလိုခ်င္တဲ့အတြက္က်မကို အတင္းခြာခိုင္းတယ္

မိဘက လုပ္ခိုင္းတိူင္း လုပ္တယ္ဆိုေပမဲ့ သူကိုယ္တိုင္လဲ က်မကို အတင္းခြာခ်င္ေနပါတယ္

က်မတို႔က တရားဝင္လက္မွတ္ထိုးယူထားတာပါ

အခု လျပည့္ညက လင္မယား စကားမ်ားရင္ နင္လိုမိန္းမ မေပါင္းႏိုင္ဘူးဆိုၿပီး အိမ္ေပၚကဆင္းသြားပါတယ္

အခုလဲ သူထိုင္းကို သြားဖို႔လုပ္ေနတာပါ

က်မဘက္က နစ္နာမႈ႕အတြက္ ဘယ္လို လုပ္ေဆာင္သင့္ပါသလဲ

က်မလဲ ျပန္ေပါင္းဖို႔စိတ္ကူးမရွိေတာ့ပါ ဘူး

အခုက သူတို႔က သူမ်ားသားသမီး လြယ္လြယ္ယူၿပီး လြယ္လြယ္ လႊတ္ခ် ခဲ့တဲ့သေဘာပါ

က်မဘက္က ဘာလုပ္လို႔ရႏိုင္မလဲရွင့္

အႀကံညာဏ္ေလးေပးပါ