ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၇၈

ကျွန်မက အသက်နှစ်ဆယ့်ကိုးနှစ်ပါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပါတယ်

တစ်ဦးတည်း​သောသမီးပါ အိမ်ကိုလဲထောက်ပံ့စရာမလိုပါဘူး ပြည့်စုံကြပါတယ်

ကိုယ်တိုင်လဲ ပူပင်စရာမရှိပါဘူး ဝတ်နိုင်စားနိုင် အများနဲ့တန်းတူနေနိုင်ပါတယ်

ကျွန်မမှာ တခြားသူတေလို စီးပွားရေး မိသားစုအရေးဘာညာတွေ သိပ်စိတ်ပူစရာမရှိပဲ အမြဲ အဆင်ပြေကံကောင်းခဲ့ပေမဲ့

အချစ်ရေးတော့ အင်မတန်ကံခေသူပါ

လွန်ခဲ့တဲ့ လေးနှစ်လောက်က အလုပ်မှာ အမျိုးသား တစ်ယောက်နဲ့ စပြီးခင်မင်မိပါတယ်။

သူကကျွန်မထက်အသက်ငါးနှစ်လောက်ကြီးပါတယ် လူပျိုဆိုတာတော့ သေချာပါတယ်

သူ့ဘက်ကပဲ စပြီး ကျွန်မနဲ့ ရင်းနှီးအောင်ကြိုးစားတာပါ

သူကအရမ်း ဆွဲဆောင်မှုရှိပြီး အဘက်ဘက်က ပြည့်စုံတဲ့ ယောကျာ်းမျိုးပါ။

ကျွန်မလဲ အချိန်တစ်ခုရောက်တော့ သတိမထားမိလိုက်ပဲနဲ့ သူနဲ့ တွဲသွားတွဲလာ​ဖြစ် ပြီးတော်တော်ရင်းနှီးတဲ့ အနေအထားတစ်ခုကိုရောက်လာပါတယ်။

ဒီလိုနဲ့ပဲ ကျွန်မဘက်က တစ်ဖက်သတ်အတွေးနဲ့ ကျွန်မတို့က ဖွင့်ပြောဖို့မလိုပဲ တစ်ယောက်နဲ့တစ်​ယောက်သဘောကျလို့တွဲ နေကြတယ်လို့ထင်မိပါတယ်။

သူက ကျွန်မကို နေ့တိုင်းစာပို့တာကလွဲ ပြီး ချစ်ကြောင်းကြိုက်ကြောင်းတော့တစ်ခါမှမပြောပါဘူး။

ကျွန်မဘက်က အဲ့ဒီအကြောင်း စကားရောက်ဖို့ကြိုးစားတိုင်းလဲ ဆက်မပြောဖြစ်ကြပါဘူး ။

ကျွန်မလဲ ဒီတိုင်းလေးနေရလဲ အဆင်ပြေတယ်ပဲ ကိုယ့်ဘာ့သာနှစ်သိမ့်ပြီး လေးနှစ်ကြာတဲ့အထိ အာ့အခြေအနေအတိုင်းနေဖြစ်ခဲ့ပါတယ်။

ပတ်ဝန်းကျင်က တွဲသွားတွဲလာမြင်လို့ မေးတိုင်းသူက မဖြေပါဘူး ဘယ်တော့မှလဲ ကျွန်မကို သူ့ကောင်မလေးလို့ မိတ်ဆက်မပေးပါဘူး …

လက်ဆောင်ဝယ်ပေးတာတွေ မုန့်ဝယ်ကျွေးတာတွေ ဂရုစိုက်ပေးတာတွေကတော့လေးနှစ်အတွင်း မရေတွက်နိုင်လောက်အောင်ပါ။

အာ့လိုနဲ့ ကျွန်မ ရှေ့အပတ်က သေချာစဥ်းစားပြီး သူ့ဆီက ချစ်သူအဖြစ်အသိအမှတ်ပြုခံရဖို့အတွက် ထုတ်မေးခဲ့ပါတယ်

ဒါမဲ့သူက ကျွန်မတို့နှစ်ယောက် မဖြစ်နိုင်ဘူးတဲ့ သူ့ဘက်က စည်းကျော်ခဲ့တာတွေ ရှိရင် တောင်းပန်ပါတယ်

သူငယ်ချင်းလိုပဲ ပြန်နေကြမယ်ဆိုပြီး ပြောလာပါတယ်ရှင့်

ကျွန်မလဲ ဘာမှမဖြစ်သလိုဟန်ဆောင်ခဲ့ပေမဲ့ ရင်ထဲမှာတော့ရှင်းပြမတတ်အောင်ပါပဲရှင်

အခုစာကိုတင်ရတဲ့အကြောင်းကတော့ ဒီဂရုက ညီမတို့ အမတို့လဲ ကျွန်မလိုအဖြစ်မျိုး မဖြစ်အောင်ပါ

ကိုယ့်အချိန်တေကို မသေချာတဲ့ သူတစ်ယောက်အပေါ်မဖြုန်းမိကြပါစေနဲ့

ကြၽန္မက အသက္ႏွစ္ဆယ့္ကိုးႏွစ္ပါ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ႏိုင္ပါတယ္

တစ္ဦးတည္း​ေသာသမီးပါ အိမ္ကိုလဲေထာက္ပံ့စရာမလိုပါဘူး ျပည့္စုံၾကပါတယ္

ကိုယ္တိုင္လဲ ပူပင္စရာမရွိပါဘူး ဝတ္ႏိုင္စားႏိုင္ အမ်ားနဲ႔တန္းတူေနႏိုင္ပါတယ္

ကြၽန္မမွာ တျခားသူေတလို စီးပြားေရး မိသားစုအေရးဘာညာေတြ သိပ္စိတ္ပူစရာမရွိပဲ အၿမဲ အဆင္ေျပကံေကာင္းခဲ့ေပမဲ့

အခ်စ္ေရးေတာ့ အင္မတန္ကံေခသူပါ

လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္က အလုပ္မွာ အမ်ိဳးသား တစ္ေယာက္နဲ႔ စၿပီးခင္မင္မိပါတယ္။

သူကကြၽန္မထက္အသက္ငါးႏွစ္ေလာက္ႀကီးပါတယ္ လူပ်ိဳဆိုတာေတာ့ ေသခ်ာပါတယ္

သူ႔ဘက္ကပဲ စၿပီး ကြၽန္မနဲ႔ ရင္းႏွီးေအာင္ႀကိဳးစားတာပါ

သူကအရမ္း ဆြဲေဆာင္မႈရွိၿပီး အဘက္ဘက္က ျပည့္စုံတဲ့ ေယာက်ာ္းမ်ိဳးပါ။

ကြၽန္မလဲ အခ်ိန္တစ္ခုေရာက္ေတာ့ သတိမထားမိလိုက္ပဲနဲ႔ သူနဲ႔ တြဲသြားတြဲလာ​ျဖစ္ ၿပီးေတာ္ေတာ္ရင္းႏွီးတဲ့ အေနအထားတစ္ခုကိုေရာက္လာပါတယ္။

ဒီလိုနဲ႔ပဲ ကြၽန္မဘက္က တစ္ဖက္သတ္အေတြးနဲ႔ ကြၽန္မတို႔က ဖြင့္ေျပာဖို႔မလိုပဲ တစ္ေယာက္နဲ႔တစ္​ေယာက္သေဘာက်လို႔တြဲ ေနၾကတယ္လို႔ထင္မိပါတယ္။

သူက ကြၽန္မကို ေန႔တိုင္းစာပို႔တာကလြဲ ၿပီး ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းေတာ့တစ္ခါမွမေျပာပါဘူး။

ကြၽန္မဘက္က အဲ့ဒီအေၾကာင္း စကားေရာက္ဖို႔ႀကိဳးစားတိုင္းလဲ ဆက္မေျပာျဖစ္ၾကပါဘူး ။

ကြၽန္မလဲ ဒီတိုင္းေလးေနရလဲ အဆင္ေျပတယ္ပဲ ကိုယ့္ဘာ့သာႏွစ္သိမ့္ၿပီး ေလးႏွစ္ၾကာတဲ့အထိ အာ့အေျခအေနအတိုင္းေနျဖစ္ခဲ့ပါတယ္။

ပတ္ဝန္းက်င္က တြဲသြားတြဲလာျမင္လို႔ ေမးတိုင္းသူက မေျဖပါဘူး ဘယ္ေတာ့မွလဲ ကြၽန္မကို သူ႔ေကာင္မေလးလို႔ မိတ္ဆက္မေပးပါဘူး …

လက္ေဆာင္ဝယ္ေပးတာေတြ မုန္႔ဝယ္ေကြၽးတာေတြ ဂ႐ုစိုက္ေပးတာေတြကေတာ့ေလးႏွစ္အတြင္း မေရတြက္ႏိုင္ေလာက္ေအာင္ပါ။

အာ့လိုနဲ႔ ကြၽန္မ ေရွ႕အပတ္က ေသခ်ာစဥ္းစားၿပီး သူ႔ဆီက ခ်စ္သူအျဖစ္အသိအမွတ္ျပဳခံရဖို႔အတြက္ ထုတ္ေမးခဲ့ပါတယ္

ဒါမဲ့သူက ကြၽန္မတို႔ႏွစ္ေယာက္ မျဖစ္ႏိုင္ဘူးတဲ့ သူ႔ဘက္က စည္းေက်ာ္ခဲ့တာေတြ ရွိရင္ ေတာင္းပန္ပါတယ္

သူငယ္ခ်င္းလိုပဲ ျပန္ေနၾကမယ္ဆိုၿပီး ေျပာလာပါတယ္ရွင့္

ကြၽန္မလဲ ဘာမွမျဖစ္သလိုဟန္ေဆာင္ခဲ့ေပမဲ့ ရင္ထဲမွာေတာ့ရွင္းျပမတတ္ေအာင္ပါပဲရွင္

အခုစာကိုတင္ရတဲ့အေၾကာင္းကေတာ့ ဒီဂ႐ုက ညီမတို႔ အမတို႔လဲ ကြၽန္မလိုအျဖစ္မ်ိဳး မျဖစ္ေအာင္ပါ

ကိုယ့္အခ်ိန္ေတကို မေသခ်ာတဲ့ သူတစ္ေယာက္အေပၚမျဖဳန္းမိၾကပါေစနဲ႔