ညီမ ဘာဆက်လုပ်ရမှန်းမသိလို့ပါ ညီမတို့၂ယောက်က လိင်တူချစ်သူတွေပါ
ညီမတို့အစက အားလုံးအဆင်ပြေနေခဲ့တာပါ
သူ့ညီမတွေမရောက်လာခင်ထိပေါ့ မလာခင်ကတော့ပြောပါတယ်
သူ့ညီမလာရင်တော့ အရင်လို တွေ့လို့တော့မရတော့ဘူးတဲ့
အဲ့တုန်းက ငါက တိတ်တိတ်မယားငယ်ကျနေတာပဲ ညီမလာတာပဲဘာဖြစ်လဲလို့တောင်ပြောလိုက်ပါသေးတယ်
သူ့ညီမတွေရောက်တဲ့နေ့ကစ ၃ရက်လုံး တချက်တောင်လာမတွေ့ပါဘူး
စာလဲ ညီမဘက်ကပဲပို့ရတာ ပို့လဲပြောချင်မှပြောတယ်
ညီမက ၃ရက်လုံး ငါရှိသေးတာတောင်သိရဲ့လားဆိုတော့ ညီမကပြသနာရှာတယ်
သူ့ကိုစကားလာမပြောနဲ့စိတ်ရှုပ်တယ် ပြတ်မယ်ဆိုပြီးပြောတယ်
မနေနိုင်တဲ့သူကပဲ အတင်းပြန်ချော့ပြီး စကားလိုက်ပြောခဲ့ရတယ်
စကားပြန်ပြောဖြစ်ကျတယ် နောက်နေ့တွေလဲ ဒီလိုပဲ သူလာမတွေ့ဘူး
ညီမကသာသူ့အိမ်လိုက်တွေ့ခဲ့ရတာ သူ့ကြောင့်ငိုရလဲ ပြသနာရှာတယ်ဖြစ်တယ်
ဒီလိုဆိုရင် မဖြစ်နိုင်ဘူး ပြောတယ် ညီမ မမုန်းနိုင်ဘူး အရှက်မထားနိုင်ဘူး ပြန်တွဲပြီး သူ့နဲ့ ပြောဖြစ်တာပဲ
နောက်ဆုံးကျတော့ ညီမလဲ အော် ငါ့ယောက်ကျားလဲ အလုပ်များလိုက်တာ
ကျမအတွက်အချိန်ကိုမရှိဘူးဆိုတော့ မိသားစုကအစားမရဘူး ရည်းစားက အစားရတယ်တဲ့
ါ့ဘက်က ဘာတွေများပြောမိလို့လဲဆိုပြီးငိုလဲငို သူ့လဲစိတ်ဆိုး သူ့ဘက်က တနေ့လုံး စကားတခွန်းတောင်မပြောလာဘူး
ညီမလဲမနေနိုင်လို့ ဘာလို့စကားတလုံးတောင်မပြောရတာလဲ ဆိုပြီးစာတွေဆက်တိုက်ပို့တာ ဝင်ဖတ်ပြီးပြန်မပြောဘူး
ဖုန်းဆက်တော့လဲ ၃ခါမြောက်မှကိုင်ပြီး မပြောတာ မပြောချင်လို့ပေါ့တဲ့
ချစ်ပေမဲ့ စိတ်ကောက်နေရင်ဖြစ်မှာမဟုတ်ဘူးတဲ့
ညီမအရမ်းခံစားရတယ် ကိုယ့်ဘက်က အားလုံးနဲ့ဆန့်ကျင်ပြီးချစ်ခဲ့ပေမဲ့
တချက်လေးမှ မစာနာပဲညီမဘက်ကသာအလျော့ပေးနေရတာ ဘာလုပ်သင့်လဲ မင်မင်
သူပြောတဲ့ချစ်ပေမဲ့ ညီမဘက်ကများမှားနေလို့လား
ကိုယ်ပေးနေတယ်လို့ထင်တဲ့အချစ်က မှားနေတာလား
မေ့အောင်ဘယ်လိုလုပ်ရမလဲ အကြံပေးပါအုံး
ညီမ ဘာဆက္လုပ္ရမွန္းမသိလို႔ပါ ညီမတို႔၂ေယာက္က လိင္တူခ်စ္သူေတြပါ
ညီမတို႔အစက အားလုံးအဆင္ေျပေနခဲ့တာပါ
သူ႔ညီမေတြမေရာက္လာခင္ထိေပါ့ မလာခင္ကေတာ့ေျပာပါတယ္
သူ႔ညီမလာရင္ေတာ့ အရင္လို ေတြ႕လို႔ေတာ့မရေတာ့ဘူးတဲ့
အဲ့တုန္းက ငါက တိတ္တိတ္မယားငယ္က်ေနတာပဲ ညီမလာတာပဲဘာျဖစ္လဲလို႔ေတာင္ေျပာလိုက္ပါေသးတယ္
သူ႔ညီမေတြေရာက္တဲ့ေန႔ကစ ၃ရက္လုံး တခ်က္ေတာင္လာမေတြ႕ပါဘူး
စာလဲ ညီမဘက္ကပဲပို႔ရတာ ပို႔လဲေျပာခ်င္မွေျပာတယ္
ညီမက ၃ရက္လုံး ငါရွိေသးတာေတာင္သိရဲ႕လားဆိုေတာ့ ညီမကျပသနာရွာတယ္
သူ႔ကိုစကားလာမေျပာနဲ႔စိတ္ရႈပ္တယ္ ျပတ္မယ္ဆိုၿပီးေျပာတယ္
မေနႏိုင္တဲ့သူကပဲ အတင္းျပန္ေခ်ာ့ၿပီး စကားလိုက္ေျပာခဲ့ရတယ္
စကားျပန္ေျပာျဖစ္က်တယ္ ေနာက္ေန႔ေတြလဲ ဒီလိုပဲ သူလာမေတြ႕ဘူး
ညီမကသာသူ႔အိမ္လိုက္ေတြ႕ခဲ့ရတာ သူ႔ေၾကာင့္ငိုရလဲ ျပသနာရွာတယ္ျဖစ္တယ္
ဒီလိုဆိုရင္ မျဖစ္ႏိုင္ဘူး ေျပာတယ္ ညီမ မမုန္းႏိုင္ဘူး အရွက္မထားႏိုင္ဘူး ျပန္တြဲၿပီး သူ႔နဲ႔ ေျပာျဖစ္တာပဲ
ေနာက္ဆုံးက်ေတာ့ ညီမလဲ ေအာ္ ငါ့ေယာက္က်ားလဲ အလုပ္မ်ားလိုက္တာ
က်မအတြက္အခ်ိန္ကိုမရွိဘူးဆိုေတာ့ မိသားစုကအစားမရဘူး ရည္းစားက အစားရတယ္တဲ့
ါ့ဘက္က ဘာေတြမ်ားေျပာမိလို႔လဲဆိုၿပီးငိုလဲငို သူ႔လဲစိတ္ဆိုး သူ႔ဘက္က တေန႔လုံး စကားတခြန္းေတာင္မေျပာလာဘူး
ညီမလဲမေနႏိုင္လို႔ ဘာလို႔စကားတလုံးေတာင္မေျပာရတာလဲ ဆိုၿပီးစာေတြဆက္တိုက္ပို႔တာ ဝင္ဖတ္ၿပီးျပန္မေျပာဘူး
ဖုန္းဆက္ေတာ့လဲ ၃ခါေျမာက္မွကိုင္ၿပီး မေျပာတာ မေျပာခ်င္လို႔ေပါ့တဲ့
ခ်စ္ေပမဲ့ စိတ္ေကာက္ေနရင္ျဖစ္မွာမဟုတ္ဘူးတဲ့
ညီမအရမ္းခံစားရတယ္ ကိုယ့္ဘက္က အားလုံးနဲ႔ဆန႔္က်င္ၿပီးခ်စ္ခဲ့ေပမဲ့
တခ်က္ေလးမွ မစာနာပဲညီမဘက္ကသာအေလ်ာ့ေပးေနရတာ ဘာလုပ္သင့္လဲ မင္မင္
သူေျပာတဲ့ခ်စ္ေပမဲ့ ညီမဘက္ကမ်ားမွားေနလို႔လား
ကိုယ္ေပးေနတယ္လို႔ထင္တဲ့အခ်စ္က မွားေနတာလား
ေမ့ေအာင္ဘယ္လိုလုပ္ရမလဲ အႀကံေပးပါအုံး