ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၈၀

ကျမ တခါ ရေးခဲ့ဘူးပါတယ် နိုင်ငံခြား ရောက်ပီး သစ္စာဖောက်တဲ့ ချစ်သူအကြောင်း

ခုတခါလဲ ရက်ဖွင့်ပါရစေ

သူက တခုလပ်တယောက် ကျမက အပျိုပါ

ကျမ မိသားစုကတော့ သူ့နဲ့ လုံးဝ သဘောမတူပါဘူး

မိဘစကား အမြဲနားထောင်ခဲ့တဲ့ကျမ ဒီတခါ နားမထောင်ပဲ သူ့ကို ဆက်ချစ်ခဲ့ပါတယ်

အိမ်က ပစ်ထားပီး ဘာမှ မရှိတဲ့ဘဝကနေ နိုင်ငံခြား ထွက်နိုင်အောင်အထိ ကျမ အကုန် ထောက်ပံ့ခဲ့ရတာပါ

သူနဲ့ကျမ ချစ်သူ ဖြစ်တာ ၈နှစ် နီးပါး ရှိပါပီ ၆နှစ်ကျော်လောက်ထိ တယောက်ကိုတယောက် ချစ်ပီး ပျော်ရွှင်ခဲ့ရပါတယ်

ဂရုလဲ အရမ်းစိုက်ပါတယ် လက်ထပ်ဖို့ စီစဥ်လိုက် ပျက်လိုက်နဲ့က ၃ခါလောက်ပါ

နိုင်ငံခြား သာ ရောက်တယ် ပိုက်ဆံ တပြားမှ မဆုမိပါဘူး

အချိန်တန် ကျမ ရှိတယ်တဲ့ ကျမလဲ ပြန်လာရင် mini market လေး ဖွင့် ပေးမယ်ပေါ့

အလုပ်ကလေးနဲ့ တင့်တယ်အောင် နိုင်ငံရေးမကောင်းတော့ ပြန်မလာချင်ဘူးဆိုတာကနေ သူ့ထက်၁၁နှစ်လောက်ငယ်တဲ့ မိန်းကလေးနဲ့ ဖြစ်သွားတယ်

ကျမ မေးတော့ မဟုတ်ဘူးပဲ ဖြေတယ် အာ့ကစပီး ကျမအပေါ် အရင်လို ဂရုစိုက်မှု့တွေ မရှိတော့ဘူး

အမြဲ ပြဿနာတွေ ဖြစ်ကြတယ် တခါတလေ တလလောက်ရှိမှ ကျမကို ပြန်ခေါ်ပီး ချော့တယ်

တည့်လဲ တပတ်ဆို အလွန်ဆုံးပဲ ရန်ပြန်ဖြစ်ကြပြန်ရော

သူနဲ့မခေါ်ရင် ကျမ သူနဲ့ ပတ်သတ်တဲ့ ဖုန်းတွေ အကုန် block ထားတာ အာ့ဆို တခြားဖုန်းတွေ တလုံးပီးတလုံးနဲ့ ခေါ်တယ်

ပီးရင် ဂရုမစိုက်ပြန်ဘူး သည်းမခံ နိုင်ဆုံးကတော့ သူ phout pyan နေတဲ့ မိန်းကလေးနဲ့ အဆင်မပြေရင်

ကျမအပေါ် ကောင်းကောင်းဆက်ဆံပီး အဆင်ပြေရင် ပြစ်ထားတော့တာပါပဲ

ဒီကောင်မလေးကို ချစ်လွန်းလို့ အာ့လို လုပ်တယ်လို့ မထင်ပါနဲ့

သူလို လူမျိုးက ပျော်ရမယ်ဆို အကုန် လုပ်တာ ကျမကိုလဲ သူချစ်သလားဆိုတော့ မချစ်လို့ နောက်တယောက်နဲ့ phout pyan တာပေါ့

ခုတခါတော့ မခေါ်ပါနဲ့တော့ စကား ပြန်မပြောချင်တော့ဘူးလို့ အပြတ် ပြောလိုက်တယ်

တခါပဲ နာကျင်ခံတော့မယ် ကိုယ်က တန်ဖိုးထားပီး မြှင့်တင်ပေးခဲ့ပေမယ့်

သူက သူ့တန်ဖိုးသူ သတ်မှတ်လိုက်တာ

ကိုယ့်အချစ်တွေနဲ့ မတန်တဲ့အတွက် move on လုပ်လိုက်ပါပီ ကျမ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လား






















