အိမ်ထောင်သက်က ၄နှစ်ကျော်ပါ ခလေးတစ်ယောက်ရှိပါတယ်
ပြီးခဲ့တဲ့3နှစ်အတွင်းမှာ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်သားအဆင်ပြေကြတယ်
( နှစ်ယောက်လုံးကဝန်ထမ်းမို့ တစ်နှစ်နေမှ နှစ်ကြိမ် အများဆုံးသုံးကြိမ်)တွေ့ကြတယ် အဲ့ချိန်ထိ ဘာပြဿမှ မရှိခဲ့ပါ
အရင်နှစ်ကဘဲ ပြောရမှာလဲ သူ့ဆီမသွားတော့ မိန်းခေလးပီပီသူရဲ့ ဖုန်းယူစစ်တာပေါ့ စစ်တော့ ကောင်မလေးဓါတ်ပုံတွေ့ရော တွေ့တော့ မေးတာပေါ့
ဖြစ်ချင်တော့ အဲ့ကောင်မလေးကိုလည်း ကိုယ်သိတယ် ခင်တာမခင်တာ သူ့အလုပ်ထဲက မိန်းခလေးဘဲ
ဘာလို့သူ့ဓါတ်ပုံရှိနေတာလဲမေးတော့ သူကဒေါသထွက်ပြီး ဖုန်းခွဲလိုက်ရော
ငါကကောင်းကောင်းမွန်မွန်မေးနေတာကို သူက အဲ့လိုလုပ်တော့ ပိုထင်တော့တာပေါ့
အာ့နဲ့ သူ့ဖာသူအလုပ်သွားလိုက်တယ် ကိုယ်ကအိမ်မှာ ကျန်ခဲ့တော့ ဟိုသိမ်းဒီသိမ်းနဲ့ သူ့အိပ်ယာဘေးနာမှာ ကဗျာတွေရေးထားတာတွေ့ရေ
ာ ဖြစ်ချင်တော့ သူရေးထားတဲ့ကဗျာက အဲ့ကောင်မလေး နဲ့တိုက်ဆိုင်တော့ သံသယပိုများပြီ
ဒါပေမဲ့ စိတ်ကို အတတ်နိုင်ဆုံး လျှော့ပြီ ကွာလိုက်တာဘဲကာင်းပါတယ်လို့တွေးပြီး အားရပါးရငိုပြီး သူ့ကိုဖုန်းဆက်လိုက်တာ ညနေ3နာရီခွဲေလာက်မှာ ကွာရှင်းရအောင်လို့ မင်းငါ့ကို မချစ်တော့လို့ နောက်လူဆိုတာ ရှိလာတာဘဲလေလို့ ပြောလိုက်တယ်
ခဏတော့သူပြန်လာပြီး သူနဲ့မဟုတ်ဘူး ကျိန်ပြောရဲပါတယ်ပေါ့
အကုန်ကျိန်တာ အဲ့စာလည်း သူ့သူငယ်ချင်းလေးအတွက်ရေးပေးတာတဲ့ သူ့သူငယ်ချင်းကအဲ့ကောင်မလေးကို ကြိုက်လို့ သူကမပြောရဲဘူး
အာ့ကြောင့်သူကရေးပေးတာတဲ့ အာ့နဲ့ယုံလိုက်တာပေါ့ ကိုယ်ကလည်းစကားမများချင်ဘူး ရှက်တယ်
အာ့နဲ့ သူ့အဖွဲ့တွေနဲ့ ခေါ်တွေ့ပေးလိုက်တာပေါ့ အဲ့အထိကို သံသယကကင်းသွားပြီ မဟုတ်လောက်ပါဘူးလေဆိုပြီး ဖြစ်ချင်တော့ ကိုယ်အထင်လွှဲနေတဲ့ ကောင်မလေးလည်းပါတာကိုး
နောက်နေ့မနက် သူဘယ်ကတည်းက ဖုန်းထပြောမှန်းမသိဘဲ ကိုယ်ကအိပ်ပျော်နေမိတယ်
( သူခိုးဖမ်းဖို့စောင့်မယ်ဆိုပြီးအိပ်ပျော်သွားသောမိမိ)နိုးတော့ သူ့ကိုမတွေ့တော့ဘူး ထရှာတော့မတွေ့ ဖုန်းဆက်တော့မအား
မနက်အစောကြီးကိုနော် စဉ်းစားကြည့် ပြီးမှ ပြန်လာတာ ပြန်လာတော့ သူ့ကိုမေးတာပေါ့
သူ့ဖုန်းယူစစ်တော့ သူဖျက်ထားတာ မေးတော့ သူငယ်ချင်းနဲ့ပြောနေတာတဲ့ ယုံတော့မယုံဘူး စကားမများချင်တော့လို့ မမေးတော့ဘူး စိတ်ထဲတော့မကျေဘူးပေါ့
အဲ့နောက်ပိုင်း ဘာမှမတွေ့တော့ ဘာမှမမေးဘူးပေါ့ အာ့နဲ့ ရက်စေ့တော့ ပြန်လိုက်တယ် ညီမက အငြိုးကြီးတဲ့မိန်းမထဲမှာပါတယ်
တစ်ခုခုဆို ဂလဲ့စားချေချင်တာ ဝဋ်ကြီးမှန်းတော့သိတယ်
ဘယ်လိုနေနေ တစ်နေ့မှမေ့မရဘူး ရစ်တာပေါ့ အဲ့မနက်ဘယ်သူနဲ့ပြောတာလဲ စုံစိအောင်ပြန်ပြန်ဖော်တာ
အာ့နဲ့ အဲ့ကောင်မလေးနဲ့ပြောနေတာတဲ့ ဓါတ်ပုံကိစ္စရောမေးတော့ viberမှာ စကားပြောကြရင်း သူ့ဇာတိမြို့ သမိုင်းဝင်ဘုရားအကြောင်းပြောပြရင်းနဲ့ပါသွားတာဖစ်မယ်တဲ့
စဉ်စားကြည့်နော် ကိုယ်က ဒေါထွက်နေတဲ့အချိန်ဆို မတွေးမိတော့ဘူး အဲ့ကောင်မလေးမေးတော့ သူကမသိဘူးတဲ့
သူ့ပုံကဘယ်လိုဖစ်လို့ရှိနေတာတော့မသိဘူး ငြင်းတော့တာပေါ့
အမျိုးသားကမငြင်းဘူး သူကတော့ငြင်းတယ် လတွေချီပြီး သူ့နဲ့စကားများရင်ထပ်မေးတယ် ထပ်ကျိန်တယ် ဆဲတယ်
ကောင်မလေးထပ်မေးတယ် တော်တော်ကြာလို့နေမှာ သူ့စကားသူမမှတ်မိတော့လို့လားဘာလားတော့မသိဘူး
အဲ့မှ ထွက်လာတာ ကျွန်မအမျိုးသားကို သမိုင်းကြောင်းနဲ့ပတ်သက်ပြီး ပုံပို့တာကို သူ့ပုံပါသွားလို့နေမှာပါတဲ့
သူ့နဲ့စကားအကြီးအကျယ်များရော ညီမတို့အိမ်ထောင်ရေးက ခုထက်ထိ အဆင်မပြေဘူး
ညီမအကျင့်က နောက်ပြန်ပြန်ဖော်တတ်တဲ့အကျင့်ရှိနေတာရယ် ပြီးတော့ သူကစိတ်ကစားလို့ ကြိုက်မိရင်တောင် ခွင့်မလွှတ်နိုင်ဘူးဖြစ်နေတယ်
စိတ်အတတ်နိုင်ဆုံးသီးခံပြီး အဆင်ပြေအောင်နေမယ်ဆိုလည်း စိတ်ကမထိန်းနိုင်ဘူး ဒေါသထွက်ရတယ် ငါ့ကိုအရူးလုပ်သွားတာပါလားဆိုတဲ့စိတ်ကအမြဲဝင်နေတယ် ဘ
ယ်လိုလုပ်ရမှာလဲ ကွာရှင်းစာချုပ်တော့လုပ်ထားတယ် လက်ရေးနဲ့ရေးထားတဲ့စာချုပ်လေးပါ ခုတော့ သူကတရားမဝင်ဘူး ပြန်လာမဲ့သဘောရှိတယ်
ကိုယ်က အငြိုးကြီးတော့ အဆင်မပြေနိုင်ဘူး ဘယ်လိုလုပ်ရမှာလဲ အကြံပေးကြပါ
ကျန်သေးတယ် မေ့တော့မလို့ ကောင်မလေးက ရေးထားတာ သူ့စာချုပ်ကြားထဲညှပ်ထားတာ ကိုယ်ကလည်းစပ်စပ်စုစုတွေ့လိုက်တယ်
သူအပြောင်းပါသွာရင် ကျွန်တော်ဘဲကျန်ခဲ့မှာကြီးကိုတဲ့ သူနေရာမှာ အမျိုးသားကိုပြောနေတာပါ ကူစဉ်းစားပေးကြပါအမျိုးတို့ရေ
သူတို့နှစ်ယောက်ပတ်သက်မှုရှိလား မရှိဘူးလား ကျေးဇူးပြုပြီးပြောပေးကြပါ
ဒါဘဲသိချင်လို့ ညီမအတွက်တော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရမှာမို့
မှတ်ချက်_သိတော့သိချင်မိသား သူကအဲ့ကောင်မလေးကိုဘာတွေပြောထားမှန်း
သူက လူလွတ်ပါလို့ ပြောလို့လား ဘာလားတော့မသိဘူး ဝန်ထမ်းမို့ လိမ်လို့မရဘူးလို့တော့ထင်တယ်
သူ့လူတွေအကုန်လုံးနဲ့friဖြစ်ေတာ့ သူအိမ်ထောင်ရှိမှန်းသိကြပါတယ်
အရင်နှစ်ကဘဲ ပြောရမှာလဲ သူ့ဆီမသွားတော့ မိန်းခလေးပီပီသူရဲ့ ဖုန်းယူစစ်တာပေါ့ စစ်တော့ ကောင်မလေးဓါတ်ပုံတွေ့ရော တွေ့တော့ မေးတာပေါ့
ဒါပေမဲ့ စိတ်ကို အတတ်နိုင်ဆုံး လျှော့ပြီ ကွာလိုက်တာဘဲကာင်းပါတယ်လို့တွေးပြီး အားရပါးရငိုပြီး သူ့ကိုဖုန်းဆက်လိုက်တာ ညနေ3နာရီခွဲလောက်မှာ ကွာရှင်းရအောင်လို့ မင်းငါ့ကို မချစ်တော့လို့ နောက်လူဆိုတာ ရှိလာတာဘဲလေလို့ ပြောလိုက်တယ်
သူ့လူတွေအကုန်လုံးနဲ့friဖြစ်တော့ သူအိမ်ထောင်ရှိမှန်းသိကြပါတယ်