ကျွန်မအခုထိနားမလည်နိုင်သေးတာရှိသေးတယ် တကယ်ကိုနားမလည်တာပါ
ဘယ်ဟာကအမှန်တရားလဲ ဘယ်ဟာက အလိမ်အညာလဲဆိုတာကို မသဲကွဲဘူးဖြစ်နေတယ်
ကျွန်မနားလည်သွားသလောက် ကတော့ နှစ်ယောက်လုံးက လူလိမ်တွေဖြစ်ပြီး phout pyan ကြတယ်ဆိုတာပဲ
ကိုယ်တိုင်အလိမ်အညာအလှည့်အပတ်ခံနေရတာတော့သိတယ်
ဒါပေမယ့် သူတို့ပြောတဲ့ အမှန်တရားဆိုတာက ဘယ်လိမ်ညာမှုကို ညွှန်းဆိုမှန်းသာမသိတာ
ပြောပြမယ်နော် ကျွန်မချစ်သူက K ဆိုပါစို့ သူ့ရဲ့နောက်မိန်းမကို N လို့ထားလိုက်မယ်
Kကပြောတယ် သူတို့တွဲတာက (-)လကတည်းကတဲ့ မမနဲ့ပြတ်ပြီးမှတွဲတာလို့ပြောတာပဲ
အဲဒါတစ်ချက် ဒါဆို အဲလကတည်းက ကျွန်မနဲ့သူ ပြန်ဆက်သွယ်နေပြီလေ
အဲနောက်လဆို ပုံမှန်ဆက်ဆံရေးတောင်ပြန်ရောက်နေပြီ K က N မသိအောင်ကျွန်မကိုဆက်သွယ်နေခဲ့တာလား
သူတို့တွဲပြီး တစ်လကျော်နှစ်လထဲမှာ Kကပြင်ဦးလွင်ကို ဝါဆိုသင်္ကန်းကပ်သွားရမယ် အလုပ်ကအစ်မနဲ့ဆိုင်ကယ်နဲ့သွားရမှာတဲ့
ကျွန်မလည်း အလုပ်ကလူတွေများနေတော့ ဖုန်းဆက်လို့အဆင်ပြေပါ့မလားလို့တွေးမိတော့ Kကိုမေးမိတယ်
မမဖုန်းဆက်လို့ရပါ့မလားဆိုတော့ ဘယ်လိုပြောလိုက်တာလဲမမရယ် ဖုန်းကိုအိတ်ထောင်ထဲထည့်ထားမှာ အချိန်မရွေးခေါ် လို့တောင်ပြန်ပြောခဲ့ပါသေးတယ်
မနက်ရောက်လို့ဖုန်းဆက်တော့ Kကဆိုင်ကယ်မောင်းနေလို့ ဖုန်းကိုင်ပြီးမပြောနိုင်လို့ နောက်ကနေ အလုပ်ကအစ်မက ကိုင်ပေးထားရတယ် မိုးရွာနေတယ်လို့ပြောပါသေးတယ်
ညခုနစ်နာရီလောက်ရောက်တော့ ကျွန်မဖုန်းခေါ်တော့မကိုင်ဘူး နောက်ကျွန်မ ဘာလို့ဖုန်းမကိုင်လဲ ပြောတော့ဖုန်းကိုအိတ်ထောင်ထဲထည့်ထားမှာဆို ဘာညာနဲ့ စာတွေပို့ဖြစ်ခဲ့တယ် ဒါပေမယ့် အဲညက Kဖုန်းပြန်မဆက်လာဘူး
ညဆယ့်နှစ်နာရီရောက်တော့ ကျွန်မဆီ Birthday Wish ပို့လာတယ်
(12 နာရီကျော်ရင်ကျွန်မမွေးနေ့ရောက်တာတော့ Kသိရှာပါသေးတယ်) ကျွန်မလည်း သူစာတောင်ပို့ရင် ကျွန်မစာကိုလည်းသေချာပေါက်မြင်မှာပဲ
ဒါတောင်ဘာလို့ ဖုန်းပြန်မခေါ်တာလဲဆိုပြီး စိတ်တိုတိုနဲ့ ဖုန်းကိုဘလော့လိုက်တယ်
မနက်ရောက်တော့ကျွန်မမွေးနေ့ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးခဲ့တဲ့ K ဟာ တစ်နေကုန် ဖုန်းတောင်မဆက်ခဲ့ပါဘူး
ည ရှစ်နာရီလောက်မှသူဖုန်းခေါ်ထားတာမသိလိုက်ဘူး block ထားမိတာကိုး အဲဒါနဲ့လိုင်းပေါ်မှာ စကားပြောဖြစ်ကြတယ်
မကျေနပ်နေတဲ့ကျွန်မက ရန်လုပ်တာပေါ့ ဘာလို့ဖုန်းမကိုင်တာလဲဆိုတော့ Kကသူရေချိုးနေလို့ အလုပ်ကအစ်မက လာပေးတယ်
ဖုန်းကကျသွားလို့တဲ့
ဟုတ်ပြီဒါဆိုလည်း စာပို့ထားတာမြင်လျက်နဲ့ ဘာလို့ဖုန်းပြန်မခေါ်တာလည်းဆိုတော့ ဘယ်ကစာလဲတဲ့ အဲဒီမှာ စပြဿနာပေါ်လာပါပြီ
Kကဘာစာလဲ ခဏနေဦးဆိုပြီး သူ့ဖုန်းကိုcheck ပါတယ် ဘာစာမှမရှိပါဘူးတဲ့
ဟင်ဒါဆိုစာတွေဘယ်ရောက်သွားတာလဲဆိုတော့ သူမသိဘူးတဲ့ သူ့ဖုန်းထဲကစာတွေပျောက်ကုန်တာသူမသိဘူးတဲ့နော်
ဒါဆိုဘယ်သူဖျက်တာလဲ ဘယ်သူနဲ့အတူရှိတာလဲဆိုတော့ အလုပ်ကအစ်မနဲ့တဲ့
အရင်က Kကိုစိတ်ဝင်စားနေတယ်လို့ပြောဖူးတဲ့တစ်ယောက်လားဆိုတော့ ဟုတ်တယ်တဲ့
အဲအစ်မကို တောင်ညကKကမူးနေလို့ မမဆီ Birthday Wish မပို့လိုက်ရမှာစိုးလို့နှိုးပါဦးလို့တောင် အကူအညီတောင်းထားရတယ်တဲ့
အမှန်တော့ မမမွေးနေ့မှာ မမနဲ့အတူလျှောက်လည်ချင်ခဲ့တာ မမအပေါ်လုပ်ထားမိတဲ့အမှားတွေကြောင့်မပြောရဲခဲ့ဘူးလို့ Kကအဲနေ့ကပြောပါသေးတယ်
ကျွန်မပြောခဲ့တဲ့အထဲမှာ အလုပ်ကအစ်မဆိုတာ ခဏခဏဖတ်ခဲ့ရပါလိမ့်မယ် နောက်မှသိရတာက အလုပ်ကအစ်မဆိုတာ N ဖြစ်နေခဲ့ပါတယ်
ကျွန်မလည်း ဒါငါတို့ချစ်သူနှစ်ယောက်ကြားကို သတ်သတ်မွှေတာ ရန်ဖြစ်အောင်လုပ်တာဆိုပြီး ဒေါသထွက်မိတယ်
ပိုဆိုးတာက K ကစာတွေဖျက်တာ N မဟုတ်လောက်ပါဘူး မေးရမှာလည်းခက်နေတယ် N ကိုအားနာတယ်တဲ့လေ
ကိုယ်တို့နှစ်ဦးကြား ခလောက်ဆန်တဲ့သူကို သူကပြန်အားနာတယ်ဆိုတော့ ပိုဒေါသထွက်လာတယ်
အဲဒါနဲ့ကျွန်မ Kအလုပ်က လူတစ်ချို့ဆီ ကျွန်မတို့ ချစ်သူနှစ်ဦးဆက်ဆံရေးကိုရော K ပြောပြထားတဲ့ N အကြောင်းအချို့နဲ့ သူရဲ့ခလောက်ဆန်မှုတွေကို စာပို့ပြီးဖွင့်ချပစ်လိုက်တယ်
နာမည်မသိသေးတော့ ဘယ်ဌာနကတစ်ယောက်ဆိုပြီးပြောလိုက်တယ် ပြဿနာ ဖြစ်သွားတယ်ပေါ့လေ
ပထမတော့ K ကအဲလိုလုပ်လို့စိတ်ဆိုးသေးတယ် နောက်တော့ မမခံစားချက်ကိုနားလည်ပါတယ်တဲ့
ဒါပေမယ့် အဲစာတွေကိုဖျက်တာ N မဟုတ်ဘူးတဲ့သူမေးပြီးပြီတဲ့ မမကိုလည်းNကအပြစ်မပြောပါဘူးတဲ့
(အဲကတည်းက Kက Nရဲ့လုပ်ရပ်ကို စဖုံးကွယ်ပေးခဲ့တယ်)
N ကပြောသေးတယ်တဲ့ မမရဲ့ Kအပေါ်အချစ်က အချစ်စစ်မဟုတ်ဘူးတဲ့ စွဲလမ်းမှုပဲစွဲလမ်းမှုကြောင့်ဖြစ်နေတာတဲ့
Kက သူ့ရဲ့N ဘယ်လောက် စိတ်ထားကောင်းကြောင်း စာနာနားလည်ပေးကြောင်း Roll တွေတင်ပြီး ပြောပြနေရှာတာ
ဒါပေမယ့်ပြောလေ အပုပ်ကပေါ်လေဖြစ်နေတယ်
ကျွန်မတို့ ပတ်ဝန်းကျင်ကအသိမိတ်ဆွေတွေရဲ့ RS အကြောင်း ခဏခဏနားထောင်ပေးဖူးကြမှာပေါ့
ပြဿနာတစ်ခုခုကြောင့်ဆို နင်ကလည်းနားလည်ပေးလိုက်ပါ အလျှော့ပေးလိုက်ပါ ပြေလည်အောင်လုပ်ကြပါ နင့်ကိုချစ်လွန်းလို့ဖြစ်တာပါ
အဆင်ပြေအောင်ပြန်ကြိုးစားပါနဲ့ ညှိပေးခဲ့ကြတဲ့သူချည်းပဲ
(ဖောက်ပြန်သွားရင်တော့တစ်မျိုးပေါ့)
ဒါပေမယ့် Nရဲ့ ချစ်သူနှစ်ဦးကြား ပြောတဲ့စကားက ဘယ်လိုကြီးလဲ တွေးကြည့်ရင်သိပါတယ် ကုန်းချောစကားလို့ခေါ်တယ်
ကျွန်မ နားမလည်တဲ့ ပထမအချက်က အစပိုင်းကပြောခဲ့သလိုဆို Kနဲ့ Nနဲ့တကယ်တွဲနေကြတာဆိုရင် ကျွန်မဆီကလာတဲ့ဖုန်းကို ကိုယ်တိုင်လက်နဲ့ကိုင်ပြီးပြောခိုင်းခဲ့ပါ့မလား
ကျွန်မရဲ့ဖုန်းလာနေတာကို ရေချိုးနေတဲ့K ဆီယူလာပေးပါ့မလား
ကျွန်မရဲ့ Birthday Wishပို့ဖို့ သူကိုယ်တိုင် Kကိုနှိုးပေးပါ့မလား ကိုယ့်ချစ်သူရဲ့Exနဲ့ပတ်သတ်တဲ့ကိစ္စနော်
တကယ်ပဲသဘောထားကြီးလို့လား ဒါမှမဟုတ် Kကပဲ အလိမ်အညာတော်လို့လား
ဒုတိယအချက်က အပေါ်က အဖြစ်အပျက်တွေအရ သူတို့ အဲအချိန်က မတွဲသေးဘူးလို့ယူဆလို့ရမနေဘူးလား
ဒါပေမယ် သူတို့က အဲအရင်လကတည်းတွဲနေပါပြီလို့ ဘာလို့ပြောနေရတာလဲ
ကျွန်မ ဉာဏ်မီသလောက်ပြောရရင် သူတို့ဖောက်ပြန်တာမဟုတ်ဘူး
ကျွန်မနဲ့ပြတ်နေတုန်းကတည်းကတွဲတာပါဆိုပြီး သူတို့သိက္ခာကိုဆယ်ချင်လို့လား
သူတို့ရဲ့ အရိုလိုင်းလေးတွေFBတင်ထားတာက ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း လဝက်လောက်နေမှ စတင်ထားတယ်
ကျွန်မလေ အထပ်ထပ်အခါခါ စဥ်းစားတယ် သုံးလလောက်စဥ်းစားခဲ့ပေမယ့် ဘယ်ဟာကအစစ်အမှန်လဲမသိသေးဘူး
ပြဿနာတွေဖြစ်တော့ အချစ်ကိုစိတ်ကုန်သွားပြီလွတ်လွတ်လပ်လပ်ပဲနေချင်တော့တယ်
မမကိုချစ်သူလိုချစ်နေသေးပေမယ့် ချစ်သူမဖြစ်ချင်တော့ဘူးလို့ Kကပြောလာတယ်
မမလိုအပ်ချိန်တိုင်းအနားမှာရှိပြီး မမရဲ့အရင်းနှီးဆုံးလူဖြစ်ပေးမယ် ဘာမဆိုလည်းတိုင်ပင်နိုင်ပ
ကျွန်မနားမလည်တဲ့တတိယအချက်က သူတို့ပြောစကားအရ တွဲနေကြပြီဆိုရင် သူတို့ရည်းစားသက်တမ်းက အဲအချိန်ဆိုနှစ်လကျော်နေပြီလေ
ဒါပေမယ့် ကျွန်မတို့တွေ့ခဲ့တဲ့အဲနေ့က Kရဲ့အပြုအမူတွေက သူကျွန်မကို တကယ်သံယောဇဥ်မကုန်နိုင်သေးမှန်းခန့်မှန်းလို့ရတယ်
သမီးရည်းစားကိစ္စဆိုတော့ (အသေးစိတ်မပြောပြတော့ပါဘူး)
အချင်းချင်းလေ့လာနေတဲ့သူတော့ရှိတယ် အဲကောင်မလေးစိတ်က နားလည်ဖို့ခက်နေလို့ဆိုပြီးတော့ပြောပြပါတယ်
အတည်တွဲနေတဲ့သူရှိပါတယ်လို့ပြောခဲ့တာမဟုတ်တော့ ကျွန်မဘက်က ပြန်ပြီးကြိုးစားရင် သူ့စိတ်ပြန်လည်လာမယ်လို့ ယုံကြည်မိခဲ့ပါတယ်
ဒါပေမယ့် Kပြောနေခဲ့သမျှ ဘယ်ဟာအမှန်လဲ ကျွန်မ မသိပြန်ဘူး
နောက်သူတိုရဲ့ FB ပေါ် ro ထားတဲ့စာတွေတွေ့တော့ ကျွန်မလည်း N ဆီစာတွေပို့ခဲ့တယ်
ကျွန်မနဲ့ Kရဲ့ပတ်သတ်မှုအတိုင်းအတာ သုံးနှစ်ခွဲကျော်လေးနှစ်နီးပါးရှိနေတဲ့အကြောင်းတွေ ပြောပြပြီး ကျွန်မ မပြတ်နိုင်တဲ့အကြောင်း သေချာပြောပြခဲ့တယ်
Kမှာ တာဝန်ယူရမယ့် မိန်းမရှိနေပြီးသားပါဆိုတာကို အသိပေးခဲ့ပါတယ်
Nဟာ ရှေ့ဆက်ပြီးတွဲခဲ့ပါတယ် အဲအချိန်ကစပြီး K ကလည်း NမှN ပြောင်းလဲသွားတော့တာပါပဲ
ချစ်သူကိုလက်မလွှတ်နိုင်တဲ့ကျွန်မ ဉာဏ်နည်းစွာနဲ့ သူတို့ အလုပ်နဲ့ငြိအောင် သူတို့ကို ပြဿနာရှာလိုက်တယ်
အဲဒီအခါကျတော့ Kကဘာပြောလဲဆိုတော့ Nနဲ့လမ်းခွဲလိုက်ပါပြီ နောက်ကိုလည်းမပတ်တော့ပါဘူးတဲ့
သူနဲ့ပြန်ပတ်သတ်ရလောက်အောင်လည်း Nက စိတ်ဓာတ်အောက်တန်းမကျပါဘူး ဂုဏ်သိက္ခာရှိပါတယ်လို့ ပြောပါတယ်
ဟန်ဆောင်ပြီး ကျွန်မ FB ကိုadd ပြပါတယ် သူတို့အဆက်အသွယ်မရှိဘူးဆိုတဲ့သဘောပေါ့
ကျွန်မလက်ခံပြီးမှ Nကကျွန်မကို block ထားပြီး သူတို့ချင်းပြန်အဆက်အသွယ်လုပ်ကြပါတယ်
ကျွန်မကို အရမ်းအတယ်လို့ သူတို့ယူဆထားပုံပါပဲ
သူတို့လှည်းစားလွန်းလို့ ကျွန်မခံလိုက်ရပေမယ့် သူတို့ထင်သလောက်ကျွန်မ မအပါဘူး
နောက်ရက်ပိုင်းပဲကြာလိုက်တယ် K က N အချစ်ကိုရဖို့ပြန်ကြိုးစားတော့မယ် Kကသာ အကုန်ဖြတ်ခဲ့ N ကပြန်လက်ခံပေးမယ်တဲ့
လေ အဲတော့ တစ်နေ့တစ်နေ့ K က မမနဲ့ပြတ်ပြီနော်ဆိုတဲ့စကားကို တစ်နေ့တစ်ခါနီးပါးပြောနေတော့တာပဲ
ဒါဆို N ဟာ K ပြောခဲ့သလိုဆို Kကိုပြန်လက်ခံရလောက်အောင်အောက်တန်းမကျဘူးဆို ဂုဏ်သိက္ခာရှိပါတယ်ဆိုတာလည်း လိမ်ညာခဲ့တာပဲပေါ့
ပြတ်အောင်သာဖြတ်ခဲ့ ပြန်လက်ခံမယ်လို့တောင်ထပ်ပြောသေးတညဆိုတော့ Nဟာ အောက်တန်းကျတဲ့ ဂုဏ်သိက္ခာမရှိတဲ့သူဖြစ်မနေဘူးလား
ကျွန်မကြုံခဲ့ရတဲ့ Kနဲ့ N အကြောင်းဟာ ဘယ်ဟာကအမှန်တရားလဲ ဘယ်ဟာကအစစ်အမှန်လဲ ဘယ်သူကလူလိမ်လူညာလဲ
ကျွန်မဘက်ကတွေးရင်တကယ်ပဲကြောင်တောင်နှိုက်ပုံစံဖြစ်နေတာမဟုတ်ဘူးလား ကျွန်မဘယ်နေရာမှာအထင်မှားနေခဲ့သလဲကျွန်မ ဘယ်လိုမှစဥ်းစားအဖြေရှာလို့မရလို့ပါ
အခုသေချာနေတာတစ်ခုကတော့ သူတို့ပတ်ဝန်းကျင်မှာကျွန်မကသာ သူတို့ချစ်ခြင်းကိုခွဲနေတဲ့ ဗီလိန်မကြီးအဖြစ် အလိုလိုရောက်သွားတာကတော့ သေချာနေပြီ
တစ်ခါတစ်လေ အလိမ်အညာများသွားရင် အမှန်တရားကိုဖုံးအုပ်သွားနိုင်တယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်
ကျွန်မကတော့ ဂုဏ်သိက္ခာရှိစွာနဲ့ လူမိုက်မကြီးဖြစ်နေသလို သူတို့လည်း ဂုဏ်သိက္ခာရှိစွာနဲ့ လိပ်ပြာလုံလုံချစ်ပြနေနိုင်မလား လို့သိချင်သား
ဘဝဆက်တိုင်းလိမ်ညာလှည့်ဖျားမှုကင်းပြီး လူသားချင်းစာနာတတ်တဲ့ တာဝန်ယူတတ်တဲ့ ဂုဏ်သိက္ခာရှိရှိ လူသားပဲဖြစ်ပါရစေ
ကြၽန္မအခုထိနားမလည္ႏိုင္ေသးတာရွိေသးတယ္ တကယ္ကိုနားမလည္တာပါ
ဘယ္ဟာကအမွန္တရားလဲ ဘယ္ဟာက အလိမ္အညာလဲဆိုတာကို မသဲကြဲဘူးျဖစ္ေနတယ္
ကြၽန္မနားလည္သြားသေလာက္ ကေတာ့ ႏွစ္ေယာက္လုံးက လူလိမ္ေတြျဖစ္ၿပီး phout pyan ၾကတယ္ဆိုတာပဲ
ကိုယ္တိုင္အလိမ္အညာအလွည့္အပတ္ခံေနရတာေတာ့သိတယ္
ဒါေပမယ့္ သူတို႔ေျပာတဲ့ အမွန္တရားဆိုတာက ဘယ္လိမ္ညာမႈကို ၫႊန္းဆိုမွန္းသာမသိတာ
ေျပာျပမယ္ေနာ္ ကြၽန္မခ်စ္သူက K ဆိုပါစို႔ သူ႔ရဲ႕ေနာက္မိန္းမကို N လို႔ထားလိုက္မယ္
Kကေျပာတယ္ သူတို႔တြဲတာက (-)လကတည္းကတဲ့ မမနဲ႔ျပတ္ၿပီးမွတြဲတာလို႔ေျပာတာပဲ
အဲဒါတစ္ခ်က္ ဒါဆို အဲလကတည္းက ကြၽန္မနဲ႔သူ ျပန္ဆက္သြယ္ေနၿပီေလ
အဲေနာက္လဆို ပုံမွန္ဆက္ဆံေရးေတာင္ျပန္ေရာက္ေနၿပီ K က N မသိေအာင္ကြၽန္မကိုဆက္သြယ္ေနခဲ့တာလား
သူတို႔တြဲၿပီး တစ္လေက်ာ္ႏွစ္လထဲမွာ Kကျပင္ဦးလြင္ကို ဝါဆိုသကၤန္းကပ္သြားရမယ္ အလုပ္ကအစ္မနဲ႔ဆိုင္ကယ္နဲ႔သြားရမွာတဲ့
ကြၽန္မလည္း အလုပ္ကလူေတြမ်ားေနေတာ့ ဖုန္းဆက္လို႔အဆင္ေျပပါ့မလားလို႔ေတြးမိေတာ့ Kကိုေမးမိတယ္
မမဖုန္းဆက္လို႔ရပါ့မလားဆိုေတာ့ ဘယ္လိုေျပာလိုက္တာလဲမမရယ္ ဖုန္းကိုအိတ္ေထာင္ထဲထည့္ထားမွာ အခ်ိန္မေ႐ြးေခၚ လို႔ေတာင္ျပန္ေျပာခဲ့ပါေသးတယ္
မနက္ေရာက္လို႔ဖုန္းဆက္ေတာ့ Kကဆိုင္ကယ္ေမာင္းေနလို႔ ဖုန္းကိုင္ၿပီးမေျပာႏိုင္လို႔ ေနာက္ကေန အလုပ္ကအစ္မက ကိုင္ေပးထားရတယ္ မိုး႐ြာေနတယ္လို႔ေျပာပါေသးတယ္
ညခုနစ္နာရီေလာက္ေရာက္ေတာ့ ကြၽန္မဖုန္းေခၚေတာ့မကိုင္ဘူး ေနာက္ကြၽန္မ ဘာလို႔ဖုန္းမကိုင္လဲ ေျပာေတာ့ဖုန္းကိုအိတ္ေထာင္ထဲထည့္ထားမွာဆို ဘာညာနဲ႔ စာေတြပို႔ျဖစ္ခဲ့တယ္ ဒါေပမယ့္ အဲညက Kဖုန္းျပန္မဆက္လာဘူး
ညဆယ့္ႏွစ္နာရီေရာက္ေတာ့ ကြၽန္မဆီ Birthday Wish ပို႔လာတယ္
(12 နာရီေက်ာ္ရင္ကြၽန္မေမြးေန႔ေရာက္တာေတာ့ Kသိရွာပါေသးတယ္) ကြၽန္မလည္း သူစာေတာင္ပို႔ရင္ ကြၽန္မစာကိုလည္းေသခ်ာေပါက္ျမင္မွာပဲ
ဒါေတာင္ဘာလို႔ ဖုန္းျပန္မေခၚတာလဲဆိုၿပီး စိတ္တိုတိုနဲ႔ ဖုန္းကိုဘေလာ့လိုက္တယ္
မနက္ေရာက္ေတာ့ကြၽန္မေမြးေန႔ ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးခဲ့တဲ့ K ဟာ တစ္ေနကုန္ ဖုန္းေတာင္မဆက္ခဲ့ပါဘူး
ည ရွစ္နာရီေလာက္မွသူဖုန္းေခၚထားတာမသိလိုက္ဘူး block ထားမိတာကိုး အဲဒါနဲ႔လိုင္းေပၚမွာ စကားေျပာျဖစ္ၾကတယ္
မေက်နပ္ေနတဲ့ကြၽန္မက ရန္လုပ္တာေပါ့ ဘာလို႔ဖုန္းမကိုင္တာလဲဆိုေတာ့ Kကသူေရခ်ိဳးေနလို႔ အလုပ္ကအစ္မက လာေပးတယ္
ဖုန္းကက်သြားလို႔တဲ့
ဟုတ္ၿပီဒါဆိုလည္း စာပို႔ထားတာျမင္လ်က္နဲ႔ ဘာလို႔ဖုန္းျပန္မေခၚတာလည္းဆိုေတာ့ ဘယ္ကစာလဲတဲ့ အဲဒီမွာ စျပႆနာေပၚလာပါၿပီ
Kကဘာစာလဲ ခဏေနဦးဆိုၿပီး သူ႔ဖုန္းကိုcheck ပါတယ္ ဘာစာမွမရွိပါဘူးတဲ့
ဟင္ဒါဆိုစာေတြဘယ္ေရာက္သြားတာလဲဆိုေတာ့ သူမသိဘူးတဲ့ သူ႔ဖုန္းထဲကစာေတြေပ်ာက္ကုန္တာသူမသိဘူးတဲ့ေနာ္
ဒါဆိုဘယ္သူဖ်က္တာလဲ ဘယ္သူနဲ႔အတူရွိတာလဲဆိုေတာ့ အလုပ္ကအစ္မနဲ႔တဲ့
အရင္က Kကိုစိတ္ဝင္စားေနတယ္လို႔ေျပာဖူးတဲ့တစ္ေယာက္လားဆိုေတာ့ ဟုတ္တယ္တဲ့
အဲအစ္မကို ေတာင္ညကKကမူးေနလို႔ မမဆီ Birthday Wish မပို႔လိုက္ရမွာစိုးလို႔ႏႈိးပါဦးလို႔ေတာင္ အကူအညီေတာင္းထားရတယ္တဲ့
အမွန္ေတာ့ မမေမြးေန႔မွာ မမနဲ႔အတူေလွ်ာက္လည္ခ်င္ခဲ့တာ မမအေပၚလုပ္ထားမိတဲ့အမွားေတြေၾကာင့္မေျပာရဲခဲ့ဘူးလို႔ Kကအဲေန႔ကေျပာပါေသးတယ္
ကြၽန္မေျပာခဲ့တဲ့အထဲမွာ အလုပ္ကအစ္မဆိုတာ ခဏခဏဖတ္ခဲ့ရပါလိမ့္မယ္ ေနာက္မွသိရတာက အလုပ္ကအစ္မဆိုတာ N ျဖစ္ေနခဲ့ပါတယ္
ကြၽန္မလည္း ဒါငါတို႔ခ်စ္သူႏွစ္ေယာက္ၾကားကို သတ္သတ္ေမႊတာ ရန္ျဖစ္ေအာင္လုပ္တာဆိုၿပီး ေဒါသထြက္မိတယ္
ပိုဆိုးတာက K ကစာေတြဖ်က္တာ N မဟုတ္ေလာက္ပါဘူး ေမးရမွာလည္းခက္ေနတယ္ N ကိုအားနာတယ္တဲ့ေလ
ကိုယ္တို႔ႏွစ္ဦးၾကား ခေလာက္ဆန္တဲ့သူကို သူကျပန္အားနာတယ္ဆိုေတာ့ ပိုေဒါသထြက္လာတယ္
အဲဒါနဲ႔ကြၽန္မ Kအလုပ္က လူတစ္ခ်ိဳ႕ဆီ ကြၽန္မတို႔ ခ်စ္သူႏွစ္ဦးဆက္ဆံေရးကိုေရာ K ေျပာျပထားတဲ့ N အေၾကာင္းအခ်ိဳ႕နဲ႔ သူရဲ႕ခေလာက္ဆန္မႈေတြကို စာပို႔ၿပီးဖြင့္ခ်ပစ္လိုက္တယ္
နာမည္မသိေသးေတာ့ ဘယ္ဌာနကတစ္ေယာက္ဆိုၿပီးေျပာလိုက္တယ္ ျပႆနာ ျဖစ္သြားတယ္ေပါ့ေလ
ပထမေတာ့ K ကအဲလိုလုပ္လို႔စိတ္ဆိုးေသးတယ္ ေနာက္ေတာ့ မမခံစားခ်က္ကိုနားလည္ပါတယ္တဲ့
ဒါေပမယ့္ အဲစာေတြကိုဖ်က္တာ N မဟုတ္ဘူးတဲ့သူေမးၿပီးၿပီတဲ့ မမကိုလည္းNကအျပစ္မေျပာပါဘူးတဲ့
(အဲကတည္းက Kက Nရဲ႕လုပ္ရပ္ကို စဖုံးကြယ္ေပးခဲ့တယ္)
N ကေျပာေသးတယ္တဲ့ မမရဲ႕ Kအေပၚအခ်စ္က အခ်စ္စစ္မဟုတ္ဘူးတဲ့ စြဲလမ္းမႈပဲစြဲလမ္းမႈေၾကာင့္ျဖစ္ေနတာတဲ့
Kက သူ႔ရဲ႕N ဘယ္ေလာက္ စိတ္ထားေကာင္းေၾကာင္း စာနာနားလည္ေပးေၾကာင္း Roll ေတြတင္ၿပီး ေျပာျပေနရွာတာ
ဒါေပမယ့္ေျပာေလ အပုပ္ကေပၚေလျဖစ္ေနတယ္
ကြၽန္မတို႔ ပတ္ဝန္းက်င္ကအသိမိတ္ေဆြေတြရဲ႕ RS အေၾကာင္း ခဏခဏနားေထာင္ေပးဖူးၾကမွာေပါ့
ျပႆနာတစ္ခုခုေၾကာင့္ဆို နင္ကလည္းနားလည္ေပးလိုက္ပါ အေလွ်ာ့ေပးလိုက္ပါ ေျပလည္ေအာင္လုပ္ၾကပါ နင့္ကိုခ်စ္လြန္းလို႔ျဖစ္တာပါ
အဆင္ေျပေအာင္ျပန္ႀကိဳးစားပါနဲ႔ ညႇိေပးခဲ့ၾကတဲ့သူခ်ည္းပဲ
(ေဖာက္ျပန္သြားရင္ေတာ့တစ္မ်ိဳးေပါ့)
ဒါေပမယ့္ Nရဲ႕ ခ်စ္သူႏွစ္ဦးၾကား ေျပာတဲ့စကားက ဘယ္လိုႀကီးလဲ ေတြးၾကည့္ရင္သိပါတယ္ ကုန္းေခ်ာစကားလို႔ေခၚတယ္
ကြၽန္မ နားမလည္တဲ့ ပထမအခ်က္က အစပိုင္းကေျပာခဲ့သလိုဆို Kနဲ႔ Nနဲ႔တကယ္တြဲေနၾကတာဆိုရင္ ကြၽန္မဆီကလာတဲ့ဖုန္းကို ကိုယ္တိုင္လက္နဲ႔ကိုင္ၿပီးေျပာခိုင္းခဲ့ပါ့မလား
ကြၽန္မရဲ႕ဖုန္းလာေနတာကို ေရခ်ိဳးေနတဲ့K ဆီယူလာေပးပါ့မလား
ကြၽန္မရဲ႕ Birthday Wishပို႔ဖို႔ သူကိုယ္တိုင္ Kကိုႏႈိးေပးပါ့မလား ကိုယ့္ခ်စ္သူရဲ႕Exနဲ႔ပတ္သတ္တဲ့ကိစၥေနာ္
တကယ္ပဲသေဘာထားႀကီးလို႔လား ဒါမွမဟုတ္ Kကပဲ အလိမ္အညာေတာ္လို႔လား
ဒုတိယအခ်က္က အေပၚက အျဖစ္အပ်က္ေတြအရ သူတို႔ အဲအခ်ိန္က မတြဲေသးဘူးလို႔ယူဆလို႔ရမေနဘူးလား
ဒါေပမယ္ သူတို႔က အဲအရင္လကတည္းတြဲေနပါၿပီလို႔ ဘာလို႔ေျပာေနရတာလဲ
ကြၽန္မ ဉာဏ္မီသေလာက္ေျပာရရင္ သူတို႔ေဖာက္ျပန္တာမဟုတ္ဘူး
ကြၽန္မနဲ႔ျပတ္ေနတုန္းကတည္းကတြဲတာပါဆိုၿပီး သူတို႔သိကၡာကိုဆယ္ခ်င္လို႔လား
သူတို႔ရဲ႕ အ႐ိုလိုင္းေလးေတြFBတင္ထားတာက ဒီကိစၥေတြျဖစ္ၿပီးေနာက္ပိုင္း လဝက္ေလာက္ေနမွ စတင္ထားတယ္
ကြၽန္မေလ အထပ္ထပ္အခါခါ စဥ္းစားတယ္ သုံးလေလာက္စဥ္းစားခဲ့ေပမယ့္ ဘယ္ဟာကအစစ္အမွန္လဲမသိေသးဘူး
ျပႆနာေတြျဖစ္ေတာ့ အခ်စ္ကိုစိတ္ကုန္သြားၿပီလြတ္လြတ္လပ္လပ္ပဲေနခ်င္ေတာ့တယ္
မမကိုခ်စ္သူလိုခ်စ္ေနေသးေပမယ့္ ခ်စ္သူမျဖစ္ခ်င္ေတာ့ဘူးလို႔ Kကေျပာလာတယ္
မမလိုအပ္ခ်ိန္တိုင္းအနားမွာရွိၿပီး မမရဲ႕အရင္းႏွီးဆုံးလူျဖစ္ေပးမယ္ ဘာမဆိုလည္းတိုင္ပင္ႏိုင္ပ
ကြၽန္မနားမလည္တဲ့တတိယအခ်က္က သူတို႔ေျပာစကားအရ တြဲေနၾကၿပီဆိုရင္ သူတို႔ရည္းစားသက္တမ္းက အဲအခ်ိန္ဆိုႏွစ္လေက်ာ္ေနၿပီေလ
ဒါေပမယ့္ ကြၽန္မတို႔ေတြ႕ခဲ့တဲ့အဲေန႔က Kရဲ႕အျပဳအမူေတြက သူကြၽန္မကို တကယ္သံေယာဇဥ္မကုန္ႏိုင္ေသးမွန္းခန္႔မွန္းလို႔ရတယ္
သမီးရည္းစားကိစၥဆိုေတာ့ (အေသးစိတ္မေျပာျပေတာ့ပါဘူး)
အခ်င္းခ်င္းေလ့လာေနတဲ့သူေတာ့ရွိတယ္ အဲေကာင္မေလးစိတ္က နားလည္ဖို႔ခက္ေနလို႔ဆိုၿပီးေတာ့ေျပာျပပါတယ္
အတည္တြဲေနတဲ့သူရွိပါတယ္လို႔ေျပာခဲ့တာမဟုတ္ေတာ့ ကြၽန္မဘက္က ျပန္ၿပီးႀကိဳးစားရင္ သူ႔စိတ္ျပန္လည္လာမယ္လို႔ ယုံၾကည္မိခဲ့ပါတယ္
ဒါေပမယ့္ Kေျပာေနခဲ့သမွ် ဘယ္ဟာအမွန္လဲ ကြၽန္မ မသိျပန္ဘူး
ေနာက္သူတိုရဲ႕ FB ေပၚ ro ထားတဲ့စာေတြေတြ႕ေတာ့ ကြၽန္မလည္း N ဆီစာေတြပို႔ခဲ့တယ္
ကြၽန္မနဲ႔ Kရဲ႕ပတ္သတ္မႈအတိုင္းအတာ သုံးႏွစ္ခြဲေက်ာ္ေလးႏွစ္နီးပါးရွိေနတဲ့အေၾကာင္းေတြ ေျပာျပၿပီး ကြၽန္မ မျပတ္ႏိုင္တဲ့အေၾကာင္း ေသခ်ာေျပာျပခဲ့တယ္
Kမွာ တာဝန္ယူရမယ့္ မိန္းမရွိေနၿပီးသားပါဆိုတာကို အသိေပးခဲ့ပါတယ္
Nဟာ ေရွ႕ဆက္ၿပီးတြဲခဲ့ပါတယ္ အဲအခ်ိန္ကစၿပီး K ကလည္း NမွN ေျပာင္းလဲသြားေတာ့တာပါပဲ
ခ်စ္သူကိုလက္မလႊတ္ႏိုင္တဲ့ကြၽန္မ ဉာဏ္နည္းစြာနဲ႔ သူတို႔ အလုပ္နဲ႔ၿငိေအာင္ သူတို႔ကို ျပႆနာရွာလိုက္တယ္
အဲဒီအခါက်ေတာ့ Kကဘာေျပာလဲဆိုေတာ့ Nနဲ႔လမ္းခြဲလိုက္ပါၿပီ ေနာက္ကိုလည္းမပတ္ေတာ့ပါဘူးတဲ့
သူနဲ႔ျပန္ပတ္သတ္ရေလာက္ေအာင္လည္း Nက စိတ္ဓာတ္ေအာက္တန္းမက်ပါဘူး ဂုဏ္သိကၡာရွိပါတယ္လို႔ ေျပာပါတယ္
ဟန္ေဆာင္ၿပီး ကြၽန္မ FB ကိုadd ျပပါတယ္ သူတို႔အဆက္အသြယ္မရွိဘူးဆိုတဲ့သေဘာေပါ့
ကြၽန္မလက္ခံၿပီးမွ Nကကြၽန္မကို block ထားၿပီး သူတို႔ခ်င္းျပန္အဆက္အသြယ္လုပ္ၾကပါတယ္
ကြၽန္မကို အရမ္းအတယ္လို႔ သူတို႔ယူဆထားပုံပါပဲ
သူတို႔လွည္းစားလြန္းလို႔ ကြၽန္မခံလိုက္ရေပမယ့္ သူတို႔ထင္သေလာက္ကြၽန္မ မအပါဘူး
ေနာက္ရက္ပိုင္းပဲၾကာလိုက္တယ္ K က N အခ်စ္ကိုရဖို႔ျပန္ႀကိဳးစားေတာ့မယ္ Kကသာ အကုန္ျဖတ္ခဲ့ N ကျပန္လက္ခံေပးမယ္တဲ့
ေလ အဲေတာ့ တစ္ေန႔တစ္ေန႔ K က မမနဲ႔ျပတ္ၿပီေနာ္ဆိုတဲ့စကားကို တစ္ေန႔တစ္ခါနီးပါးေျပာေနေတာ့တာပဲ
ဒါဆို N ဟာ K ေျပာခဲ့သလိုဆို Kကိုျပန္လက္ခံရေလာက္ေအာင္ေအာက္တန္းမက်ဘူးဆို ဂုဏ္သိကၡာရွိပါတယ္ဆိုတာလည္း လိမ္ညာခဲ့တာပဲေပါ့
ျပတ္ေအာင္သာျဖတ္ခဲ့ ျပန္လက္ခံမယ္လို႔ေတာင္ထပ္ေျပာေသးတညဆိုေတာ့ Nဟာ ေအာက္တန္းက်တဲ့ ဂုဏ္သိကၡာမရွိတဲ့သူျဖစ္မေနဘူးလား
ကြၽန္မႀကဳံခဲ့ရတဲ့ Kနဲ႔ N အေၾကာင္းဟာ ဘယ္ဟာကအမွန္တရားလဲ ဘယ္ဟာကအစစ္အမွန္လဲ ဘယ္သူကလူလိမ္လူညာလဲ
ကြၽန္မဘက္ကေတြးရင္တကယ္ပဲေၾကာင္ေတာင္ႏႈိက္ပုံစံျဖစ္ေနတာမဟုတ္ဘူးလား ကြၽန္မဘယ္ေနရာမွာအထင္မွားေနခဲ့သလဲကြၽန္မ ဘယ္လိုမွစဥ္းစားအေျဖရွာလို႔မရလို႔ပါ
အခုေသခ်ာေနတာတစ္ခုကေတာ့ သူတို႔ပတ္ဝန္းက်င္မွာကြၽန္မကသာ သူတို႔ခ်စ္ျခင္းကိုခြဲေနတဲ့ ဗီလိန္မႀကီးအျဖစ္ အလိုလိုေရာက္သြားတာကေတာ့ ေသခ်ာေနၿပီ
တစ္ခါတစ္ေလ အလိမ္အညာမ်ားသြားရင္ အမွန္တရားကိုဖုံးအုပ္သြားႏိုင္တယ္ဆိုတာ ကြၽန္မ သိလိုက္ရတယ္
ကြၽန္မကေတာ့ ဂုဏ္သိကၡာရွိစြာနဲ႔ လူမိုက္မႀကီးျဖစ္ေနသလို သူတို႔လည္း ဂုဏ္သိကၡာရွိစြာနဲ႔ လိပ္ျပာလုံလုံခ်စ္ျပေနႏိုင္မလား လို႔သိခ်င္သား
ဘဝဆက္တိုင္းလိမ္ညာလွည့္ဖ်ားမႈကင္းၿပီး လူသားခ်င္းစာနာတတ္တဲ့ တာဝန္ယူတတ္တဲ့ ဂုဏ္သိကၡာရွိရွိ လူသားပဲျဖစ္ပါရေစ