ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၈၆

အမတိုရေ အိမ်ထောင်သက်ကြာရင် or RSသက်တမ်းကြာရင် ရိုးအီကြအဆင်မပြေဖြစ်ကြတာ

မြင်ရတာများလို့ ကိုယ်တွေ့လေး ပြောပြချင်လို့ပါ

ညီမတို့ စတွဲပြီးမကြာဘူး လက်မှတ်ထိုးထားကြပါတယ်

တရားဝင်တော့ ပွဲမလုပ်ရသေးပါဘူး 8နှစ်ခွဲရှိပါပြီ

ပထမမှာ ဖြတ်သန်းရတဲ့နှစ်တွေမှာ တယောက်ပေါ်တယောက် ချစ်ပေမဲ့

နားလည်မှုပေးတာနည်း ပြဿနာတခုတက်ပြီဆို မာနပြိုင်ကြနဲ့ သတ်လိုက်ရင် ကြိုဝိုင်းဘဲလိုတဲ့အထိပါ

သတ်လို့ ပြတ်မှလားမေးရင် ၂ယောက်တလုံး တရက်တောင်မကြာပါဘူး ပြန်တည့်တာပါ

ကြားထဲမှာ အီစီကလီက်ိစ္စတွေမိပေမဲ့ ပြဿနာတွေတက်ကြနဲ့

နောက်ဆုံး အတတ်နိုင်ဆုံး ၂ယောက်ညှိပြီး အခုချိန်ထိ ဘာမှမရှိတော့ပါဘူး

​တခြားမိန်းကလေးနဲ့ပတ်သတ်တာ မိန်းကလေးတိုင်းခံစားရတာ သေမတတ်ပါဘဲ

ဒါပေမဲ့ ညီမ သူ့ အကျင့် သူ့စိတ်ကို ယုံကြည်မှုအပြည့်ပေးခဲ့လို့ ယနေ့ထိ ဘာမှကိုမရှိတော့တာပါ

အချိန်ကြာတော့ တယောက်အပေါ်တယောက် လိုအပ်ချက်တွေကို နားလည်ပေး

သည်းခံပေး တယောက်မကြိုက်တာ တယောက်ပြင် ညှိနှိုင်းရင် ပိုချစ်ပြီး ပိုနားလည်မှုရှိလာကြတယ်

အခုဆို ညီမထက် သူက ပိုသည်းသည်းလှုပ်ဖြစ်နေတဲ့အထိပါ

ညီမက တကယ်တော့ သူ လိုချင်တဲ့ typeရှိတဲ့ prefectဖြစ်နေတဲ့အမျိုးသမီးတယောက်မဟုတ်ပါဘူး

ဒါပေမဲ့ သူ့အပေါ် ချစ်တဲ့စိတ် သည်းခံစိတ် ၂ယောက်အတူ သူ အခက်ခဲဆုံးအချိန်တွေက်ို ဖြတ်ကျော်ခဲ့ကြတာပါ

ညီမ ဘာအလုပ်လုပ် အဆင်မပြေဖြစ်လို့ အလျော်အစားရှိလဲ

မိဘဆူရင်တောင် ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဖြေရှင်းပေးတဲ့အထိပါ

အမတို့လဲ တခါတလေ အိမ်ထောင်သက် or RSသက်တမ်း ကြာလာလို့ အဆင်မပြေရင်

တဖက်လူက phout pyan တဲ့အခြေအနေမဟုတ်ရင် နောက်ဆုံးအချိန်ထိ ညှိနှိုင်းကြည့်ရပါနော်

ညီမ ပထမဆုံးအခုလိုရေးဖူးလို့ အမှားပါရင် စာစီတာလေးလို လိုအပ်ချက်ရှိရင် နားလည်ပေးကြပါနော်








ကြားထဲမှာ အီစီကလီကိစ္စတွေမိပေမဲ့ ပြဿနာတွေတက်ကြနဲ့








ဒါပေမဲ့ သူ့အပေါ် ချစ်တဲ့စိတ် သည်းခံစိတ် ၂ယောက်အတူ သူ အခက်ခဲဆုံးအချိန်တွေကို ဖြတ်ကျော်ခဲ့ကြတာပါ




