ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၈၇

ညီမ ရင်ဖွင့်ချင်လို့ပါ အကြံညဏ်လေးတွေလဲ တောင်းချင်ပါတယ်

ညီမကိုယ်ညီမ အရင်မိတ်ဆက်ပါရစေ ညီမအသက်က ၂၂ ပါ ညီမမှာသားလေးတစ်ယောက်ရှိပါတယ်

ညီမ တို့လက်ထပ်ခဲ့တာ ၅ နှစ်ပြည့်ခဲ့ပါပီ ၅ နှစ်လုံးလုံး သူဘာပဲဖြစ်ဖြစ် ညီမသည်းခံခဲ့ပါတယ်

ညီမကိုလည်း သူချစ်ပါတယ် ဖြစ်တာက ဒီနှစ်မှပါ သူညီမအပြင် တခြားတစ်ယောက်ရှိတယ်

ညီမသူ့ဖုန်းထဲမှာစာတွေတွေ့ပါတယ် သူဘက်က မဟုတ်ဘူးလို့ငြင်းပါတယ်

ညီမသူ့ကို အဲ့ညက စိတ်ဆိုးလွန်းလို့ ပါးရိုက်တယ်

ဆံပင်ဆွဲတယ် ဒါပေမယ့်သူဘာမှပြန်မလုပ်ဘူး

သူညီမကို ချော့တယ် ထပ်မလုပ်တော့ဘူးလို့ ကတိတွေပေးတယ်

လပြည့်ညက သူပြန်လာတော့ သူ့ဖုန်းကို ယူကြည့်မိတယ်

သူက သူ့ကောင်မလေးအတွက် ပန်းစည်းတွေ ပို့ပေးမယ်

( ချစ်ကို ကို့အသက်ထက်ပိုချစ်တယ် တစ်ခုတောင်းဆိုပါရစေ ကိုသေခဲ့ရင် ချစ်ဆီမှာ ပြန်ဝင်စားပါရစေ ) ဆိုပီး massage ပို့ထားတာ တွေ့ပါတယ်

သူ့ကို မေးတော့ ညီမနဲ့ ရန်ဖြစ်လို့ မနိုင်ရင် သူညီမကို ပြဖို့တမင်ရေးထားတာလို့ ပြောတယ်

ညီမကို သူကပြောတယ် ငါ ပါးစပ်နဲ့ပဲ phout pyan တာ ခန္ဓာ ကိုယ်မပါဘူးလို့ပြောတယ်

ညီမဘယ်လို ယုံရမှာလဲ

ညီမ ဘာဆက်လုပ်ရမလဲ အကြံညဏ်လေးတွေ ပေးကြပါအုံးနော်

ညီမ ရင္ဖြင့္ခ်င္လို႔ပါ အႀကံညဏ္ေလးေတြလဲ ေတာင္းခ်င္ပါတယ္

ညီမကိုယ္ညီမ အရင္မိတ္ဆက္ပါရေစ ညီမအသက္က ၂၂ ပါ ညီမမွာသားေလးတစ္ေယာက္ရွိပါတယ္

ညီမ တို႔လက္ထပ္ခဲ့တာ ၅ ႏွစ္ျပည့္ခဲ့ပါပီ ၅ ႏွစ္လုံးလုံး သူဘာပဲျဖစ္ျဖစ္ ညီမသည္းခံခဲ့ပါတယ္

ညီမကိုလည္း သူခ်စ္ပါတယ္ ျဖစ္တာက ဒီႏွစ္မွပါ သူညီမအျပင္ တျခားတစ္ေယာက္ရွိတယ္

ညီမသူ႔ဖုန္းထဲမွာစာေတြေတြ႕ပါတယ္ သူဘက္က မဟုတ္ဘူးလို႔ျငင္းပါတယ္

ညီမသူ႔ကို အဲ့ညက စိတ္ဆိုးလြန္းလို႔ ပါး႐ိုက္တယ္

ဆံပင္ဆြဲတယ္ ဒါေပမယ့္သူဘာမွျပန္မလုပ္ဘူး

သူညီမကို ေခ်ာ့တယ္ ထပ္မလုပ္ေတာ့ဘူးလို႔ ကတိေတြေပးတယ္

လျပည့္ညက သူျပန္လာေတာ့ သူ႔ဖုန္းကို ယူၾကည့္မိတယ္

သူက သူ႔ေကာင္မေလးအတြက္ ပန္းစည္းေတြ ပို႔ေပးမယ္

( ခ်စ္ကို ကို႔အသက္ထက္ပိုခ်စ္တယ္ တစ္ခုေတာင္းဆိုပါရေစ ကိုေသခဲ့ရင္ ခ်စ္ဆီမွာ ျပန္ဝင္စားပါရေစ ) ဆိုပီး massage ပို႔ထားတာ ေတြ႕ပါတယ္

သူ႔ကို ေမးေတာ့ ညီမနဲ႔ ရန္ျဖစ္လို႔ မႏိုင္ရင္ သူညီမကို ျပဖို႔တမင္ေရးထားတာလို႔ ေျပာတယ္

ညီမကို သူကေျပာတယ္ ငါ ပါးစပ္နဲ႔ပဲ phout pyan တာ ခႏၶာ ကိုယ္မပါဘူးလို႔ေျပာတယ္

ညီမဘယ္လို ယုံရမွာလဲ

ညီမ ဘာဆက္လုပ္ရမလဲ အႀကံညဏ္ေလးေတြ ေပးၾကပါအုံးေနာ္