ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၈၈

ညီမတို့အိမ်ထောင်ကျတာ၂နှစ်ကျော်ပါပြီ

စယူကတည်းက အစစအရာရာ အနွံတာခံပြီးကိုယ့်အပေါ်ကောင်းပါတယ်

အလုပ်လုပ်ရင်လည်းရသမျှငွေအကုန်အပ်ပါတယ်

ဒါပေမဲ့ အပေါင်းအသင်းမက်ပြီး ဒေါသကြီးသူပါ

အိမ်မှာနေရင်ဘာမှမဖြစ်ပေမဲ့ အပြင်ထွက်တာနဲ့အပေါင်းအသင်းဘယ်သူခေါ်ခေါ် ဘီယာသောက်ပါတယ်

သောက်စားလာရင်စကားများကြပြီးနောက်မသောက်တော့ပါဘူးဆိုပြီး ကတိပေးပြီး ကတိမတည်ပါဘူး

ကြာတော့သူ့ကတိတွေကို စိတ်ပျက်လာပါပြီ ကိုယ့်ဘက်ကလည်း သူအပြစ်လုပ်လာရင် ပွစိပွစိအရမ်းပြောသူပါ

အဲ့လိုပြောတာမကြိုက်ဘူးလို့ပြောပေမဲ့ ကိုယ်ကလည်းမရပါဘူး

ပြောမြဲပြောဖြစ်ပါတယ် ကြာလာတော့ ဒီအိမ်ထောင်ရေးကို ဘယ်လိုညှိယူရမလဲဆိုပြီး မွန်းကြပ်လို့ အမြဲငိုရပါတယ်

သူလိမ်မာလာအောင် ဘယ်လိုသွန်သင်ပြုမူသင့်ပါသလဲ

အိမ်ထောင်တစ်ခုမြဲအောင်လုပ်တာ တော်တော်ကိုပင်ပန်းနေပြီမို့

ဒီအိမ်ထောင်ရေးအဆင်ပြေစေဖို့ အကြံဉာဏ်များပေးကြပါရှင်

မင်မင်ရေဒီစာလေးကို အခမဲ့တင်ပေးပါရှင်

ညီမတို႔အိမ္ေထာင္က်တာ၂ႏွစ္ေက်ာ္ပါၿပီ

စယူကတည္းက အစစအရာရာ အႏြံတာခံၿပီးကိုယ့္အေပၚေကာင္းပါတယ္

အလုပ္လုပ္ရင္လည္းရသမွ်ေငြအကုန္အပ္ပါတယ္

ဒါေပမဲ့ အေပါင္းအသင္းမက္ၿပီး ေဒါသႀကီးသူပါ

အိမ္မွာေနရင္ဘာမွမျဖစ္ေပမဲ့ အျပင္ထြက္တာနဲ႔အေပါင္းအသင္းဘယ္သူေခၚေခၚ ဘီယာေသာက္ပါတယ္

ေသာက္စားလာရင္စကားမ်ားၾကၿပီးေနာက္မေသာက္ေတာ့ပါဘူးဆိုၿပီး ကတိေပးၿပီး ကတိမတည္ပါဘူး

ၾကာေတာ့သူ႔ကတိေတြကို စိတ္ပ်က္လာပါၿပီ ကိုယ့္ဘက္ကလည္း သူအျပစ္လုပ္လာရင္ ပြစိပြစိအရမ္းေျပာသူပါ

အဲ့လိုေျပာတာမႀကိဳက္ဘူးလို႔ေျပာေပမဲ့ ကိုယ္ကလည္းမရပါဘူး

ေျပာၿမဲေျပာျဖစ္ပါတယ္ ၾကာလာေတာ့ ဒီအိမ္ေထာင္ေရးကို ဘယ္လိုညႇိယူရမလဲဆိုၿပီး မြန္းၾကပ္လို႔ အၿမဲငိုရပါတယ္

သူလိမ္မာလာေအာင္ ဘယ္လိုသြန္သင္ျပဳမူသင့္ပါသလဲ

အိမ္ေထာင္တစ္ခုၿမဲေအာင္လုပ္တာ ေတာ္ေတာ္ကိုပင္ပန္းေနၿပီမို႔

ဒီအိမ္ေထာင္ေရးအဆင္ေျပေစဖို႔ အႀကံဉာဏ္မ်ားေပးၾကပါရွင္

မင္မင္ေရဒီစာေလးကို အခမဲ့တင္ေပးပါရွင္