အကြံတောင်းချင်လို့ပါ
ကျမနဲ့ကျမကောင်လေးကတွဲခဲ့တာ ၁ နှစ်ကျော်ပါ
တစ်နှစ်ကျော်အတွင် HS ရှိခဲ့ပါတယ် ကျမတို့
ရန်အကြီးအကျယ်ဖြစ်ပီးစကားများကြတဲ့အချိန် သူတအားဆဲပါတယ် ဆဲတာမှတအားဆဲတာပါ
အမေကိုလဲထိပီးသကုန်ဆဲတယ်အဖေနဲ့လဲပေးစားခံရတယ်
နောက်ဆုံးဘုရားပါမချန်နင်တို့ဘုရားကဆိုပီးအသကုန်တွေပြောပီးဆဲပါတယ်
ရန်ဘဲဖြစ်ပီးမပြတ်သေးတာကိုသူ phout pyan ပီးအသစ်တွဲပါတယ်
အဲ့အချိန်မှာ ကျမကသူနဲ့ hs ရှိခဲ့လို့သည်းခံခဲ့ပါသေးတယ်
သူ phout pyan တာကိုသိရဲ့နဲ့သည်းခံပါသေးတယ်
ခုနောက်ဆုံးဘယ်လိုမှမသည်းခံနိုင်တော့လို့ လမ်းခွဲကြတဲ့အချိန်မှာ သူ့အိမ်ကိုပြောပြမိပါတယ်
သူ့အိမ်ကလဲကျမတို့တွဲတာသိပီးသားဆိုတော့ အခုကျမတို့ပြတ်သွားပီးမဆိုင်တော့ကြောင်းနဲ့ ပြတ်သွားတာလဲကျမအပြစ်ကြောက့်မဟုတ်ဘဲသူ့လုပ်ရပ်တွေနဲ့ညီမတို့ဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြမိခဲ့တယ်
အဲ့နောက်မှာသူက သူ့အိမ်ကိုပြောရမလားဆိုပီး ကျမကို chain ခြောက်ပါတယ်
နင့်အိမ်ရောနင့်ပတ်ဝန်းကျင်ရော အရှက်ပြန်ခွဲမယ်
နင့်မောင်တွေကိုလဲ ငါနဲ့နင်နဲ့ကဘယ်လိုဖြစ်ခဲ့တာတွေကိုချပြမယ်ဆိပြီးchain ခြောက်ပါတယ်
သူ့အိမ်ကိုကျမပြောတာ အပြစ်ဖြစ်သွားတာလား
ကျမအနေနဲ့က သူ့အိမ်ကသိပီးသား Rs ကိစ္စ မို့ သူ့အိမ်ကိုပြောပြလိုက်တာပါ
အခု chain ခြောက်ခံရပါတယ် ကျမက ပတ်ဝန်းကျင်မှာနာမည်ပျက်နဲ့နေတာမဟုတ်ပါဘူး
ဘာသာရေးဆရာမတစ်ယောက်ပါ
ဒါကို ကျမတို့ဘာသာရေးကျေင်းကိုရော ကျမအိမ်ကိုပတ်ဝန်းကျင်ကို အရှက်ခွဲမယ်ပြောနေတာ ဘာဆက်လုပ်ရမလဲ
ဥပဒေအတိုင်းလုပ်ရမယ်ဆိုရင်တောင် ကျမရှက်လို့ပါ ဘာလုပ်သင့်လဲအကြံပေးပေးကြပါနော်