ညီမကအသက်26ရှိပါပြီ အသက်19လောက်ကတည်းက အချစ်ဦးကြောင့်ခံစားခဲ့ရပြီးကတည်းက
အချစ်အကြောင်းကို လုံး၀မစဉ်းစားဘဲ နေလာခဲ့သူပါ
သူငယ်ချင်းးတွေကလည်းရည်းစားထားဖို့ပြောကြပေမယ့်လည်းမထားခဲ့ပါဘူး
အခုပြောပြချင်တဲ့အကြောင်းကတော့ညီမကမထင်မှတ်ဘဲလူတစ်ယောက်နဲ့စကားပြောမိခဲ့တယ်
အတော်ကြီးထူးဆန်းတယ်လို့ပဲကျွန်မတော့ထင်မိတယ်
သူmessengerမှာ လာhiတော့စကားပြောရင်းနဲ့ပေါ့
သူကကျွန်မအလုပ်သွားမဲ့အကြောင်းနဲ့ ကျွန်မရဲ့uniformကိုသူရွေးပေးမယ်ပြောတယ်
ဒါနဲ့ကျွန်မကလည်းအားလုံးကပုံစံအတူတူပဲရွေးစရာမရှိကြောင်းပြောပြခဲ့တယ်
ဒါပေမယ့်သူစိတ်ကျေနပ်အောင် ကျွန်မရဲ့uniform တွေကို photo ရိုက်ပြီးပို့ပေးခဲ့တယ်
ပြီးတော့မနက်ကျတော့သူကကျွန်မအတွက်ရွေးပေးတဲ့ဝတ်စုံကိုဝတ်ခဲ့တယ်
အဲ့ဒီနောက်ဘာကပြသာနာလဲဆိုတော့ သူကကျွန်မကို bodyfitဖြစ်တဲ့အဝတ်ချူပ်ဖို့ပြောတယ်
ကျွန်မက ငယ်ငယ်ကတည်း ကခပ်ပွပွခလးတွေပဲချူပ်ဝတ်တဲ့အတွက်မဝတ်တတ်ဘူးလို့ကျွန်မသူ့ကပြောပြခဲ့တယ်
သူကလုံးဝလက်မခံဘူးfitဖြစ်တာပဲဝတ်ရမယ်ပြောခဲ့တယ်
အဲ့လိုကနေသူနဲ့ကျွန်မစကားပြောတာအဆုံးသတ်သွားခဲ့တယ်
တကယ်တော့သူနဲ့ကျွန်မစကားေပြာခဲ့တာ၂ရက်ပဲကြာခဲ့တယ်
အဲ့ဒါကြောင့်ကျွန်မသိချင်တာကလေ သူကဘာသဘောကိုဆိုလိုတာမှန်းမသိတာပါ
ဒီတိုင်းကြီးဘယ်လိုပြောရမှန်းတောင်မသိဘူး
ကျွန်မစိတ်ထဲအရမ်းအံ့ဩသွားမိတယ်
ဒါကြောင့်ဒီထဲကမိန်းမသားတွေ အကုန်လုံးကိုမေးကြည့်ချင်တာ ကျွန်မကပဲ ထူးဆန်းတာလားဆိုတာပာ
တကယ်တော့သူနဲ့ကျွန်မစကားပြောခဲ့တာ၂ရက်ပဲကြာခဲ့တယ်