ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၉၂

အကြံဉာဏ်လေးတောင်းချင်တာပါ

ညီမက အသက် 16လောက်မာ အိမ်ထောင်ကြတာပါ

အသက်ငယ်ငယ်နဲ့ ချစ်သူသက်တမ်း တလမပြည့်ဘဲ ‌တခြားလူတေသိကုန်လို့

အိမ်ကဆူမာကြောက်လို့ဆိုပီး ခလေးအတွေးနဲ့ ယူလိုက်တာပါ

ရပီးမကြာဘူး သဘောထားမတိုက်ဆိုင်တာကြောင့် စကားများပီး ညီမတို့ကွဲသွားပါတယ်

အဲ့အချိန်ကနေ စပီး ဘာအဆက်သွယ်မှ မရှိသလို သူ့ဆီက ဘာအကူညီမှလဲမယူခဲ့ပါဘူး

ခုဆို ညီမတို့မပေါင်းတာ 4နှစ်ပြည့်ပါပီ

အဲ့တော့ ညီမဘက်က ပျတ်ပျတ်သားသားဖစ်ချင်လို့ ကွာရှင်းခွင့်တောင်းတာကို တဖက်ကလက်မခံဘူးပြောနေလို့ပါ

ပီးတော့ သူ့ကိုမင်္ဂလာဆောင်စရိတ် အရော်ပေးရင်ကွာပေးမယ်တဲ့

မဟုတ်ရင် ညီမနောက်ထက် ယူရင် တရားစွဲမယ် ဆိုပီး စုံအောင်ကိုပြောနေလို့ပါ

အဲ့ဒါလေ ညီမဘက်က ဘယ်လိုလုပ်လို့ ရလဲ သူနဲ့တရားဝင်ကွာရှင်းခွင့်ရဖို့

တဂယ်လို့ ညီမက မကွာရှင်းရသေးဘဲယူခဲ့ရင် သူပြောသလို တရားစွဲခံရမာလား

ဥပဒေနဲ့ပတ်သတ်ပီး နားမလည်တာမို့ ညီမ‌ကိုပြောပြပေးကြပါအုန်းနော်












