ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၉၃

ညီမအသက် 22နှစ်ပြည့်တော့မှာပါ

ကောင်ငယ်လေးတစ်ယောက်ကို ချစ်မိပါတယ်

ကောင်လေးဘက်ကတော့ ချစ်တယ်ဆိုတာ တိတိကျကျ မသိရပါဘူးရှင့်

ညီမ ဘက်ကသာ သူ့ကို ဆုံရှုံးမခံနိုင်အောင်ချစ်တာပါရှင့်

သူနဲ့ပတ်သက်ပီးလဲ အရာရာ နားလည်​ပေးချင်ပီး အချိန်တိုင်း အတူတူ ရှိချင်ပါတယ်ရှင်

သူ့ဘက်က စိတ်ကွက်မှာ ဆိုးပီး တစ်ချက်လေးတောင် မချုပ်ချယ်မိအောင် စိတ်မဆိုးမိအောင် ကြိုးစားပီး ယနေ့ထိ နေခဲ့ပါတယ်

အခုသိချင်တာကလေ သူ့ဘက်က ညီမ ကို သံယောဇဉ် တွယ်ပီး ချစ်လာအောင် ဘယ်လို ကြိုးစားရမလဲ ရှင့်

နားလည်ပေးတယ်ဆိုရင်ရော ဘလို နားလည်ပေးမရလဲရှင့်

(သူက ညီမ အပေါ် နွေးနွေးထွေးထွေးတော့ဆက်ဆံပါတယ်ရှင့်)

ညီမ က နေတတ်ထိုင်တတ်ပီး သူ့အပေါ်အလိုလိုက်လို့ သဘောကျတယ်ဆိုတဲ့ တုန့်ပြန်စကားဘဲ ရဖူးတာပါ

သူကရုပ်ဖြောင့်တဲ့ အပြင် ငွေကြေးပါ အတော်အသင့်တတ်နိုင်တာမို့ ကောင်မလေးတွေလဲ အရမ်းဝိုင်းပါတယ်ရှင့်

အခုလဲ သူ့မှာ ညီမ တစ်ယောက် ထဲ ရှိတာ မဟုတ်ပါဖူး

အဓိက ကလေ သူ့ကို မေ့ပစ်ဖို့ အသစ်ရှာဖို့အကြံမပေးဘဲ ကောင်လေးကို နှစ်အကြာကြီး နားလည်ပေးပီး သူ့အချစ်ကို ရအောင် ယူနိုင်မယ့် နည်းလမ်းမျိုးရချင်တာပါရှင့်

(လက်ရှိအတူရှိပေမယ့် နောက် လအနည်းငယ်ဆို နိုင်ငံ တစ်ခုစီမှာ ကွဲနေမှာပါရှင့်)

ကြုံဖူးတဲ့လူရှိရင် ပြောပြပေးပါနော်














