ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၉၄

မမတို့ရေ အကြံဉာဏ်လေးလဲတောင်းချင်ပါတယ် ဥပဒေလမ်းကြောင်းအရလေးလဲ သိချင်လို့ မေးပါရစေနော်

ညီမလေးအိမ်ထောင်သက်တမ်း၇နှစ်ပြည့်ခါနီးပါပြီ…

မိဘနဲ့ အမျိုးသားစကားများပြီးသူ့မိဘအိမ်မှာနေတာ ၂နှစ်ရှိနေပါပြီ

အများအမြင်ကွဲနေသလိုဖြစ်ပေမယ့် ဖုန်နေ့တိုင်းဆက် ၂လတခါလောက်အပြင်မှာတွေ့ဖြစ်ခဲ့ပါတယ်

အရင်ကလို့မပြတ်နိုင်လို့တွေ့တာ ခုကသူ့စိတ်ကိုလိုက်လျောပြီး ညီမကိုပြသနာရှာမှာစိုးလို့ သူတွေ့ချင်တယ်ဆိုသွားတွေ့မိတာပါ

မိဘတွေကညီမအပေါ်ဆဲဆိုတာ ရိုင်းတာကြောင့် သူ့ကိုအရမ်းမုန်းတီးနေကြပါတယ်

မပေါင်းစေချင်ကြပါဘူး မိဘတေမသိတာ ညီမနဲ့စကားများရင်လက်ပါလို့ အရမ်းကြောက်ခဲ့ရတယ်

သူ့ဒေါသကို အရင်ကညီမဆွဲလို့ ခုချိန်ထိမြဲနေခဲ့တာပါ

အရင်ကဖုန်းဆက်လဲ ဖာသိဖာသာပါပဲ ဂရုစိုက်မှုမရခဲ့ဘူး

တစ်နှစ်လောက်ကြတော့ အိမ်ကသဘောကျတဲ့သူရှိလာပါတယ်

အရမ်းရိုးသားသူမို့ ညမအကြောင်းလဲလက်ခံနိုငိသူမို့ စဥ်းစားမယ်လို့စိတ်ကူးထားတာပါ

ညီမယောက်ျားဆီကမရခဲ့တဲ့မေတ္တာမျိုးတေသူ့ဆီက ရခဲ့ပါတယ်

အဲ့ဒါနဲ့ညီမယောက်ျားကို အိမ်ကသဘောကျသူရှိနေတယ်

အဲ့ကောင်လေးကလဲငါ့ကိုကြိုက်နေတယ်ပြောတဲ့နေ့ကစပြီး သူ့ကိုယ်သူပြင်ပါ့မယ်

ညီမပြောသလိုနေပါ့မယ် သူ့ကိုမထားခဲ့ပါနဲ့ဖြစ်လာပါတယ် ညီမမယုံရဲဘူး

အခုလဲဖုန်းဆက်သွယ်ရှိနေတာ မကောင်းတတ်လို့ပြောနေတာ သူ့ဆီညီမစိတ်မရှိတော့ဘူး သူလဲရိပ်မိပါတယ်

အခုသူကနင်အဲ့ကောင်နဲ့ယူရင် နင်တို့တစ်မိသားစုလုံးရော နင့်ကိုရော နင့်အကောင်ကိုရော thet မယ်လို့ပြောပါတယ်

တကယ်ယူရင်တကယ်လုပ်မယ့်သူပါ သူကဒီ၁၂လပိုင်းဆိုရင် စင်ကာပူသွားတော့မှာပါ

ညီမလေး ဘယ်လိုဆက်လုပ်ရမလဲ…

ညီမအတူနေခဲ့တဲ့ ၅နှစ်တာကာလမှာအရမ်းစိတ်ပင်ပန်းခဲ့ ကိုယ်ထိလက်ရောက်လုပ်တာပါခံခဲ့ရတော့…

သူ့ကိုမပေါင်းချင်တော့လို့ပါ

ခုသူကညီမမှညီမ ဖြစ်နေပါတယ် ညီမလေး ယောက်ျားကို ဘယ်လိုပြတ်အောင်ပြောရမလဲဟင်..

ဥပဒေအရရော ဘယ်လိုဖြစ်သွားမလဲဟင်…

စာရှည်သွားလို့တောင်းပန်ပါတယ်နော်…























