ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၉၅

ကျွန်မအသက် ၂၈ နှစ်ရှိပါပြီ အိမ်ထောင်သက်တမ်းလဲ ၅နှစ်ပဲ ပြည့်တော့မယ်

၃နှစ်အရွယ်သမီးလေးတစ်ယောက်လဲရှိတယ်

ကျွန်မလေ အိမ်ထောင်ကျပြီးတဲ့အချိန်နဲ့အခုချိန်ထိယောကျ်ားအပေါ်ဘယ်တော့မှ မဖောက်ပြန်ခဲ့ဘူး

ဒါပေမဲ့ကျွန်မယောကျ်ားကလေ ကျွန်မကိုအမြဲအနိုင်ယူချင်နေတယ်

ကျွန်မကိုဖောက်ပြန်တယ်လို့စွပ်စွဲတယ် တစ်ပြားမတန်အောင်ပြောတယ်

သူကအဝေးမှာဆိုတော့ ကျွန်မသူ့ကိုနားလည်ပေးခဲ့တယ်

ဒါပေမဲ့တစ်ခါတလေ ကျွန်မကသည်းမခံနိုင်ပေးတော့ဘူး

ကျွန်မကိုအထင်သေးဆက်ဆံတယ် ကျွန်မကိုဖာသည်မ ကြေးမရတဲ့ဖာသည်မ အဲလိုအမြဲပြောတယ်

ကျွန်မဘက်က သူ့က်ုအဲလိုမျိုးဘယ်တော့မှမပြောခဲ့ဖူးဘူး

ကျွန်မသူ့ကိုလေးစားတန်ဖိုးထားခဲ့တယ်

ကျွန်မဘယ်​တော့မှမဖောက်ပြန်ခဲ့တာ ကျွန်မ မှန်ကန်နေခဲ့တာ သူ့ကို ကျွန်မအသက်နဲ့လောင်းကြေးထပ်ပြီးကျိန်ဆိုတယ်

သူကပြောတယ် ကျွန်မကို ချီးစားပြီးကျိန်ရင်တောင်သူမယုံဘူးတဲ့

ကျွန်မလဲမိဘနဲ့အတူနေတာပါ ဖောက်ပြန်တာမကောင်းဘူးလို့မပြောပြရလောက်အောင်ကျွန်မ အသ်ိတရားရှိပြီးသားပါ

ကျွန်မ တစ်လကို အရက်၂ဝလောက်စိတ်ဆင်းရဲခဲ့ရတယ် ငိုကြွေးနေခဲ့ရတယ်

သူက ကျွန်မအတွက်အကောင်းဆုံးလူ ကျွန်မအချစ်ဆုံးလူလို့ကျွန်မသတ်မှတ်ထားခဲ့တာ

သူကတော့ကျွန်မကိုချဟ်လို့သံသယဝင်နေတာတဲ့

မဟုတ်ပါဘူး သူရဲ့သံသယထက်ကျော်ပြီးကျွန်မကိုအနိုင်လိုချင်ပြီး ကျွန်မကိုယ်ကျက့်တရားကိုစော်ကားချင်နေတာပါ

သူ့ဘဝမှာကျွန်မကိုမုန်းလို့လား သူဘာဖြစ်ချင်နေတာလဲ ဆိုတာကျွန်မလဲမသိတော့ပါဘူး

ကျွန်မလဲဘယ်လိုဆက်ပြီးနေရမလဲမသိတော့ပါဘူး

ကျွန်မကို နည်းနည်းလောဖြဟ်ဖြစ် နှိပ်သိပ်ပေးကြပါနော်



ကျွန်မလေ အိမ်ထောင်ကျပြီးတဲ့အချိန်နဲ့အခုချိန်ထိယောက်ျားအပေါ်ဘယ်တော့မှ မဖောက်ပြန်ခဲ့ဘူး

ဒါပေမဲ့ကျွန်မယောက်ျားကလေ ကျွန်မကိုအမြဲအနိုင်ယူချင်နေတယ်









ကျွန်မလဲမိဘနဲ့အတူနေတာပါ ဖောက်ပြန်တာမကောင်းဘူးလို့မပြောပြရလောက်အောင်ကျွန်မ အသိတရားရှိပြီးသားပါ






