တစ်ခါမှ ရင်မဖွင့်ဘူးတော့ အမှားပါရင် နားလည်ပေးပါ
ညီမအသက်က၂၃ရှိပါပြီ 14.10.2022မှာ ရုတ်တရက်ကြီးခိုးရာလိုက်ပီး အိမ်ထောင်ကျပါတယ်
2ယောက်လုံးက အစီစဉ်မရှိဘဲ ခိုးပြေးမိကြတာပါ
ချစ်သူဘ၀မှာ သူ့ဖုန်းကို ရောင်းပြီး ပြန်မ၀ယ်နိူင်ဖြစ်ရင်းက ဖုန်းပြောရပီးရုံ အဖြစ်ဖုန်းလောက်၀ယ်ပီး ဆက်သွယ်ခဲ့ကြတာပါ
ခုက ညီမက သူ့အိမ်မှာ လိုက်နေကြရင်း သူက ဂိမ်းအရမ်းဆော့ပါတယ်
2ယောက်ပေါင်းမှ ဖုန်းတစ်လုံး ရှိတာပါ အရင်လူပျိုဘ၀မှာတုန်းက ဂိမ်းဆော့ပေမယ့် ဖုန်းမရှိလို့ သူမဆော့ဘဲ နေတာပါ
အဓိက ပြောချင်တာက ဖုန်းအကြောင်းမဟုတ်ပါဘူး
ညီမသူ့ကို ဂိမ်းဆော့ခိုင်းပါတယ် ဒါပေမယ့် ခုနောက်ပိုင်း သူက ညီမထက် ဂိမ်းကိုပဲ အာရုံရှိလာပါတယ်
တကယ်ဆိုရင် ခုက အိမ်ထောင်ကျကာစပါ ညီမကို အာရုံ မရှိဘူးဆိုတာ ခုချိန်မှာ မဖြစ်သင့်ပါဘူး
ကုန်ကုန်ပြောရ ရင် ဂိမ်းဆော့ ချင်တာနဲ့ လင်မယားကိစ္စတောင် သူအာရုံမရှိတော့အောင်ထိ ဖြစ်တာပါ
တစ်ခါတလေ ဂိမ်းတဲ့၀င်ရမဲ့အချိန်ရောက်ရင် တဝက်တပျက်နဲ့ ရပ်ပီး ဂိမ်းထဲ ပြေးတာပါ
တစ်ညကလဲ သူလက်ဖက်ရည်ဆိုင်မှာ ဂိမ်းဆော့နေတာကို ထိုင်စောင့်ပေးပြီး အိမ်အပြန်လမ်းမှာ အိမ်ရောက်ရင် ဂိမ်းမဆော့နဲ့လို့ပြောတော့
” ဆော့မှာပဲတဲ့”ညီမက အဲ့တာဆိုရင် ငါ့ရွာကိုပြန်မယ်ဆိုတော့ ည၉နာရီပါ ပြန်တဲ့ “သူက မြို့ပေါ်ကပါ
ညီမတို့ရွာနဲ့ဆိုရင် ကား ဆိုင်ကယ်နဲ့သွားရင် မိနစ်၃၀ ကြာပါတယ်
ည၉နာရီ မိန်းကလေးတစ်ယောက်တည်း လမ်းလျှောက်ပြန်တာကို ပြန်ဆိုပီး ပြန်ခိုင်းပါတယ်
သူဂိမ်းဆော့လို့ ညီမ ငိုလည်း သူဂိမ်းကိုမဖျက်ပါဘူး
ညီမသူနဲ့ ရန် thet ပီး decolgen 4 ပြားသောက်လည်း သူအိပ်ရေးဝမှ ပြန်ချော့ပါတယ်
ညီမ ဒီအိမ်ထောင်ရေး ရေရှည်တည်တံ့ဖို့ ဘာတွေများလုပ်ရပါ့မလဲ
ခုနောက်ပိုင်းမှာ ညီမက ဂိမ်းလောက်တောင် အရေးမပါ တော့ပါဘူး
ဂိမ်းဆော့လို့ဆိုတာထက် ညီမအပေါ် အာရုံမရှိလောက်အောင်ထိ ဂိမ်းဆော့လွန်းလို့ အကြံဉာဏ်တောင်းရတာပါ
တခြားသူတွေလိုမျိုး ညီမရဲ့အိမ်ထောင်ရေးက မြဲပါ့မလားလို့ တွေးပူမိလို့ပါ
ခုလည်း ညီမ အိမ်ပြင်မှာ ငိုပီးထွက်ထိုင်ပေမယ့် သူက အိပ်ပျော်နေနိူင်ပါတယ်
လင်မယားကိစ္စဆိုရင် ယောကျာ်းလေးဘက်က ပိုအာသန်တယ်လို့ ကြားဖူးပေမယ့် ခုက အဲ့ကိစ္စကို သူအာရုံမကအောင်ထိ ဂိမ်းကိုပဲ အာရုံရလွန်းလို့ပါ
ညီမက အဲ့ကိစ္စအရမ်းအာသန်လို့ ခုလိုမျိုးပြောတာမဟုတ်ပါဘူး
ညီမဆိုလိုချင်တာက သူဒီအိမ်ထောင်ရေးကို ဆက်လက်မြဲချင်သေးလား ညီမကို စွန့်ပစ်ချင်နေသလား သိချင်တာပါ
ပြီးရင် သူက အိပ်ရင်တောင် အမြဲတမ်း ညီမကို ကျောပေးအိပ်ပါတယ်
တခါတလေတော့ ချစ်ချစ်ခင်ခင်အမူအရာပြပါတယ်
ညီမ ဒီအိမ်ထောင်ရေး တခြားသူတွေလိုမျိုး မြဲဖို့ ဘာများလုပ်ရပါ့မလဲ
ညီမ အမျိုးသား ညီမအပေါ် အာရုံရှိလာဖို့ ဘာများလုပ်ရပါ့မလဲ
အကြံဉာဏ်လေးလိုချင်ပါတယ် ကျေးဇူးပြုပီး ညီမကို အခမဲ့တင်ပေးပါ
တစ္ခါမွ ရင္မဖြင့္ဘူးေတာ့ အမွားပါရင္ နားလည္ေပးပါ
ညီမအသက္က၂၃ရွိပါၿပီ 14.10.2022မွာ ႐ုတ္တရက္ႀကီးခိုးရာလိုက္ပီး အိမ္ေထာင္က်ပါတယ္
2ေယာက္လုံးက အစီစဥ္မရွိဘဲ ခိုးေျပးမိၾကတာပါ
ခ်စ္သူဘ၀မွာ သူ႔ဖုန္းကို ေရာင္းၿပီး ျပန္မ၀ယ္ႏိူင္ျဖစ္ရင္းက ဖုန္းေျပာရပီး႐ုံ အျဖစ္ဖုန္းေလာက္၀ယ္ပီး ဆက္သြယ္ခဲ့ၾကတာပါ
ခုက ညီမက သူ႔အိမ္မွာ လိုက္ေနၾကရင္း သူက ဂိမ္းအရမ္းေဆာ့ပါတယ္
2ေယာက္ေပါင္းမွ ဖုန္းတစ္လုံး ရွိတာပါ အရင္လူပ်ိဳဘ၀မွာတုန္းက ဂိမ္းေဆာ့ေပမယ့္ ဖုန္းမရွိလို႔ သူမေဆာ့ဘဲ ေနတာပါ
အဓိက ေျပာခ်င္တာက ဖုန္းအေၾကာင္းမဟုတ္ပါဘူး
ညီမသူ႔ကို ဂိမ္းေဆာ့ခိုင္းပါတယ္ ဒါေပမယ့္ ခုေနာက္ပိုင္း သူက ညီမထက္ ဂိမ္းကိုပဲ အာ႐ုံရွိလာပါတယ္
တကယ္ဆိုရင္ ခုက အိမ္ေထာင္က်ကာစပါ ညီမကို အာ႐ုံ မရွိဘူးဆိုတာ ခုခ်ိန္မွာ မျဖစ္သင့္ပါဘူး
ကုန္ကုန္ေျပာရ ရင္ ဂိမ္းေဆာ့ ခ်င္တာနဲ႔ လင္မယားကိစၥေတာင္ သူအာ႐ုံမရွိေတာ့ေအာင္ထိ ျဖစ္တာပါ
တစ္ခါတေလ ဂိမ္းတဲ့၀င္ရမဲ့အခ်ိန္ေရာက္ရင္ တဝက္တပ်က္နဲ႔ ရပ္ပီး ဂိမ္းထဲ ေျပးတာပါ
တစ္ညကလဲ သူလက္ဖက္ရည္ဆိုင္မွာ ဂိမ္းေဆာ့ေနတာကို ထိုင္ေစာင့္ေပးၿပီး အိမ္အျပန္လမ္းမွာ အိမ္ေရာက္ရင္ ဂိမ္းမေဆာ့နဲ႔လို႔ေျပာေတာ့
” ေဆာ့မွာပဲတဲ့”ညီမက အဲ့တာဆိုရင္ ငါ့႐ြာကိုျပန္မယ္ဆိုေတာ့ ည၉နာရီပါ ျပန္တဲ့ “သူက ၿမိဳ႕ေပၚကပါ
ညီမတို႔႐ြာနဲ႔ဆိုရင္ ကား ဆိုင္ကယ္နဲ႔သြားရင္ မိနစ္၃၀ ၾကာပါတယ္
ည၉နာရီ မိန္းကေလးတစ္ေယာက္တည္း လမ္းေလွ်ာက္ျပန္တာကို ျပန္ဆိုပီး ျပန္ခိုင္းပါတယ္
သူဂိမ္းေဆာ့လို႔ ညီမ ငိုလည္း သူဂိမ္းကိုမဖ်က္ပါဘူး
ညီမသူနဲ႔ ရန္ thet ပီး decolgen 4 ျပားေသာက္လည္း သူအိပ္ေရးဝမွ ျပန္ေခ်ာ့ပါတယ္
ညီမ ဒီအိမ္ေထာင္ေရး ေရရွည္တည္တံ့ဖို႔ ဘာေတြမ်ားလုပ္ရပါ့မလဲ
ခုေနာက္ပိုင္းမွာ ညီမက ဂိမ္းေလာက္ေတာင္ အေရးမပါ ေတာ့ပါဘူး
ဂိမ္းေဆာ့လို႔ဆိုတာထက္ ညီမအေပၚ အာ႐ုံမရွိေလာက္ေအာင္ထိ ဂိမ္းေဆာ့လြန္းလို႔ အႀကံဉာဏ္ေတာင္းရတာပါ
တျခားသူေတြလိုမ်ိဳး ညီမရဲ႕အိမ္ေထာင္ေရးက ၿမဲပါ့မလားလို႔ ေတြးပူမိလို႔ပါ
ခုလည္း ညီမ အိမ္ျပင္မွာ ငိုပီးထြက္ထိုင္ေပမယ့္ သူက အိပ္ေပ်ာ္ေနႏိူင္ပါတယ္
လင္မယားကိစၥဆိုရင္ ေယာက်ာ္းေလးဘက္က ပိုအာသန္တယ္လို႔ ၾကားဖူးေပမယ့္ ခုက အဲ့ကိစၥကို သူအာ႐ုံမကေအာင္ထိ ဂိမ္းကိုပဲ အာ႐ုံရလြန္းလို႔ပါ
ညီမက အဲ့ကိစၥအရမ္းအာသန္လို႔ ခုလိုမ်ိဳးေျပာတာမဟုတ္ပါဘူး
ညီမဆိုလိုခ်င္တာက သူဒီအိမ္ေထာင္ေရးကို ဆက္လက္ၿမဲခ်င္ေသးလား ညီမကို စြန႔္ပစ္ခ်င္ေနသလား သိခ်င္တာပါ
ၿပီးရင္ သူက အိပ္ရင္ေတာင္ အၿမဲတမ္း ညီမကို ေက်ာေပးအိပ္ပါတယ္
တခါတေလေတာ့ ခ်စ္ခ်စ္ခင္ခင္အမူအရာျပပါတယ္
ညီမ ဒီအိမ္ေထာင္ေရး တျခားသူေတြလိုမ်ိဳး ၿမဲဖို႔ ဘာမ်ားလုပ္ရပါ့မလဲ
ညီမ အမ်ိဳးသား ညီမအေပၚ အာ႐ုံရွိလာဖို႔ ဘာမ်ားလုပ္ရပါ့မလဲ
အႀကံဉာဏ္ေလးလိုခ်င္ပါတယ္ ေက်းဇူးျပဳပီး ညီမကို အခမဲ့တင္ေပးပါ