ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၂၉၈

ညီမရဲ့ချစ်သူကပေါ့နော်ညီမထက်အသက်ကြီးပါတယ်

ညီမဘက်ကပဲအမြဲတမ်းသူ့ကိုနားလည်ပေးအချော့ပေးလာခဲ့တာပါ

ဟိုးအရင်တုန်းထဲကအဲ့အချိန်တုန်းကလဲညီမကိုထားခဲ့ပီးအိမ်ထောင်ပြုသွားတယ်

အခုအဲ့အိမ်ထောင်နဲ့ကွဲပီးညီမကိုပြန်ဆက်သွယ်ခဲ့တယ်ညီမ​ေ_ာက်မှတ်မရှိပြန်လက်ခံခဲ့တယ်

ပြန်အဆင်ပြေခဲ့ကြတယ်အခုထိလဲညီမသီးခံပါတယ်သူ့ကို

ညီမကိုတနေ့ကဖုန်းခေါ်တာ လိုင်းကမရတော့

ညီမလိုင်းရတဲ့အချိန်သူ့ကိုပြန်ခေါ်တော့ ညီမကိုလင်ဒါရူးမမခေါ်နဲ့ဆိုပီးပြောတယ်

ညီမလဲအတတ်နိင်ဆုံးရှင်းပြတယ်

နောက်နေ့မနက်ကျတော့သူမူးနေလို့ဆိုပီးစာပို့တယ်စကားများပီး ညီမဘက်ကအချော့ပေးလို့ပြန်အဆင်ပြေတယ်

ဒီနေ့ကျတော့သူနဲ့စကားအကောင်းပြောရင်းကနေ ညီမကိုစရင်းနဲ့ကောင်မဆိုပီးထပ်ဆဲတယ်

အဲ့တာညီမကလဲ ဒီတခါကျညီမကိုအဲ့လိုပြောရင်ညီမကလဲအကောင်ကြီးလို့ပြန်ခေါ်မယ်ပြောရင်းကနေ

ညီမကိုအော်ကြီးဟစ်ကျယ်ထဆဲပါတယ်

ညီမအရမ်းလန့်သွားတယ်အဲ့တာနဲ့ဘာဖြစ်တာလဲဆိုပီးညီမကစတာလို့ပြောတာကိုလက်မခံဘူး

ညီမကိုရစရာမရှိအောင်ဆဲပီးဘလော့သွားတယ်

ညီမလဲစိတ်မကောင်းဖြစ်ရုံကလွဲလို့ကျန်တာတော့မရှိတော့ပါဘူး

ကိုယ်ဒီလောက်အနစ်နာခံတာတောင်အဲ့လိုအပြောခံလိုက်ရလို့စိတ်ထဲဝမ်းနည်းလို့ငိုမိပါတယ်

သူနဲ့ကလဲယူဖို့အထိတိုင်ပင်ထားမိလို့ပါ
















