ညီမဘာလုပ်သင့်လဲရှင့် အကြံဉာဏ်လေးပေးစေလိုပါတယ်…..
ညီမချစ်သူနဲ့ ညီမ ရည်းစားသက်တမ်း၅နှစ်ရှိပါပြီ
အခုတော့ LDRSဖြစ်နေပါတယ်
နောက်နှစ်ယူဖို့ သူ့မိဘတွေကအိမ်မှာလာပြောထားပါတယ်
အရင်က HS တော့ရှိခဲ့ဖူးတယ်
အခုမယူခင်ဒီကြားထဲမှာ သူက S*x လုပ်ဖို့ပြောပါတယ် ညီမသဘောမတူတော့ S*x chatဖို့အတင်းတောင်းဆိုပါတယ်
ညီမက မင်္ဂလာမဆောင်ခင် တရားဝင်မစေ့စပ်ခင်
အဲ့လိုတွေမလုပ်ချင်ဘူးပြောတော့ သူက ဒါလေးတောင်မလုပ်ပေးနိုင်ဘူးလား
ယူမှာပဲဟာကို သူ့ကိုမယုံဘူး ညီမကသူ့ကိုမချစ်ဘူး
ညီမ မပေးလဲ တခြားပေးနိုင်တဲ့သူကပေးရင်နောင်တမရနဲ့
အဲ့လိုတွေပြောပြီးအခြေတင်ဖြစ်ကြတာ စကားေကာင်းကောင်းမပြောတာ လေးငါးရက်ရှိပါပြီ……
ညီမဘာလုပ်သင့်လဲရှင် …..
ညီမဆက်တွဲပြီးလက်ခံသင့်လား ဒါမှမဟုတ်လမ်းခွဲ့သင့်လားရှင့်
လမ်းခွဲရင်လဲ ၅နှစ်တောင်တွဲပြီး
မယူဖြစ်ဘုးလို့ပတ်ဝန်းကျင်ကပြောကြမှာလဲရှက်တယ်……
အဲ့လိုတွေပြောပြီးအခြေတင်ဖြစ်ကြတာ စကားကောင်းကောင်းမပြောတာ လေးငါးရက်ရှိပါပြီ……
ညီမဘာလုပ်သင့်လဲရှင် …..