Admin plz.. ညမ တခုလောက်ရင်ဖွင့်ပါရစေ…
ညမအသက်က အခုဆို ၂၁နှစ်ပါ…
ညမမှာ ၈တန်းကျောင်းသူအရွယ်ထဲက ကျောင်းမှာ ချစ်ပြီးတွဲလာခဲ့တဲ့ ကောင်လေးရှိပါတယ်…
ရွယ်တူဆိုတော့လေ အနိုင်ယူတာတွေ တခါတလေအလျော့မပေးတာတွေ ၂ယောက်လုံးမှာရှိပါတယ်
တွဲလာတဲ့တောက်လျောက်လည်း. ပြတ်လိုက် ပြန်ဆက်လိုက်နဲ့ တကယ်ပြတ်ပြီဆို ၁လထပ်မပိုပါဖူး..
ညမက တခါတလေ သူဝန်မတိုတိုအောင် သူဘက်က ပြန်စချော့အောင် သူမကြိုက်တာတေ လုပ်ပါတယ်..
(အဲ့တာကလည်း သူ ပြန်လာချော့တာလေးခံချင်လို့ပါ)
သူ့အရှေ့မှာလည်း သူ့ကိုချစ်တာ သိပ်မပြောဖူး(ဒါမဟ့် အသက်ထပ် ချစ်ပါတယ်)…
သူလည်းဒီလိုပဲ..သူချစ်တာတွေ သိပ်မထုတ်ပြဖူး(ညမက အရမ်းနိုင်တယ်လေ)
၁၀တန်းရောက်တော့ ညမက အောင်သွားတယ်..
သူက ကျကျန်ခဲ့တာပေါ့..
ညမUniတက်ရင် သူက ငါ့လို ကောင်က နင်ကထားခဲ့မှာ ငါကပညာမတတ်ဖူး ငါ့ထပ်သာတဲ့ လူတွေဆီ နင်သွားမှာ…အမြဲ သမုတ်တယ်..
အမြဲစိတ်ဒုက္ခပေးတယ် အမျိုးမျိူးရှင်းပြတယ်…
သူ့မှာတူတူလက်တွဲလာပြီး သူကျကျန်ခဲ့တော့ စိတ်အားငယ်တာကော သူစာပြန်လုပ်ရလို့pressureတွေများနေတယ်ဆိုတာနားလည်ပါတယ်
(ဒါမယ့် ၁နှစ်နီးပါးအဲ့လိုစကားတွေကြောင့် မသာယာဖူးရှင်) အဲ့တော့ညမရအောင်ဖြတ်တယ်…
လိုရင်းပြောပါမယ်ရှင်…
ခုဒီကြားထဲ သူ့မှာကောင်မလေး တယောက်ရှိသွားတယ်
အဲ့ကောက်မလေးက မိသားစုအဆင်မပြေတာရော..
အရင်ကောင်လေးကြောင့် စ်တ်ထိခိုက်ပြီး သူစောင့်ရှောက်ပေးနေရတယ်တဲ့…
သူချစ်တာထပ်ကို သနားတယ်တဲ့…
သူညမဆီပြန်လာချင်တယ်..
ညမကိုယ်တိုင်ကလည်း ပြန်လာဖို့တောင်းဆိုပါတယ်…
ချက်ချင်းတော့မဟုတ်ပါဖူး အဲ့ကောင်မလေးကိုစိတ်ချရတဲ့အထိ း
သူ့စိတ်နဲ့သူ တခြားကောင်လေးကောင်းကောင်းမွန်မွန် လက်ထဲ ရောက်တဲ့ထိ သူ့အနားနေပေးဖို့
ရင်နာနာနဲ့ သူ့ကိုလည်းအကြံပေးပါတယ်..
7နှစ်နီးပါး(ချစ်သူသက်တမ်း)
သူငယ်ချင်းသက်တမ်းဆိုလည်း..
ဟ်ုး မူကြို..၁တန်းထဲက သံယောဇဉ်က တအားကြီးတယ်ရှင်….
သူ့ကို ဘယ်သူ့လက်ထဲကိုမှ စိတ်မချသလို မပေးချင်ဖူးရှင်…
သူအခုတွဲနေတဲ့ကောင်မလေးကိုလည်း မတရားမလုပ်ချင်ဖူး…
ညမဘာဆက်လုပ်ရမလဲ…
နေ့နဲ့ အမျှ ရင်ထဲမှာနေမရအောင်ပါပဲ…
သူက ကျကျန်ခဲ့တာပေါ့..
အမြဲစိတ်ဒုက္ခပေးတယ် အမျိုးမျိုးရှင်းပြတယ်…
သူညမဆီပြန်လာချင်တယ်..
ညမဘာဆက်လုပ်ရမလဲ…