ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၀၁

ရင်ဖွင့်ချင်လို့ပါမင်မင်ရေ

ညီမတို့အိမ်ထောင်ကျတာ 4 လပိုင်းဆို 8 နှစ်ပြည့်ပါပြီ

ညီမတို့မှ ာသားလေးတစ်ယောက်ရှိပါတယ် အသက်3 နှစ်ရှိပါပြီ

ပြောချင်တာက သူက ညီမတူမအရင်းနဲ့ဖောက်ပြန်ပါတယ်

တူမလေးဘက်က မပါပါဘူး

သူက ကလေးကိုအတူအိပ်ရ​ေအာင်လို့ပြောတာပါ

ကောင်မလေးကအိမ်ထောင်ကွဲပါ

ညီမကဖောက်ပြန်တာကိုအမုန်းဆုံးပါ

အရင်တစ်ခါလဲကောင်မတစ်ယောက်နဲ့ ဖြစ်ဖူးပါတယ်

ညီမသားလေးမွေးခါစကပေါ့ လိုင်းပေါ်မှာရောအပြင်မှာပါ ဖောက်ပြန်တာပါ

ညီမ သားလေးမျက်နှာနဲ့ခွင့်လွှတ်ပေးခဲ့ပါတယ်

အခုတော့သူ့ကိုအရမ်းရွံသွားပါပြီ သူနဲ့လဲ ကွဲဖို့ဆုံးဖြတ်လိုက်ပါပြီ

မေးချင်တာက ညီမသားလေးကို သူ့ကို မပေးသင့်ပေးသင့်ပါ

ညီမ ဘဝကတစ်နေ့လုပ်တစ်နေ့စားပါ ပိုင်ဆိုင်မှု့လဲဘာမှမရှိပါဘူး

သားလေးကိုလူလားမြောက်အောင်မထားနိုင်မှာလဲဆိုးတယ်

သူကတော့CDM ဝန်ထမ်းပါ အလုပ်အကိုင်မယ်မယ်ရရမရှိပါဘူး

အဲ့ဒါဘယ်လိုလုပ်ရမလဲ မဆုံးဖြတ်တတ်တော့လို့ပါ

ညီမစာကို အခမဲ့တင်ပေးပါနော် ကျေးဇူးတင်ပါတယ်ရှင့်





တူမလေးဘက်က မပါပါဘူး

သူက ကလေးကိုအတူအိပ်ရ​အောင်လို့ပြောတာပါ











