ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၀၄

ရင်ဖွင့်ပါရစေရှင့်…

ကျွန်မကအိမ်ထောင်ပြုပီးသားပါ

အိမ်ထောင်သက်က 1နှစ်နဲ့9လလောက်ရှိပါပီ

ချစ်သူသက်တမ်းက 5နှစ်ပါ နှစ်ယောက်လုံးမိသားစုကမပြည့်စုံပါဘူး

ဒီလိုပဲရုန်းကန်ရင်းဖြတ်သန်းနေရပေမယ့် နှစ်ယောက်လုံးမှာအနာဂတ်အစီအစဉ်တွေရှိပီးသားပါ

ကျမက31နှစ် အမျိုးသားက34ပြည့်တော့မှာပါ

သမီးရည်းစားဘဝကနေ လက်ထပ်ပီး1နှစ်ခွဲလောက်ထိရုန်းကန်ခဲ့ပါတယ်

အနာဂတ်အတွက်နိုင်ငံခြားသွားဖို့လည်းအစီအစ်ဆွဲထားပါတယ်

တယောက်နဲ့တယောက်နားလည်မှုနဲ့ပုံမှန်နေလာခဲ့ပေပါတယ် သူ့အလုပ်ကအချိန်ရယ် ပိတ်ရက်ရယ်သိပ်မမှန်ပါဘူး

လောလောဆယ်နိုင်ငံခြားမထွက်ခင်သာမှေးလုပ်နေတဲ့သဘောပါ

တစ်ညမှာအမျိုးသားဖုန်းကိုဘာရယ်မဟုတ်ယူကြည့်မိတာ tiktokမှာ သူအခြားအမျိုးသမီးနှစ်ယောက်နဲ့ပြောဆိုထားတာတွေ့မိပါတယ်

တယောက်ကကရန်ကုန်က တယောက်ကတောင်ကြီးကလို့စာတွေအရသိရပါတယ်

ရန်ကုန်ကတယောက်နဲ့ချစ်ကြိုက်စာတွေ အိပ်တဲ့အကြောင်းတွေရေးထားတဲ့အပြင် အပြင်မှာလည်းတစ်ခါမကချိန်းတွေ့ခဲ့ကြပါတယ်

တောင်ကြီးတယောက်ကတော့အလုပ်နဲ့တခါ‌တွေ့ဖူးတယ်ပြောပါတယ်

ကျမလေမြင်မြင်ချင်း သွေးတွေဗွက်ဗွက်ဆူပီး သူ့နှိုးပီးအဲ့စာတွေပြဖြစ်ပါတယ်

သူကအတော်တောင်းပန်ပါတယ် မှားသွားကြောင်း အပျော်အနေနဲ့သာယာမိသွားကြောင်း

အလုပ်ပင်ပန်းစိတ်ပင်ပန်းတဲ့အချိန်စိတ်ထွက်ပေါက်သဘောမျိုးလုပ်မိကြောင်းပေါ့

ဒီကိစ္စမတိုင်မီကကျမနဲ့မိသားစုအ‌ပေါ်အရမ်းကြင်နာတတ် ဂရုစိုက်တတ်ပါတယ်

အလုပ်လာဘ်မမြင်တာကတော့သူ့မှာအားနည်းချက်ရှိပါတယ်

ကျမကစိတ်မြန်တယ် တခါတလေအားမရဘဲပြောဆိုမိတဲ့အချိန်တွေတော့ရှိခဲ့ပါတယ်

ကျမအမှားတွေပေါ့ သူတောင်းပန်ပီးနောက်လုံးဝမဖြစ်စေရပါဘူးပြောနေရင်းက ကျမတို့တရားရုံးမှာသွားကွာရှင်းဖြစ်ခဲ့ပါတယ်

သူကတော့မတတ်သာပဲထိုးပေးခဲ့ရတာပါ

ကွာပီးနောက်ပိုင်းလည်းဖုန်းတွေ စာတွေတောက်လျှောက်ပို့ပီး သူ့ကိုအခွင့်အရေးတစ်ခါထပ်ပေးပါ ထပ်မ‌ဖြစ်စေရပါဘူး ကတိပေးပါတယ်

ခံဝန်ထိုးဆိုလည်းထိုးပေးပါ့မယ် နောက်ဆုံးအနေနဲ့အခွင့်အရေးထပ်ပေးဖို့ စိတ်ဆင်းရဲအရှက်ရအောင်ထပ်မလုပ်ပါဘူး

socialမသုံးနဲ့ဆိုလည်းမသုံးရပါဘူးဆိုဘူး မာနတပြားသားမှမကျန်အောင်တောင်းပန်နေတာ နေ့တိုင်းပါပဲ

ကျမလေသူ့ကိုအရမ်းစိတ်နာပါတယ် သူ့ကိုရိုးသားမှု ရည်မွန်မှု ကြင်နာမှုတွေပဲကြည့်ပီး လက်ထပ်ခဲ့တာပါ

လုံးဝလည်းမထင်မိခဲ့ပါဘူး ကျမအသိုင်းအဝိုင်းအနေနဲ့ကလည်း တစ်ကြိမ်ဖြစ်ဖူးရင်နောက်လည်းမဖြစ်နိုင်ဘူးမပြောနိုင်ဘူးဆိုပီး ကျမစိတ်ကိုအပြတ်ဖြတ်ခိုင်းပါတယ်

ဒါပေမယ့်ကျမစိတ်ကလေသူ့အပေါ်အတော်သံယောဇဉ်ရှိလို့ထင်တယ်

သူအဲ့လိုတွေခယပြောနေတာကိုစိတ်မကောင်းဘူးဖြစ်နေတယ်

သူ‌တောင်းဆိုသလိုဘဝသစ်ကိုအစကနေပြန်ကြိုးစားပီး သစ္စာရှိရှိပြန်နေဖို့ပြန်စဉ်းစားပေးချင်သလို

သူအဲ့လိုထပ်မလုပ်တောင်သံသယတွေနဲ့ရှေ့ဆက်သွားနိုင်ပါ့မလား

ဘယ်လိုလုပ်ရမလဲ အတွေးတွေများနေလို့

ဒီဂရုထဲကအမတွေ ညမတွေရဲ့အမြင်လေးတွေသိချင်လို့ ရင်ဖွင့်လိုက်မိတာပါရှင်

ရင်ဖွင့်ပါရစေရှင့်…































