ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၀၆

ကျွန်မအသက်34နှစ်သားနှစ်ယောက်ရှိတယ်

ဒီအရွယ်ကြီးရောက်မှဒီစကားပြောရတာရှက်မိပေမဲ့

ရင်ထဲးတအားမွန်းကြပ်နေလို့ပါ

လင်နဲ့မယားဆိုတာအခန့်မတင့်ရင်ရန်ဖြစ်တက်ကြတာပါပဲ

အိမ်ထောင်သက်15နှစ်လုံးလုံးပေါင်းလာပြီး

ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့နေလာတာအခုကလေးတွေတောင်အရွယ်ရောက်လာပြီ

အခုကြမှရန်ဖြစ်တာကိုကျွန်မတယောက်ထဲအပြစ်ဖို့တယ်

ဘာပြောပြောဘာလုပ်လုပ်ကျွန်မကိုအပြစ်မြင်လာတယ်

အရင်14နှစ်လုံးလုံးမသောက်မစားပဲ ကျွန်မအပေါ်ကောင်းလာခဲ့တဲ့ယောကျာ်းက

ဒီနှစ်တွေမှာသောက်စားတာတွေများလာပြီးခဏခဏရန်ဖြစ်ကြတယ်

ကျွန်မလည်းတအားစိတ်ညစ်တာနဲ့သူ့ကိုထားခဲ့ပြီးအမေ့အိမ်ပြန်လာလိုက်တယ်

ကျွန်မနဲ့ဝေးရမှာကိုမျှော်လင့်ထားလားမသိဘူး သူကတော့ကျွန်မထားခဲ့တာကိုအပြစ်လုပ်ပြီးသာသာယာယာပဲအဆင်ကိုပြေနေတာပဲ

ကျွန်မကိုလည်းထားခဲ့တဲ့မိန်းမဆိုပြီးလုံးဝမဆက်သွယ်အချော့မပေးပဲပြစ်ထားတယ်

ကျွန်မကိုအသံလည်းမကြားချင်ဘူးစောက်စကားလည်းမပြောချင်ဘူးလို့လည်းပြောတယ်

သားနှစ်ယောက်ကိုတော့စကားပြောတယ် ကလေးစရိတ်ပို့တယ်

ကျွန်မဘာဆက်လုပ်ရမယ်မသိတော့ဘူး

ရင်ထဲးမှာတော့တအားနာနေရပြီ တနေ့တနေ့ပြန်ခေါ်မလားပြန်ချော့မလား

ပြန်ပြီပြေလည်အောင်ဘယ်လိုနေရမလည်းတွေးမိတယ်

ဒါပေမဲ့ဘာစကားမှပေါ်မလားဘူးကျွန်မကိုနောက်ဆုံးစာကားတခွန်းပြောလိုက်တာက

နင်လိုမိန်းမငါလုပ်နေတဲ့အလုပ်နေရာနဲ့မအပ်ဆက်ဘူး

ငါနဲ့ပြန်ပေါင်းနေလို့မရဘူးတဲ့ ငါကဘာဖြစ်နေလို့လည်းဆိုတော့ရန်ဖြစ်ရင်အာကျယ်လို့တဲ့

မိန်းမပါဆိုအာပဲရှိတာပဲ ဒါကိုအပြစ်တဲ့ထူးဆန်းတယ်

အဲ့ကထဲးကပြန်လည်းမလာပြန်လည်းမခေါ်စကားလည်းမပြောဖြစ်ကြတော့ဘူး

ဖုန်းလည်းကလေးတွေဆက်မှပြောတယ်

သူ့ဘက်ကစမခေါ်တော့ဘူးအခုချိန်ထိပဲ ဒီလောက်ထိနေနိုင်လိမ့်မယ်မထင်ထားမိဘူး

ဒီအသက်ရွယ်ရောက်မှငိုရလွန်းလို့ကိုယ့်ကိုကိုယ်ရှက်မိတယ်

ယောကျာ်းတယောက်စွန်ပြစ်တာခံရလို့လည်းရင်နာတယ်


























