ကျွန်မက နယ်ကပါ မောင်နှမသုံးယောက်ထဲမှာအကြီးဆုံး(၂၉နှစ်)
ကိုယ့်မိသားစုအကြောင်းကို ခုလိုပြောရတာ ရှက်တော့ရှက်မိပါတယ်
ဒါပေမယ့်လဲ ဘယ်လိုမှ နည်းလမ်းရှာမရလို့ အကြိမ်ကြိမ် စဥ်းစား ဆုံးဖြတ်ပြီးမှ ခုလို ရင်ဖွင့်ရတာပါရှင်
ရန်ကုန်မှာ အလုပ်လာလုပ်တာ ၁၀နှစ်ကျော်ပါပြီ
တစ်နှစ်ကိုတစ်ကြိမ် တစ် ခါတလေ၂နှစ်ကိုတစ်ကြိမ်လောက်တော့ အိမ်ပြန်ဖြစ်ပါတယ်
ပြဿနာက အဖေကအရက်သောက်တက်တယ်
အမေကလဲအဲ့ဒါကိုမကြိုက်ဘူး မကြိုက်ပေမယ့်လဲ အရှင်းမသောက်နဲ့လို့တော့မပြောပါဘူး
အလုပ်ပင်ပန်းလို့ သောက်ချင်ရင် ထမင်းစားကောင်းရုံဖြစ်ဖြစ်သောက်ဖို့ခွင့်ပြုထားပါတယ်
ဒါပေမယ့် အဖေက သောက်ပြီဆိုရင်ဘာမှမသိအောင်သောက်တယ်
ပြီးရင် ထမင်းပါလွတ်သွားရော အဲ့ကိစ္စနဲ့ ခဏခဏစကားများ ရန်ဖြစ်ကြတယ်
အရင်ကဆို ကိုယ့်စကားနားထောင်သေးတယ် တခုခုပြောလိုက်ရင် ဖေ့သမီးကြီး မကြိုက်ရင် အဖေမသောက်ပါဘူးတဲ့
ကြားထဲတစ်နှစ်လောက်တော့ အရက်ပျက်သွားတယ်
ဘုရားတရားလဲ ပိုလုပ်ဖြစ်တယ်ဆိုတာ သိရလို့ အရမ်းပျော်ခဲ့ရတယ်
အလုပ်တွေဘယ်လောက်ပဲ ပင်ပန်းနေပါစေ အဖေအမေနဲ့ဖုန်းပြောလိုက်ရလို့
မိသားစုတွေအဆင်ပြေနေတာသိရရင် ပင်ပန်းသမျှ အကုန်ပျောက်
ဒါပေမယ့် ခုရက်ပိုင်းပြန်သောက်နေတယ်ဆိုတာသိလိုက်ရတော့ လူကအရုပ်ကြိုးပျက်သလိုဖြစ်သွားရော
ဘာကြောင့်လဲဆိုတော့ aww ငါ့အဖေခုလိုအေးအေးချမ်းချမ်းလေးနေနေပြီဆိုတော့
မိဘအတွက် လိုအပ်တာတွေ လုပ်ချင်တာလေးတွေကို ပိုပြီး ဖြည့်ဆည်းနိုင်အောင်
အလုပ်တွေကိုအရင်ကထက်ပိုကြိုးစားမယ်ဆိုပြီး အားယူထားတာ
ခုတော့အရာအားလုံးက သဲထဲရေသွန်ဖြစ်သွားသလိုပဲ ဘာမှကိုလုပ်ချင်စိတ်မရှိတော့ဘူး
အမေကလဲ နှလုံးလေးဘက်နာ ရောဂါရှိတော့ စိတ်မဆင်းရဲစေချင်ဘူး
အမေ့ကိုစိတ်ညစ်စရာတွေမတွေးဖို့အမြဲပြောနေပေမယ့်လဲ ကိုယ်ကိုကိုယ်တိုင်ကတော့ အမြဲတွေးနေမိတယ်
အဖေကိုလဲ ဘယ်လိုမှ နားလည်အောင်ပြောပြလို့မရတော့ဘူး
သားသမီးတွေ အမှားလုပ်ရင် မိဘတွေက ပြောဆိုဆုံးမပိုင်ခွင့်ရှိပေမယ့်
မိဘတွေကိုတော့ သားသမီးတွေက ဘာမှပြန်ပြောလို့မရဘူး
ကိုယ်ပြောလိုက်ရင်လဲ ပိုက်ဆံလေးနည်းနည်းရှာနိငြ်တာနဲ့ မိဘကို ပြန်ပြောတယ်ဆိုပြီး စိတ်ညစ်သွားရင် ကိုယ်ပဲပိုခတ်တွေ့ရမယ်
အဲ့လိုအတွေးတွေကြောင့်နဲ့ ဘာမှမပြောဖြစ်တော့ဘူး အမေနဲ့ကတော့ မိန်းမသားချင်လဲ ဖြစ်တော့
ဘာဖြစ်ဖြစ်ပြောဖြစ်ပေမယ့် အဖေနဲ့ကတော့ တဖြည်းဖြည်းနဲ့ဝေးကွာလာသလိုခံစားရတယ်
တကယ်တော့ ကိုယ်က အဖေနဲ့အမေဆိုအဖေ့ကိုပိုချစ်တယ်ပြောရမယ်
ဖုန်းပြောတိုင်းအမြဲအဖေ့ကိုပဲအရင်မေးဖြစ်တယ်
ဒါပေမယ့်လဲ ဖုန်းပြောတိုင်း ၁၀ကြိမ်မှာ တစ်ကြိမ်လောက်ပဲ အဖေနဲ့ပြောခွင့်ကြုံတယ်
ဖုန်းခေါ်တဲ့အချိန်တိုင်း အိမ်မှာ အဖေမရှိတာနဲ့ ရှိရင်လဲ နင်တို့သားမိတွေပဲပြောကြဆိုတာနဲ့ မပြောဖြစ်တာကများတယ်
အဓိက ပြောချင်တဲ့အကြောင်းရင်ကတော့ အဖေ့ကိုအရင်လိုပြန်ပြီးအေးအေးချမ်းချမ်းနေစေချင်တာပါ
အဲ့ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်လိုမှ စဥ်းစားမရလို့ အကြံဉာဏ်လေးများပေးစေချင်ပါတယ်
တခါတလေလဲ ကိုယ်လွတ်ရုန်းပြီး ငါမရှိရင်အေးမှာပဲဆိုတဲ့စိတ်နဲ့ suicide လုပ်ချင်ပေမယ့်လဲ
နှလုံးရောဂါသည် အမေနဲ့ မောင်လေး ညီမလေးတို့ကိုပြေးမြင်မိတာနဲ့မလုပ်ဖြစ်ဘူး
တကယ်ပဲ ကိုယ်မရှိေတာ့ရင်ေရာ အဆင်ပြေနိုင်မလားဟင်
အရမ်းမွန်းကြပ်လွန်းလို့ပါ ခုဆိုအဖေနဲ့အမေ စကားများကြပြီး စကားမပြောကြတော့ဘူး
စာရှည်သွားလို့ စာဖတ်သူတွေကိုလဲ တောင်းပန်ပါတယ်နော်
ကြၽန္မက နယ္ကပါ ေမာင္ႏွမသုံးေယာက္ထဲမွာအႀကီးဆုံး(၂၉ႏွစ္)
ကိုယ့္မိသားစုအေၾကာင္းကို ခုလိုေျပာရတာ ရွက္ေတာ့ရွက္မိပါတယ္
ဒါေပမယ့္လဲ ဘယ္လိုမွ နည္းလမ္းရွာမရလို႔ အႀကိမ္ႀကိမ္ စဥ္းစား ဆုံးျဖတ္ၿပီးမွ ခုလို ရင္ဖြင့္ရတာပါရွင္
ရန္ကုန္မွာ အလုပ္လာလုပ္တာ ၁၀ႏွစ္ေက်ာ္ပါၿပီ
တစ္ႏွစ္ကိုတစ္ႀကိမ္ တစ္ ခါတေလ၂ႏွစ္ကိုတစ္ႀကိမ္ေလာက္ေတာ့ အိမ္ျပန္ျဖစ္ပါတယ္
ျပႆနာက အေဖကအရက္ေသာက္တက္တယ္
အေမကလဲအဲ့ဒါကိုမႀကိဳက္ဘူး မႀကိဳက္ေပမယ့္လဲ အရွင္းမေသာက္နဲ႔လို႔ေတာ့မေျပာပါဘူး
အလုပ္ပင္ပန္းလို႔ ေသာက္ခ်င္ရင္ ထမင္းစားေကာင္း႐ုံျဖစ္ျဖစ္ေသာက္ဖို႔ခြင့္ျပဳထားပါတယ္
ဒါေပမယ့္ အေဖက ေသာက္ၿပီဆိုရင္ဘာမွမသိေအာင္ေသာက္တယ္
ၿပီးရင္ ထမင္းပါလြတ္သြားေရာ အဲ့ကိစၥနဲ႔ ခဏခဏစကားမ်ား ရန္ျဖစ္ၾကတယ္
အရင္ကဆို ကိုယ့္စကားနားေထာင္ေသးတယ္ တခုခုေျပာလိုက္ရင္ ေဖ့သမီးႀကီး မႀကိဳက္ရင္ အေဖမေသာက္ပါဘူးတဲ့
ၾကားထဲတစ္ႏွစ္ေလာက္ေတာ့ အရက္ပ်က္သြားတယ္
ဘုရားတရားလဲ ပိုလုပ္ျဖစ္တယ္ဆိုတာ သိရလို႔ အရမ္းေပ်ာ္ခဲ့ရတယ္
အလုပ္ေတြဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ အေဖအေမနဲ႔ဖုန္းေျပာလိုက္ရလို႔
မိသားစုေတြအဆင္ေျပေနတာသိရရင္ ပင္ပန္းသမွ် အကုန္ေပ်ာက္
ဒါေပမယ့္ ခုရက္ပိုင္းျပန္ေသာက္ေနတယ္ဆိုတာသိလိုက္ရေတာ့ လူကအ႐ုပ္ႀကိဳးပ်က္သလိုျဖစ္သြားေရာ
ဘာေၾကာင့္လဲဆိုေတာ့ aww ငါ့အေဖခုလိုေအးေအးခ်မ္းခ်မ္းေလးေနေနၿပီဆိုေတာ့
မိဘအတြက္ လိုအပ္တာေတြ လုပ္ခ်င္တာေလးေတြကို ပိုၿပီး ျဖည့္ဆည္းႏိုင္ေအာင္
အလုပ္ေတြကိုအရင္ကထက္ပိုႀကိဳးစားမယ္ဆိုၿပီး အားယူထားတာ
ခုေတာ့အရာအားလုံးက သဲထဲေရသြန္ျဖစ္သြားသလိုပဲ ဘာမွကိုလုပ္ခ်င္စိတ္မရွိေတာ့ဘူး
အေမကလဲ ႏွလုံးေလးဘက္နာ ေရာဂါရွိေတာ့ စိတ္မဆင္းရဲေစခ်င္ဘူး
အေမ့ကိုစိတ္ညစ္စရာေတြမေတြးဖို႔အၿမဲေျပာေနေပမယ့္လဲ ကိုယ္ကိုကိုယ္တိုင္ကေတာ့ အၿမဲေတြးေနမိတယ္
အေဖကိုလဲ ဘယ္လိုမွ နားလည္ေအာင္ေျပာျပလို႔မရေတာ့ဘူး
သားသမီးေတြ အမွားလုပ္ရင္ မိဘေတြက ေျပာဆိုဆုံးမပိုင္ခြင့္ရွိေပမယ့္
မိဘေတြကိုေတာ့ သားသမီးေတြက ဘာမွျပန္ေျပာလို႔မရဘူး
ကိုယ္ေျပာလိုက္ရင္လဲ ပိုက္ဆံေလးနည္းနည္းရွာနိျင္တာနဲ႔ မိဘကို ျပန္ေျပာတယ္ဆိုၿပီး စိတ္ညစ္သြားရင္ ကိုယ္ပဲပိုခတ္ေတြ႕ရမယ္
အဲ့လိုအေတြးေတြေၾကာင့္နဲ႔ ဘာမွမေျပာျဖစ္ေတာ့ဘူး အေမနဲ႔ကေတာ့ မိန္းမသားခ်င္လဲ ျဖစ္ေတာ့
ဘာျဖစ္ျဖစ္ေျပာျဖစ္ေပမယ့္ အေဖနဲ႔ကေတာ့ တျဖည္းျဖည္းနဲ႔ေဝးကြာလာသလိုခံစားရတယ္
တကယ္ေတာ့ ကိုယ္က အေဖနဲ႔အေမဆိုအေဖ့ကိုပိုခ်စ္တယ္ေျပာရမယ္
ဖုန္းေျပာတိုင္းအၿမဲအေဖ့ကိုပဲအရင္ေမးျဖစ္တယ္
ဒါေပမယ့္လဲ ဖုန္းေျပာတိုင္း ၁၀ႀကိမ္မွာ တစ္ႀကိမ္ေလာက္ပဲ အေဖနဲ႔ေျပာခြင့္ႀကဳံတယ္
ဖုန္းေခၚတဲ့အခ်ိန္တိုင္း အိမ္မွာ အေဖမရွိတာနဲ႔ ရွိရင္လဲ နင္တို႔သားမိေတြပဲေျပာၾကဆိုတာနဲ႔ မေျပာျဖစ္တာကမ်ားတယ္
အဓိက ေျပာခ်င္တဲ့အေၾကာင္းရင္ကေတာ့ အေဖ့ကိုအရင္လိုျပန္ၿပီးေအးေအးခ်မ္းခ်မ္းေနေစခ်င္တာပါ
အဲ့ဒါကို ဘယ္လိုလုပ္ရမလဲဆိုတာ ဘယ္လိုမွ စဥ္းစားမရလို႔ အႀကံဉာဏ္ေလးမ်ားေပးေစခ်င္ပါတယ္
တခါတေလလဲ ကိုယ္လြတ္႐ုန္းၿပီး ငါမရွိရင္ေအးမွာပဲဆိုတဲ့စိတ္နဲ႔ suicide လုပ္ခ်င္ေပမယ့္လဲ
ႏွလုံးေရာဂါသည္ အေမနဲ႔ ေမာင္ေလး ညီမေလးတို႔ကိုေျပးျမင္မိတာနဲ႔မလုပ္ျဖစ္ဘူး
တကယ္ပဲ ကိုယ္မရွိေတာ့ရင္ေရာ အဆင္ေျပႏိုင္မလားဟင္
အရမ္းမြန္းၾကပ္လြန္းလို႔ပါ ခုဆိုအေဖနဲ႔အေမ စကားမ်ားၾကၿပီး စကားမေျပာၾကေတာ့ဘူး
စာရွည္သြားလို႔ စာဖတ္သူေတြကိုလဲ ေတာင္းပန္ပါတယ္ေနာ္