မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၁၄

တခါမှာခုလို့မရေးဖူးလို့အမှားပါရင် တောင်းပန်ပါတယ်ရှင့်

သူနဲ့ကျမ ချစ်သူဖြစ်တာ ၆နစ်ကျော်ပါပီ

ပြသနာက သူမှာအရင်အိမ်ထောင်ရှိဖူးပါတယ်

သားလေးတယောက်နဲ့ပါ ကျမတို့ချစ်သူဖြစ်ပီး လပိုင်းမှာသိခဲ့ရတယ်

ကျမလည်းလက်ခံပေးလို့မရလို့ ပြတ်မယ်ပြောတော့

သူကကျမနဲ့မတွေ့ခင်ကတည်းကကွဲသွားတာ ကျမနဲ့မဆိုင်ဘူးပြောပေမယ့်

ကျမလက်မခံခဲ့ဘူး သူလည်းဘယ်လို့ရှင်းပြရှင်းပြမရတော့ နိုင်ငံခြားကိုထွက်သွားခဲ့ပါတယ်

အဆက်သွယ်လည်းပြတ်သွားခဲ့တယ်

တယောက်နဲ့တယောက်လည်းမမေ့နိုင်ခဲ့ဘူး

နစ်တွေကြာတော့ အဆက်သွယ်တွေပြန်ရခဲ့တယ်

ကျမလည်းအရမ်းချစ်တော့ ကျမနဲ့မတွေ့ခင်ကတည်းက သူတို့ကွဲသွားတာပဲဆိုပီး ကျမနဲ့မဆိုင်ပါဘူးဆိုပီး ပြန်လက်ခံခဲ့တယ်

နောက်နစ်ယူဖို့စီစဉ်ခဲ့တယ် ဟိုဘက်ကဘယ်လို့သိသွားလည်းမသိဘူး

ယူရဲရင်ယူကြည့် တိုင်မယ်ဆိုပီးပြောလာပါတယ်

ညီမလည်းသေချာစုံစမ်းခဲ့ပါတယ် ကွဲတာသေချာပါတယ်

သူတို့ကွဲပီးတယောက်နဲ့တယောက် မတွေ့ရတော့ဘူး

တရားဝင်တော့လက်မှတ်မထိုးခဲ့ဘူး

အဲတာကျမဘယ်လို့လုပ်ရမလဲရှင့် အကြံပေးပါအုန်း
















