ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၁၃

ကျနော်က ယောက်ကျားလေးပါဗျ ရင်ဖွင့်စရာလူလဲမရှိလို့ပါ

စိတ်တွေအရမ်းမွန်းကြပ်ပြီး နေရခက်နေလို့ပါ

အဆင်ပြေရင် တင်ပေးပါနော်မင်မင် အဆင်မပြေလဲရပါတယ်ဗျ

ကျနော်နဲ့ ကျနော့်ကောင်မလေးက 3နှစ်ကျော်တွဲခဲ့ပါတယ်

လမ်းခွဲတာ ခုနှစ်ထဲ 2022 (7)လပိုင်းမှာပါ ကျနော်က မပြတ်နိုင်ပါဘူး သူက ကျနော့ကို ငြီးငွေ့သွားတယ်ထင်ပါတယ်

လမ်းခွဲမယ် သူငယ်ချင်းလိုပဲနေမယ်တဲ့ ကျတော်လက်မခံချင်ပေမဲ့ သူစိတ်ချမ်းသာအောင် လမ်းခွဲပေးခဲ့ပါတယ်

အရင်လိုဖုန်းပြောတာ စာပို့တာတွေဆက်တိုက်မလုပ်ဖြစ်ပေမဲ့ တစ်ပတ်မှာ (3)ရက်လောက်တော့ ဖုန်းပြောဖြစ်ပါတယ်

ကျနော်ဆက်ရင်သူကိုင်ပါတယ် စကားတွေဟိုပြောဒီပြောနဲ့ တစ်ခါတစ်လေ 1နာရီလောက်ကြာပါတယ်

messengerမှာ ကျနော်စာပို့ရင်တော့ သိပ်ပြန်မပြောပါဘူး

ကျနော်နေ့တိုင်း သူ Active nowနေရင် လုံးဝနေလို့ထိုင်လို့မရပါဘူး

စာတွေပို့ပါတယ် တော်တော်နဲ့လဲ မဖတ်ပါဘူး

တခြားသူတွေနဲ့များပြောနေမလား ဘယ်သူတွေနဲ့ဘာတွေပြောနေမလဲ ရင်တစ်ထိတ်ထိတ်နဲ့ပါ

ကျနော့်မှာ မပြတ်နိုင်လက်ရှိအခြေနေကို လက်မခံနိုင်ပဲ တစ်နေကုန်မှိုင်တိုင်တိုင်နဲ့ အလုပ်လဲကောင်းကောင်းမလုပ်နိုင်ပါဘူး

ဒီစိတ်နဲ့ပဲ ပြတ်ပြီးနောက်ပိုင်းအခုထိပါပဲ တစ်ခါတစ်လေ ဖုန်းပြောလို့

ကျနော်အရမ်းသိချင်လို့ တခြားကောင်လေးတွေနဲ့စကားပြောဖြစ်လားမေးကြည့်ရင်

သူ့ကိုတော်တော်များများ လာပြောကြတယ်လို့ ပြောပါတယ်

အဲ့ထဲမှာ သူ့ကိုရည်းစားစကားလာပြောတဲ့ အကိုတယောက်ကိုလဲ သူနဲနဲပြန်ပြီးသဘောကျတယ်လို့လဲပြောပါတယ်

ရည်းစားတော့မဖြစ်သေးပါဘူးတဲ့ ကျနော့်မှာ အဲ့လိုကြားရရင် တကယ်ကိုရူးမတတ်ပဲ နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်ပါပဲ

သူရည်းစားရသွားပြီဆိုတဲ့စကားကိုကြားရမှာကို တော်တော်လန့်နေတာပါ

ဖုန်းပြောနေရင်း သူအဲ့လိုပြောမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ပါ

ကျနော်ဘယ်သူ့ကိုမှလဲ ရင်ဖွင့်စရာလူမရှိလို့ပါ အကြံညဏ်လေးတွေလဲ တောင်းဆိုချင်လို့ပါ

အဆက်သွယ်ဖြတ်ပစ်ဖို့ကျတော့လဲ ငယ်ငယ်ထဲက သိတဲ့သူတွေမို့လို့ အဆင်မပြေလို့ပါ

ကျေးဇူးပြု၍ ကျနော်ဘာဆက်လုပ်သင့်လဲ အကြံဉာဏ်လေးတွေပေးပေးပါနော်

ကျနော်ဒီတိုင်းဆက်သွားလို့ အဆင်မပြေလို့ပါ

က်ေနာ္က ေယာက္က်ားေလးပါဗ် ရင္ဖြင့္စရာလူလဲမရွိလို႔ပါ

စိတ္ေတြအရမ္းမြန္းၾကပ္ၿပီး ေနရခက္ေနလို႔ပါ

အဆင္ေျပရင္ တင္ေပးပါေနာ္မင္မင္ အဆင္မေျပလဲရပါတယ္ဗ်

က်ေနာ္နဲ႔ က်ေနာ့္ေကာင္မေလးက 3ႏွစ္ေက်ာ္တြဲခဲ့ပါတယ္

လမ္းခြဲတာ ခုႏွစ္ထဲ 2022 (7)လပိုင္းမွာပါ က်ေနာ္က မျပတ္ႏိုင္ပါဘူး သူက က်ေနာ့ကို ၿငီးေငြ႕သြားတယ္ထင္ပါတယ္

လမ္းခြဲမယ္ သူငယ္ခ်င္းလိုပဲေနမယ္တဲ့ က်ေတာ္လက္မခံခ်င္ေပမဲ့ သူစိတ္ခ်မ္းသာေအာင္ လမ္းခြဲေပးခဲ့ပါတယ္

အရင္လိုဖုန္းေျပာတာ စာပို႔တာေတြဆက္တိုက္မလုပ္ျဖစ္ေပမဲ့ တစ္ပတ္မွာ (3)ရက္ေလာက္ေတာ့ ဖုန္းေျပာျဖစ္ပါတယ္

က်ေနာ္ဆက္ရင္သူကိုင္ပါတယ္ စကားေတြဟိုေျပာဒီေျပာနဲ႔ တစ္ခါတစ္ေလ 1နာရီေလာက္ၾကာပါတယ္

messengerမွာ က်ေနာ္စာပို႔ရင္ေတာ့ သိပ္ျပန္မေျပာပါဘူး

က်ေနာ္ေန႔တိုင္း သူ Active nowေနရင္ လုံးဝေနလို႔ထိုင္လို႔မရပါဘူး

စာေတြပို႔ပါတယ္ ေတာ္ေတာ္နဲ႔လဲ မဖတ္ပါဘူး

တျခားသူေတြနဲ႔မ်ားေျပာေနမလား ဘယ္သူေတြနဲ႔ဘာေတြေျပာေနမလဲ ရင္တစ္ထိတ္ထိတ္နဲ႔ပါ

က်ေနာ့္မွာ မျပတ္ႏိုင္လက္ရွိအေျခေနကို လက္မခံႏိုင္ပဲ တစ္ေနကုန္မႈိင္တိုင္တိုင္နဲ႔ အလုပ္လဲေကာင္းေကာင္းမလုပ္ႏိုင္ပါဘူး

ဒီစိတ္နဲ႔ပဲ ျပတ္ၿပီးေနာက္ပိုင္းအခုထိပါပဲ တစ္ခါတစ္ေလ ဖုန္းေျပာလို႔

က်ေနာ္အရမ္းသိခ်င္လို႔ တျခားေကာင္ေလးေတြနဲ႔စကားေျပာျဖစ္လားေမးၾကည့္ရင္

သူ႔ကိုေတာ္ေတာ္မ်ားမ်ား လာေျပာၾကတယ္လို႔ ေျပာပါတယ္

အဲ့ထဲမွာ သူ႔ကိုရည္းစားစကားလာေျပာတဲ့ အကိုတေယာက္ကိုလဲ သူနဲနဲျပန္ၿပီးသေဘာက်တယ္လို႔လဲေျပာပါတယ္

ရည္းစားေတာ့မျဖစ္ေသးပါဘူးတဲ့ က်ေနာ့္မွာ အဲ့လိုၾကားရရင္ တကယ္ကို႐ူးမတတ္ပဲ ေန႔တိုင္းမ်က္ရည္နဲ႔မ်က္ခြက္ပါပဲ

သူရည္းစားရသြားၿပီဆိုတဲ့စကားကိုၾကားရမွာကို ေတာ္ေတာ္လန္႔ေနတာပါ

ဖုန္းေျပာေနရင္း သူအဲ့လိုေျပာမလားဆိုၿပီး ရင္တထိတ္ထိတ္နဲ႔ပါ

က်ေနာ္ဘယ္သူ႔ကိုမွလဲ ရင္ဖြင့္စရာလူမရွိလို႔ပါ အႀကံညဏ္ေလးေတြလဲ ေတာင္းဆိုခ်င္လို႔ပါ

အဆက္သြယ္ျဖတ္ပစ္ဖို႔က်ေတာ့လဲ ငယ္ငယ္ထဲက သိတဲ့သူေတြမို႔လို႔ အဆင္မေျပလို႔ပါ

ေက်းဇူးျပဳ၍ က်ေနာ္ဘာဆက္လုပ္သင့္လဲ အႀကံဉာဏ္ေလးေတြေပးေပးပါေနာ္

က်ေနာ္ဒီတိုင္းဆက္သြားလို႔ အဆင္မေျပလို႔ပါ