ညီမ ကိုအကြံလေးပေးကြပါအုံးရှင့်
ညီမ မှာ၅နှစ်လောက်တွဲခဲ့တဲ့ကောင်လေးနဲ့ ပြတ်တာ ၁လလောက်ကြာတော့ညီမ နောက်တစ်ယောက်ရခဲ့ပါတယ်
သူကညီမကိုအရမ်းချစ်ပြီး အရမ်းအလိုလိုက်ပါတယ်
ညီမအရင်ကောင်လေးနဲ့က သူကညီမကိုသစ္စာဖောက်တာကြောင့်ဖြတ်လိုက်တာပါ
ခုတစ်ယောက်က ကလေးနှစ်ယောက်အဖေ သူ့မိန်းမကဆုံးတာ၂နှစ်လောက်ရှိပါပီ
သူနဲ့တွေ့ပီးနောက်အရင်တစ်ယောက်ကိုမေ့နိုင်သွားတာပါ
ဒါမဲ့ အရင်ကောင်လေးကခုညီမဆီပြန်လာဖို့ပြောနေတာ ညီမဘာလုပ်ရမလဲ မသိလို့ပါရှင့်
ခုတွဲနေတဲ့အကိုကြီး နဲ့ကလဲ အိမ်ကသဘောမတူမှာ ကြောက်ရ
ပတ်ဝန်းကျင်ကပြောမှာကြောက်ရနဲ့
ညီမဘာဆက်လုပ်သင့်လဲ ညီမက၂၂ ညီမကောင်လေးက၃၄ပါ