ရင်ဖွင့်ပြီး အကြံဉာဏ်တောင်းချင်လို့ပါရှင့်။ ကျွန်မသည် အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပါတယ်။
ဒီစာလေးကို ဖတ်ပြီးကြပြီး အပြုသဘောဆောင်တဲ့ အကြံဉာဏ်လေးတွေ ပေးဖို့ မေတ္တာ ရပ်ခံပါတယ်ရှင့် 🙏
ဘယ်က စရမလဲဆိုရင် ကျွန်မ ငယ်ဘဝနဲ့ အများကြီး သက်ဆိုင်မယ်ထင်ပါတယ်။
ကျွန်မငယ်ငယ်ကတည်းက အဖွား ၊ အဒေါ်တွေနဲ့ပဲ ကြီးလာရသူ ၊ ပြီးတော့ မိဘ အထူးသဖြင့် မိခင်ဆီက မေတ္တာ မရခဲ့သူပါ။
အဲဒါကြောင့် ကျွန်မ ဖခင်ကို အရမ်းခင်တွယ်ပါတယ်။ ဒါပေမယ့် ကျွန်မကျောင်းပြီးတဲ့နှစ်မှာပဲ အဖေက အသည်းအသန်ဖြစ်ပြီးဆုံးတယ် ။
အဲဒီမှာ ကျွန်မကို ငယ်ငယ်က ထိန်းကျောင်းပေးခဲ့တဲ့ အဒေါ်တွေကပဲ ကျွန်မတို့ မိသားစုရဲ့ ပိုင်ဆိုင်မှုတော်တော်များများကို သိမ်းယူသွားခဲ့တယ်။
ကျွန်မအမေကလည်း စီးပွားရေး မလုပ်တတ်တဲ့ဝန်ထမ်း၊ မောင်လေးတွေကလည်း ကျောင်းမပြီးသေးတော့ ကျွန်မတို့ သားအမိတွေ တော်တော်ဒုက္ခရောက်ခဲ့ရပါတယ်။
အဲဒီကနေ ကျွန်မလည်း တော်တော် စိတ်တွေလေပြီး ရည်းစားထားမိခဲ့ပါတယ်။ အဲဒီထားတဲ့ ရည်းစားက ကျွန်မကို အတူနေဖို့ပြောခဲ့ပါတယ်။
အဲဒီတုန်းက ကျွန်မ စိတ်အလိုလိုက်ခဲ့မိပါတယ်။ အဲဒီကနေ သူက video ရိုက်ထားခဲ့တယ်။
နောက်ပိုင်းတွေကျတော့ သူနဲ့ဖျက်မရတော့ပါဘူး။ ကျွန်မလည်း သူနဲ့ အဆက်အသွယ်ဖြတ်ရင် အရှက်ကွဲမှာ စိုးတဲ့စိတ်နဲ့ နောက်ပိုင်းတော့ လက်ထပ်ခဲ့ပါတယ်။
သူနဲ့ကျွန်မက စရိုက် ၊ ဝါသနာတွေ မတူကြပါဘူး။ ယူခဲ့တဲ့ ကာလ အတွင်းလည်း စိတ်မချမ်းသာခဲ့ရပါဘူး။
သူက ပိုက်ဆံ အတော်အတန်ရှိတဲ့ အသိုင်းအဝိုင်းကဆိုတော့ နောက်ပိုင်း ဆေးတွေ သုံးတဲ့ အထိပါလုပ်ပြီး ကျွန်မ အသက် အန္တရာယ်ကို ၃ ကြိမ်တိတိ chain ခြောက်ခဲ့ဖူးပါတယ်။
ဒီကြားထဲ စိတ်ရော ကိုယ်ရော ညှင်းပန်းခံခဲ့ရတာ အများကြီးပါပဲ။
ကျွန်မ ဘယ်လောက်အထိလည်းဆို ညနေ သူအလုပ်ပြန်လာမှာ၊ ညနေမိုးချုပ်သွားမှာ ကြောက်တဲ့ အထိပါပဲ။
ဒါပေမယ့် ကိုယ်ရွေးခဲ့မိတဲ့ လမ်းမိုလို့ ကျိတ်မှိတ်ခံခဲ့ပါတယ်။
နောက်ဆုံး တခေါက်တော့ သူ ဆေးကြောင်ပြီးကျွန်မကို ဝါယာကြိုးနဲ့ လျှပ်စစ် လျှော့တိုက်ပါတယ်။
အဲဒီကနေ ကျွန်မ အသက်အန္တရာယ် အတွက်ရော၊ စိတ်မလုံခြုံမှုတွေကြောင့်ရော ကြာလာရင် ကျွန်မ ရူးရင်ရူး ၊ မရူးရင် သေမယ် အဆင့်ထိရောက်လာတော့ သူနဲ့ကွာရှင်းခဲ့ပါတယ်။
လောကဓံတရားက မပြီးသေးပါဘူး။ အခြေအနေတစ်ခုကြောင့် ကျွန်မလည်း အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။
အဲ့လိုနဲ့ ကျွန်မ ပြည်ပရောက်လာခဲ့ပါတယ်။ ပြည်ပမှာလည်း ရောက်ခါစမို့ အခက်အခဲတွေ အများကြီးကြံုတွေ့ရလို့ စိတ်ဓါတ်တွေက ကျပြီးရင်းကျခဲ့ရပါတယ်။
အဲဒီမှာပဲ ကျွန်မအပေါ်ကောင်းပြီး ဆုံးမပေး ၊ နားလည်ပေးတဲ့ သူတစ်ယောက်ကို ကျွန်မတော်တော်အားကိုးပြီး တွယ်တာမိသွားပါတယ်။
ဘယ်လောက်အထိလဲဆို ဪ.. ငါ့ဘဝမှာ ကောင်းတဲ့သူတွေနဲ့ တွေ့ဖို့ ကုသိုလ်ကံပါလာသေးတယ်ဆိုပြီး ညည ဘုရားရှိခိုင်း သူ့ကိုပါကန်တော့အိပ်တဲ့အထိပါပဲ။
ကျွန်မ ဘာပဲလုပ်လုပ် သူ့ကိုပဲ အရင်ဆုံး သွားပြောတိုင်ပင်မိပါတယ်။ နောက်ပိုင်း ကျွန်မ သူ့အလုပ်တွေ အထိပါ နှောက်ယှက်မိသလို ဖြစ်သွားပါတယ်။
နောက်ကျတော့ သူ့မှာ ကောင်မလေးရှိမှန်း ကျွန်မသိခဲ့ရပါတယ်။
သူကျွန်မကို အဆက်အသွယ်ပါ ဖြတ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ကျွန်မ တော်တော်ပြိုလဲခဲ့ရပါတယ်။
ကျွန်မ အဲဒီဒဏ်တွေ မခံနိုင်တော့ သူကျွန်မကို လက်ခံစကားပြောတာလေးလောက်နဲ့တင် ကျေနပ်ပြီဆိုပြီး ကျွန်မ ထပ်ပြီးဆက်သွယ်ခဲ့ပါတယ်။
သူကလည်း ကျွန်မကို ပြန်တောင်းပန်ခဲ့ပါတယ်။ အဲလိုနဲ့ ကျွန်မတို့ ပြန်အဆင်ပြေသွားကြပါတယ်။
ပြေလည်နေရင်းကနေနောက်တခါ မထင်မှတ်ပဲ ပြဿနာထပ်ဖြစ်သွားပါတယ်။
ဒီတခါတော့ ကျွန်မ သူ့ဆီက အပြီးထွက်သွားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆို ကျွန်မဘက်မှာလည်း အရမ်းပြိုလဲနေပြီမလို့ပါပဲ။
အဲဒီနောက်ကျွန်မကိုယ်ကျွန်မ ဒဏ်ရာတွေကို ကုစားနိုင်ဖို့ အမျိုးမျိုးလုပ်ခဲ့ရပါတယ်။
သူများကို မထိခိုက်စေဘူးလို့ထင်ရတဲ့ နည်းလမ်းတွေနဲ့ပေါ့နော်။
သူနဲ့ကျွန်မ အဆက်အသွယ်ပြတ်သွားတာ ၆ လလောက်အထိပေါ့နော်။ နောက်တော့ သူကျွန်မဆီကို ပြန်ဆက်သွယ်လာခဲ့ပါတယ်။
တကယ်တော့ သူက အစကတည်းက စိတ်ထားကောင်းတဲ့သူမျိုးပါ။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ သိကျွမ်းခဲ့တဲ့ကာလ အတွင်းတခါမှ ကျွန်မတို့နှစ်ေယာက်စလုံး မရိုးသားတဲ့ အပြုအမူ အပြောအဆိုတွေ မရှိခဲ့ပါဘူး။
ကျွန်မတို့က အပြင်မှာ တစ်ခါပဲ တွေ့ပြီး စာနဲ့ပဲ ဆက်သွယ်ကြတဲ့သူတွေပါ။
ဒီနောက်ပိုင်းမှာ ကျွန်မ အရမ်းပြိုလဲနေတာကို သူလည်း သိသွားခဲ့တယ်ထင်ပါတယ်။
သူကျွန်မကို ပြန်ဂရုစိုက်ပေးခဲ့ပါတယ်။ ကျွန်မလည်း သူနဲ့သာ အဆက်အသွယ် မလုပ်ဖြစ်ရင်တောင်မှ ကျွန်မ ဘာလုပ်လုပ်အခုထိ သူ့ကိုအရင် အမြဲထည့်စဉ်းစားပြီး လုပ်နေမိတုန်းပါပဲ။
နောက်တော့ မထင်မှတ်ပဲနဲ့ ကျွန်မ သူ့မိသားစု ပုံကို တွေ့သွားမိပါတယ်။
အထူးသဖြင့် သူ့အမေပေါ့နော်။ အဲဒီမှာပဲ ကျွန်မ တော်တော်အားငယ်သွားခဲ့ပါတယ်။
ကျွန်မ ကိုယ့်ဘဝကိုယ် ပြန်မြင်မိပါတယ်။ သူ့မိဘ အသိုင်းအဝိုင်းက လူတွေက ကျွန်မလို နာကျင်မှုတွေများနေတဲ့ အိမ်ထောင်ကွဲတစ်ယောက်နဲ့ ပတ်သက်နေတာသိရင် စိတ်ဆင်းရဲရလိမ့်မယ်။
ကျွန်မကလေ ကျွန်မ ဘာဖြစ်ဖြစ် သူ့ကိုတော့ ဘယ်နည်းနဲ့မှ အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ အမြဲတမ်း ခံယူထားတဲ့သူမျိုးပါ။
ဒီနောက်ပိုင်း အမှန်ဆိုရင် ကျွန်မ ရှင်သန်ချင်စိတ်တွေ ပျောက်ဆုံးနေခဲ့ပါပြီ။
ကျွန်မက အမှန်အတိုင်းပြောပြရင် သူ့မေတ္တာကို လိုအပ်နေတဲ့သူမျိုးပါ။
ဒါပေမယ့် ကျွန်မကြောင့် သူထိခိုက်မှာကိုလည်း ကြောက်နေခဲ့တာပါ။
သူ မထင်မှတ်ပဲ ကျွန်မနဲ့ တွေ့ချင်တယ်ပြောပါတယ်။
အမှတ်တမဲ့ မဟုတ်ဘဲ အကြောင်းတစ်ခုကြောင့် အခုထိအဆက်အသွယ်ရှိတာ၊
ပြီးတော့ လူသာ မတွေ့ရတာ ကျွန်မဆီမှာ သူနဲ့ပတ်သက်ပြီးတော်တော်များများ ဖြစ်ပျက်သွားခဲ့တာတွေကို သူသိခဲ့တယ်ထင်ပါတယ်။
အဲဒါမို့ သူ့ကြောင့် ကျွန်မစိတ်အနှောက်အယှက်တွေ ဖြစ်မှာမလိုလားဘူးပြောတယ်။
ကျွန်မကရော ဘာလုပ်သင့်လဲဟင်။
အဓိက က ကျွန်မရဲ့ အတိတ်ဆိုးတွေကြောင့် သူ့ကိုထိခိုက်မှာ မလိုလားဘူး။ ကျွန်မ ဘာလုပ်သင့်လဲဟင်။
တကယ်ကို ရှင်သန်ချင်စိတ်တွေ ပျောက်ဆုံးပြီး လမ်းပျောက်နေလို့ အပြုသဘောဆောင်တဲ့ အကြံဉာဏ်လေးတွေ ပေးကြပါနော်။
ကျေးဇူးမမေ့ပါဘူးရှင် 🙏။
ရင္ဖြင့္ၿပီး အႀကံဉာဏ္ေတာင္းခ်င္လို႔ပါရွင့္။ ကြၽန္မသည္ အိမ္ေထာင္ကြဲတစ္ေယာက္ျဖစ္ပါတယ္။
ဒီစာေလးကို ဖတ္ၿပီးၾကၿပီး အျပဳသေဘာေဆာင္တဲ့ အႀကံဉာဏ္ေလးေတြ ေပးဖို႔ ေမတၱာ ရပ္ခံပါတယ္ရွင့္ 🙏
ဘယ္က စရမလဲဆိုရင္ ကြၽန္မ ငယ္ဘဝနဲ႔ အမ်ားႀကီး သက္ဆိုင္မယ္ထင္ပါတယ္။
ကြၽန္မငယ္ငယ္ကတည္းက အဖြား ၊ အေဒၚေတြနဲ႔ပဲ ႀကီးလာရသူ ၊ ၿပီးေတာ့ မိဘ အထူးသျဖင့္ မိခင္ဆီက ေမတၱာ မရခဲ့သူပါ။
အဲဒါေၾကာင့္ ကြၽန္မ ဖခင္ကို အရမ္းခင္တြယ္ပါတယ္။ ဒါေပမယ့္ ကြၽန္မေက်ာင္းၿပီးတဲ့ႏွစ္မွာပဲ အေဖက အသည္းအသန္ျဖစ္ၿပီးဆုံးတယ္ ။
အဲဒီမွာ ကြၽန္မကို ငယ္ငယ္က ထိန္းေက်ာင္းေပးခဲ့တဲ့ အေဒၚေတြကပဲ ကြၽန္မတို႔ မိသားစုရဲ႕ ပိုင္ဆိုင္မႈေတာ္ေတာ္မ်ားမ်ားကို သိမ္းယူသြားခဲ့တယ္။
ကြၽန္မအေမကလည္း စီးပြားေရး မလုပ္တတ္တဲ့ဝန္ထမ္း၊ ေမာင္ေလးေတြကလည္း ေက်ာင္းမၿပီးေသးေတာ့ ကြၽန္မတို႔ သားအမိေတြ ေတာ္ေတာ္ဒုကၡေရာက္ခဲ့ရပါတယ္။
အဲဒီကေန ကြၽန္မလည္း ေတာ္ေတာ္ စိတ္ေတြေလၿပီး ရည္းစားထားမိခဲ့ပါတယ္။ အဲဒီထားတဲ့ ရည္းစားက ကြၽန္မကို အတူေနဖို႔ေျပာခဲ့ပါတယ္။
အဲဒီတုန္းက ကြၽန္မ စိတ္အလိုလိုက္ခဲ့မိပါတယ္။ အဲဒီကေန သူက video ႐ိုက္ထားခဲ့တယ္။
ေနာက္ပိုင္းေတြက်ေတာ့ သူနဲ႔ဖ်က္မရေတာ့ပါဘူး။ ကြၽန္မလည္း သူနဲ႔ အဆက္အသြယ္ျဖတ္ရင္ အရွက္ကြဲမွာ စိုးတဲ့စိတ္နဲ႔ ေနာက္ပိုင္းေတာ့ လက္ထပ္ခဲ့ပါတယ္။
သူနဲ႔ကြၽန္မက စ႐ိုက္ ၊ ဝါသနာေတြ မတူၾကပါဘူး။ ယူခဲ့တဲ့ ကာလ အတြင္းလည္း စိတ္မခ်မ္းသာခဲ့ရပါဘူး။
သူက ပိုက္ဆံ အေတာ္အတန္ရွိတဲ့ အသိုင္းအဝိုင္းကဆိုေတာ့ ေနာက္ပိုင္း ေဆးေတြ သုံးတဲ့ အထိပါလုပ္ၿပီး ကြၽန္မ အသက္ အႏၲရာယ္ကို ၃ ႀကိမ္တိတိ chain ေျခာက္ခဲ့ဖူးပါတယ္။
ဒီၾကားထဲ စိတ္ေရာ ကိုယ္ေရာ ညႇင္းပန္းခံခဲ့ရတာ အမ်ားႀကီးပါပဲ။
ကြၽန္မ ဘယ္ေလာက္အထိလည္းဆို ညေန သူအလုပ္ျပန္လာမွာ၊ ညေနမိုးခ်ဳပ္သြားမွာ ေၾကာက္တဲ့ အထိပါပဲ။
ဒါေပမယ့္ ကိုယ္ေ႐ြးခဲ့မိတဲ့ လမ္းမိုလို႔ က်ိတ္မွိတ္ခံခဲ့ပါတယ္။
ေနာက္ဆုံး တေခါက္ေတာ့ သူ ေဆးေၾကာင္ၿပီးကြၽန္မကို ဝါယာႀကိဳးနဲ႔ လွ်ပ္စစ္ ေလွ်ာ့တိုက္ပါတယ္။
အဲဒီကေန ကြၽန္မ အသက္အႏၲရာယ္ အတြက္ေရာ၊ စိတ္မလုံၿခဳံမႈေတြေၾကာင့္ေရာ ၾကာလာရင္ ကြၽန္မ ႐ူးရင္႐ူး ၊ မ႐ူးရင္ ေသမယ္ အဆင့္ထိေရာက္လာေတာ့ သူနဲ႔ကြာရွင္းခဲ့ပါတယ္။
ေလာကဓံတရားက မၿပီးေသးပါဘူး။ အေျခအေနတစ္ခုေၾကာင့္ ကြၽန္မလည္း အလုပ္လက္မဲ့ျဖစ္သြားခဲ့ပါတယ္။
အဲ့လိုနဲ႔ ကြၽန္မ ျပည္ပေရာက္လာခဲ့ပါတယ္။ ျပည္ပမွာလည္း ေရာက္ခါစမို႔ အခက္အခဲေတြ အမ်ားႀကီးႀကံဳေတြ႕ရလို႔ စိတ္ဓါတ္ေတြက က်ၿပီးရင္းက်ခဲ့ရပါတယ္။
အဲဒီမွာပဲ ကြၽန္မအေပၚေကာင္းၿပီး ဆုံးမေပး ၊ နားလည္ေပးတဲ့ သူတစ္ေယာက္ကို ကြၽန္မေတာ္ေတာ္အားကိုးၿပီး တြယ္တာမိသြားပါတယ္။
ဘယ္ေလာက္အထိလဲဆို ဪ.. ငါ့ဘဝမွာ ေကာင္းတဲ့သူေတြနဲ႔ ေတြ႕ဖို႔ ကုသိုလ္ကံပါလာေသးတယ္ဆိုၿပီး ညည ဘုရားရွိခိုင္း သူ႔ကိုပါကန္ေတာ့အိပ္တဲ့အထိပါပဲ။
ကြၽန္မ ဘာပဲလုပ္လုပ္ သူ႔ကိုပဲ အရင္ဆုံး သြားေျပာတိုင္ပင္မိပါတယ္။ ေနာက္ပိုင္း ကြၽန္မ သူ႔အလုပ္ေတြ အထိပါ ေႏွာက္ယွက္မိသလို ျဖစ္သြားပါတယ္။
ေနာက္က်ေတာ့ သူ႔မွာ ေကာင္မေလးရွိမွန္း ကြၽန္မသိခဲ့ရပါတယ္။
သူကြၽန္မကို အဆက္အသြယ္ပါ ျဖတ္သြားခဲ့ပါတယ္။ အဲဒီမွာပဲ ကြၽန္မ ေတာ္ေတာ္ၿပိဳလဲခဲ့ရပါတယ္။
ကြၽန္မ အဲဒီဒဏ္ေတြ မခံႏိုင္ေတာ့ သူကြၽန္မကို လက္ခံစကားေျပာတာေလးေလာက္နဲ႔တင္ ေက်နပ္ၿပီဆိုၿပီး ကြၽန္မ ထပ္ၿပီးဆက္သြယ္ခဲ့ပါတယ္။
သူကလည္း ကြၽန္မကို ျပန္ေတာင္းပန္ခဲ့ပါတယ္။ အဲလိုနဲ႔ ကြၽန္မတို႔ ျပန္အဆင္ေျပသြားၾကပါတယ္။
ေျပလည္ေနရင္းကေနေနာက္တခါ မထင္မွတ္ပဲ ျပႆနာထပ္ျဖစ္သြားပါတယ္။
ဒီတခါေတာ့ ကြၽန္မ သူ႔ဆီက အၿပီးထြက္သြားေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဘာျဖစ္လို႔လည္းဆို ကြၽန္မဘက္မွာလည္း အရမ္းၿပိဳလဲေနၿပီမလို႔ပါပဲ။
အဲဒီေနာက္ကြၽန္မကိုယ္ကြၽန္မ ဒဏ္ရာေတြကို ကုစားႏိုင္ဖို႔ အမ်ိဳးမ်ိဳးလုပ္ခဲ့ရပါတယ္။
သူမ်ားကို မထိခိုက္ေစဘူးလို႔ထင္ရတဲ့ နည္းလမ္းေတြနဲ႔ေပါ့ေနာ္။
သူနဲ႔ကြၽန္မ အဆက္အသြယ္ျပတ္သြားတာ ၆ လေလာက္အထိေပါ့ေနာ္။ ေနာက္ေတာ့ သူကြၽန္မဆီကို ျပန္ဆက္သြယ္လာခဲ့ပါတယ္။
တကယ္ေတာ့ သူက အစကတည္းက စိတ္ထားေကာင္းတဲ့သူမ်ိဳးပါ။
ဘာျဖစ္လို႔လည္းဆိုေတာ့ ကြၽန္မတို႔ သိကြၽမ္းခဲ့တဲ့ကာလ အတြင္းတခါမွ ကြၽန္မတို႔ႏွစ္ေယာက္စလုံး မ႐ိုးသားတဲ့ အျပဳအမူ အေျပာအဆိုေတြ မရွိခဲ့ပါဘူး။
ကြၽန္မတို႔က အျပင္မွာ တစ္ခါပဲ ေတြ႕ၿပီး စာနဲ႔ပဲ ဆက္သြယ္ၾကတဲ့သူေတြပါ။
ဒီေနာက္ပိုင္းမွာ ကြၽန္မ အရမ္းၿပိဳလဲေနတာကို သူလည္း သိသြားခဲ့တယ္ထင္ပါတယ္။
သူကြၽန္မကို ျပန္ဂ႐ုစိုက္ေပးခဲ့ပါတယ္။ ကြၽန္မလည္း သူနဲ႔သာ အဆက္အသြယ္ မလုပ္ျဖစ္ရင္ေတာင္မွ ကြၽန္မ ဘာလုပ္လုပ္အခုထိ သူ႔ကိုအရင္ အၿမဲထည့္စဥ္းစားၿပီး လုပ္ေနမိတုန္းပါပဲ။
ေနာက္ေတာ့ မထင္မွတ္ပဲနဲ႔ ကြၽန္မ သူ႔မိသားစု ပုံကို ေတြ႕သြားမိပါတယ္။
အထူးသျဖင့္ သူ႔အေမေပါ့ေနာ္။ အဲဒီမွာပဲ ကြၽန္မ ေတာ္ေတာ္အားငယ္သြားခဲ့ပါတယ္။
ကြၽန္မ ကိုယ့္ဘဝကိုယ္ ျပန္ျမင္မိပါတယ္။ သူ႔မိဘ အသိုင္းအဝိုင္းက လူေတြက ကြၽန္မလို နာက်င္မႈေတြမ်ားေနတဲ့ အိမ္ေထာင္ကြဲတစ္ေယာက္နဲ႔ ပတ္သက္ေနတာသိရင္ စိတ္ဆင္းရဲရလိမ့္မယ္။
ကြၽန္မကေလ ကြၽန္မ ဘာျဖစ္ျဖစ္ သူ႔ကိုေတာ့ ဘယ္နည္းနဲ႔မွ အထိခိုက္ခံမွာ မဟုတ္ဘူးဆိုတဲ့ စိတ္နဲ႔ပဲ အၿမဲတမ္း ခံယူထားတဲ့သူမ်ိဳးပါ။
ဒီေနာက္ပိုင္း အမွန္ဆိုရင္ ကြၽန္မ ရွင္သန္ခ်င္စိတ္ေတြ ေပ်ာက္ဆုံးေနခဲ့ပါၿပီ။
ကြၽန္မက အမွန္အတိုင္းေျပာျပရင္ သူ႔ေမတၱာကို လိုအပ္ေနတဲ့သူမ်ိဳးပါ။
ဒါေပမယ့္ ကြၽန္မေၾကာင့္ သူထိခိုက္မွာကိုလည္း ေၾကာက္ေနခဲ့တာပါ။
သူ မထင္မွတ္ပဲ ကြၽန္မနဲ႔ ေတြ႕ခ်င္တယ္ေျပာပါတယ္။
အမွတ္တမဲ့ မဟုတ္ဘဲ အေၾကာင္းတစ္ခုေၾကာင့္ အခုထိအဆက္အသြယ္ရွိတာ၊
ၿပီးေတာ့ လူသာ မေတြ႕ရတာ ကြၽန္မဆီမွာ သူနဲ႔ပတ္သက္ၿပီးေတာ္ေတာ္မ်ားမ်ား ျဖစ္ပ်က္သြားခဲ့တာေတြကို သူသိခဲ့တယ္ထင္ပါတယ္။
အဲဒါမို႔ သူ႔ေၾကာင့္ ကြၽန္မစိတ္အေႏွာက္အယွက္ေတြ ျဖစ္မွာမလိုလားဘူးေျပာတယ္။
ကြၽန္မကေရာ ဘာလုပ္သင့္လဲဟင္။
အဓိက က ကြၽန္မရဲ႕ အတိတ္ဆိုးေတြေၾကာင့္ သူ႔ကိုထိခိုက္မွာ မလိုလားဘူး။ ကြၽန္မ ဘာလုပ္သင့္လဲဟင္။
တကယ္ကို ရွင္သန္ခ်င္စိတ္ေတြ ေပ်ာက္ဆုံးၿပီး လမ္းေပ်ာက္ေနလို႔ အျပဳသေဘာေဆာင္တဲ့ အႀကံဉာဏ္ေလးေတြ ေပးၾကပါေနာ္။
ေက်းဇူးမေမ့ပါဘူးရွင္ 🙏။