အရမ်းပဲစိတ်တွေမွန်းကျပ်ပီး ဘဝကိုဘယ်လိုရှေ့ဆက်ရမှန်းတောင်မသိတော့ပါဘူး
ကျွန်မနဲ့ကျွန်မယောက်ျားက လေးနှစ်ကြိုက်ပီးယူကြတာ
ခုဆို အိမ်ထောင်သက် သုံးနှစ်ရှိပီ သားလေးကတစ်နှစ်ကျော်ပီ
ကျွန်မယောက်ျား မိန်းခလေးတစ်ယောက်နဲ့ဖောက်ပြန်နေတယ်
ကျွန်မသိတော့ သူတို့ကြိုက်တာ ရက်နှစ်ဆယ်ကျော်လောက်ပဲရှိသေးတယ်
လွန်ပီးကြပီသူတို့ကကောင်မလေးက အပျို ကျွန်မနှစ်ယောက်လုံးကိုရှေ့မဆက်ကြဖို့တားတယ်
တောင်းပန်တယ် သူတို့နှစ်ယောက်လုံးကတိပေးတယ်
နောက်ပီးအဆက်အသွယ်မဖျက်ဘူး
ကောင်မလေးကဖုန်းတွေဆက်လို့ ကျွန်မ ပြောတော့ ကောင်မလေးကမပျက်တာတဲ့ သူကပျက်တယ်တဲ့
အဲ့တာနဲ့ ကျွန်မလဲအဲ့ကောင်မလေးကိုပြောဆိုလုပ်လိုက်တယ်
အစကကျွန်မယောက်ျားကျွန်မဘတ်ရှိသေးတယ်
နောက်ပိုင်းတစ်ဖြေးဖြေးအဲ့ကောင်မလေးဘတ်ပါသွားတယ်
အခုဆို ဟိုကောင်မလေးကိုပဲသူချစ်တယ် ကျွန်မကိုလုံးဝမချစ်နိုင်တော့ဘူး အထိပြောပြီးကွာခိုင်းနေတယ်
ကျွန်မကတော့ကွာမပေးနိုင်ဘူးပြောထားတယ် သူတို့ကတော့မိသားစုအသစ်နဲ့ပျော်နေပီး
ကျွန်မသားလေးကတော့ တစ်သက်လုံးဖအေမရှိပဲနေသွားရမှာမလိုလားဘူး
ကျွန်မကလေးနို့တိုက်နေရင်းနဲ့ အလုပ်လဲမလုပ်နိုင်သေးသလိုစိတ်လဲ မချမ်းသာတဲ့အတွက် လူလဲတော်တော်ပိန်နေတယ်
ကျွန်မယောက်ခမကတော့ကျွန်မဘတ်ရှိတယ်
ကျွန်မယောက်ျားက ဒီအိမ်မှာကျွန်ရှိလို့မနေဘူးဆိုတော့ မနေလဲသွားပစေတဲ့ ကျွန်မကိုဒီမှာပဲ ကလေးနဲ့နေတဲ့ ကျွန်မမိသားစုကလဲ မပြည်စုံတော့အိမ်ပြန် ဒုက္ခမပေးချင်ဘူး
ကျွန်မကောင်မလေးရဲ့အကိုကိုလှမ်းတိုင်လိုက်တယ်
သူညီမချစ်သူက ကျွန်မယောက်ျားဆိုတဲ့အကြောင်း ကျွန်မယောက်ျားတော်တော်ဒေါသဖြစ်နေတယ်
ဟိုမိသားစုကသိသွားလို့ ကျွန်မရှေ့ကိုဘယ်လိုဆက်သင့်လဲ
သူ့အလုပ်ကတစ်နေကုန်ဆိုင်ကယ်နဲ့လျှောက်သွားနေရတဲ့အလုပ်ပါ
ကျွန်မနဲ့ကျွန်မသားအတွက်ရှေ့ကိုဘယ်လိုဆက်သင့်လဲ သူ့ကိုလဲ ဘယ်လိုမှ မေ့လို့မရဘူးဖြစ်နေတယ်
ဒီမိသားစုလေးစုံစုံလင်လင်ပဲ အရင်လိုပြန်နေချင်တယ်
တစ်ခုလပ်လဲ မဖြစ်ချင်ဘူး နောက်ယောက်ျားလဲမလိုချင်ဘူး
သူကအရင်ကကျွန်မနဲ့သားလေးကိုအရမ်းချစ်တာ
အဲ့လိုပြန်ဖြစ်အောင် ကျွန်မကဘယ်လိုနေသင့်လဲ အကောင်းဆုံးအကြံလေးပေးကြပါနော်