ရင်ဖွင့်စာ

မိန်းမသားတို့ရင်ဖွင့်ရာ ရင်ဖွင့်စာ ၃၂၄

ညီမကိုအကြံလေးပေးကြပါအုံးရှင်ဘာဆက်လုပ်ရမလဲမသိတော့လို့ပါ

ညီမနဲ့ညီမချစ်သူကစကားများရန်ဖြစ်ရာကနေသူကညီမကိုလမ်းခွဲစကားအရင်ပြောပါတယ်

ပြသနာကဒီလိုပါ

သူပိတ်ရက်အပြင်ထွက်တယ် ညီမကပိတ်ရက်မဟုတ်လို့မထွက်ရပါဘူး

သူထွက်တာသူ့သူငယ်ချင်းတွေနဲ့တွေ့တယ်ပြောပါတယ် ညီမစာပို့ထားတာကိုတနေ့လုံးမကြည့်ဘူး

Activenow ပြတယ်ဖုန်းဆက်လည်းမကိုင်ဘူးစာလည်းလုံးဝမကြည့်တာ

မကြည့်ရကောင်းလားဆိုပြီးညီမဖုန်းတွေဆက်ခေါ်နေခဲ့တယ် သူမကိုင်ခဲ့ဘူးညဘက်ပြန်ခါနီးမှညီမစာကိုကြည့်ပါတယ်

ညီမလည်းစိတ်ဒေါသထွက်လို့ သူ့ကိုစိတ်မချတာတွေကြောင့် ပြောဆိုမိတယ် ရိုင်းမိပါတယ်

သူ့ဘက်ကဘာအကြောင်းပြချက်မှမပြောပါဘူး

“သူ့ဘက်ကဘာလုပ်နေလို့မအားလို့စာမကြည့်အားတာပါတာပါ”

ညီမကိုအဲ့လိုလည်းမပြောဘူးအဲ့လိုပြောပြရင်ညီမက နားလည်ပေးမာမို့

အာ့လောက်ဒေါသထွက်မိမာမဟုတ်ဘူး သူ့ဘက်ကဘားမှမပြောလေးစားမှုမရှိနဲ့

ညီမဒေါသတွေထွက်ပီးပြောမိတာကလည်းဆဲတာတခုမပါခဲ့ပါဘူး

အာ့ညကပြသနာပေါ့နော်

နောက်မနက်ကြတော့ ညီမကသူ့ကိုချစ်တဲ့သူဆိုတော့ ညီမရိုင်းမိတာတွေတောင်းပန်ခဲ့ပါတယ်သူကလက်မခံတော့ပါဘူ

ညီမကိုပြတ်မယ်ပြောပါတယ် ညီမသူ့ကိုအရမ်းချစ်တော့တော်တော်ခံစားနေရပါတယ်

အာ့နောက်ညီမကမနေနိုင်လို့ဖုန်းဆက်လည်းညတိုင်းဖုန်းကမအားပါဘူးbusyပြပါတယ်

သူ့မာနောက်တစ်ယောက်ရှိနေလို့များလား

ညီမဘယ်လိုလုပ်ရမလဲရှင် အကြံလေးပေးပါအုံးနော်



ပြသနာကဒီလိုပါ











အာ့ညကပြသနာပေါ့နော်




